လမ်းပတ်ဟာ ချယ်ဆီးနဲ့ပထမရာသီမှာ အဆင့်၄ နဲ့ FA ဖလားဖိုင်နယ် ရောက်ရှိစေခဲ့ပြီး ဒီရာသီမှာလဲ ဖလားစိန်ခေါ်နိုင်မယ့် ပုံစံကောင်းတွေ ပြသနေသလို သူက အနာဂတ်မှာ အင်္ဂလန်နည်းပြ ဖြစ်လာနိုင်တယ်လို့ အိုင်ဗန်နိုဗစ်က ပြောဆိုခဲ့ပါတယ်။
ကော်လမ်ဟဒ်ဆန် အိုဒွိုင်းဟာ ဒီရာသီ ချယ်ဆီးအတွက် ၁၂ ပွဲမှာ ၃ ဂိုးသွင်းခဲ့ပေမယ့် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို ချယ်ဆီးက သူ့ကို ဇန်နဝါရီမှာ အငှားထွက်ခွာခွင့် ပေးနိုင်ဖွယ်ရှိပြီး ဘိုင်ယန်မြူးနစ်က ခေါ်ဖို့အသင့်ဖြစ်နေတယ်လို့သိရပါတယ်။
ဂျီရူးဟာ ပုံမှန်ကစားချိန်အတွက် အသင်းပြောင်းဖို့ ကောလာဟလတွေ ထွက်နေပေမယ့် သူ့အနေနဲ့ ချယ်ဆီးမှာပဲ ဆက်နေပြီး ဆုဖလားတွေ အများကြီးပိုပြီး အောင်မြင်ချင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
လူအင်အားများနေတဲ့ ချယ်ဆီးဟာဇန်နဝါရီမှာ ရှင်းထုတ်မှုတွေလုပ်ပြီး ငွေပြန်ပေါ်အောင် ကြိုးစားမှာဖြစ်သလို ရူဒီဂါနဲ့ တိုမိုရီတို့အတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ ဖြစ်ပြီး လူသစ်ထပ်ခေါ်ဦးမလားဆိုတာကတော့စောင့်ကြည့်ရဦးမှာပါ။
မန်ဒီဟာ ချယ်ဆီးကို ရောက်ရှိခဲ့ပြီးနောက် ပထမဆုံး ၁၂ ပွဲအတွင်းမှာပဲ clean sheet ၉ ကြိမ်ရရှိခဲ့သလို ကီပါရဲ့ ချယ်ဆီးကစားသမားဘဝ တစ်လျှောက်လုံး ရခဲ့တဲ့ စုစုပေါင်း အကြိမ်အရေအတွက်ကို လိုက်မီဖို့ နောက် ၁ ပွဲသာရရှိဖို့ လိုတော့တာဖြစ်ပါတယ်။
အီမာဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၈ မိနစ်သာကစားခဲ့ရပြီး မားကို့စ် အလွန်ဆိုကတော့ ဝက်စ်ဘရွန်းနဲ့ပွဲနောက်ပိုင်း မကစားခဲ့ရသလို ချယ်ဆီးက ဇန်နဝါရီမှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရောင်းထုတ်ဖို့ စိတ်အားထက်သန်နေပါတယ်။
နောက်ခံလူ ဒေးဗစ်အလာဘာဟာ ဘိုင်ယန်ရဲ့စာချုပ်သစ်ကို ငြင်းပယ်ခဲ့တဲ့နောက် နွေရာသီမှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မှာဖြစ်သလို ချယ်ဆီးက သူ့အေးဂျင့်နဲ့ ဆွေးနွေးမှုလုပ်နေပြီး ၃ နှစ်စာချုပ် ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့သိရပါတယ်။
တီမိုဗာနာနဲ့ မန်ဒီတို့ဟာ နွေရာသီမှာချယ်ဆီးရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေ ဖြစ်ခဲ့တယ်လို့ ပေါလ်ရော်ဘင်ဆန်က ချီးကျူးခဲ့ပြီး လမ်းပတ်ရဲ့ သင်းဟာ ဒီရာသီမှာ သေချာပေါက်ဖလားစိန်ခေါ်နိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
Zawgyi – လမ္းပတ္ဟာ ခ်ယ္ဆီးနဲ႔ပထမရာသီမွာ အဆင့္၄ နဲ႔ FA ဖလားဖိုင္နယ္ ေရာက္ရွိေစခဲ့ၿပီး ဒီရာသီမွာလဲ ဖလားစိန္ေခၚႏိုင္မယ့္ ပုံစံေကာင္းေတြ ျပသေနသလို သူက အနာဂတ္မွာ အဂၤလန္နည္းျပ ျဖစ္လာႏိုင္တယ္လို႔ အိုင္ဗန္ႏိုဗစ္က ေျပာဆိုခဲ့ပါတယ္။
ေကာ္လမ္ဟဒ္ဆန္ အိုဒြိဳင္းဟာ ဒီရာသီ ခ်ယ္ဆီးအတြက္ ၁၂ ပြဲမွာ ၃ ဂိုးသြင္းခဲ့ေပမယ့္ ပုံမွန္ကစားခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရသလို ခ်ယ္ဆီးက သူ႔ကို ဇန္နဝါရီမွာ အငွားထြက္ခြာခြင့္ ေပးႏိုင္ဖြယ္ရွိၿပီး ဘိုင္ယန္ျမဴးနစ္က ေခၚဖို႔အသင့္ျဖစ္ေနတယ္လို႔သိရပါတယ္။
ဂ်ီ႐ူးဟာ ပုံမွန္ကစားခ်ိန္အတြက္ အသင္းေျပာင္းဖို႔ ေကာလာဟလေတြ ထြက္ေနေပမယ့္ သူ႔အေနနဲ႔ ခ်ယ္ဆီးမွာပဲ ဆက္ေနၿပီး ဆုဖလားေတြ အမ်ားႀကီးပိုၿပီး ေအာင္ျမင္ခ်င္တယ္လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။
လူအင္အားမ်ားေနတဲ့ ခ်ယ္ဆီးဟာဇန္နဝါရီမွာ ရွင္းထုတ္မႈေတြလုပ္ၿပီး ေငြျပန္ေပၚေအာင္ ႀကိဳးစားမွာျဖစ္သလို ႐ူဒီဂါနဲ႔ တိုမိုရီတို႔အတြက္ ကမ္းလွမ္းမႈေတြကို စဥ္းစားသြားမွာ ျဖစ္ၿပီး လူသစ္ထပ္ေခၚဦးမလားဆိုတာကေတာ့ေစာင့္ၾကည့္ရဦးမွာပါ။
မန္ဒီဟာ ခ်ယ္ဆီးကို ေရာက္ရွိခဲ့ၿပီးေနာက္ ပထမဆုံး ၁၂ ပြဲအတြင္းမွာပဲ clean sheet ၉ ႀကိမ္ရရွိခဲ့သလို ကီပါရဲ႕ ခ်ယ္ဆီးကစားသမားဘဝ တစ္ေလွ်ာက္လုံး ရခဲ့တဲ့ စုစုေပါင္း အႀကိမ္အေရအတြက္ကို လိုက္မီဖို႔ ေနာက္ ၁ ပြဲသာရရွိဖို႔ လိုေတာ့တာျဖစ္ပါတယ္။
အီမာဆန္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၈ မိနစ္သာကစားခဲ့ရၿပီး မားကို႔စ္ အလြန္ဆိုကေတာ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲေနာက္ပိုင္း မကစားခဲ့ရသလို ခ်ယ္ဆီးက ဇန္နဝါရီမွာ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ကို ေရာင္းထုတ္ဖို႔ စိတ္အားထက္သန္ေနပါတယ္။
ေနာက္ခံလူ ေဒးဗစ္အလာဘာဟာ ဘိုင္ယန္ရဲ႕စာခ်ဳပ္သစ္ကို ျငင္းပယ္ခဲ့တဲ့ေနာက္ ေႏြရာသီမွာအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္ေတာ့မွာျဖစ္သလို ခ်ယ္ဆီးက သူ႔ေအးဂ်င့္နဲ႔ ေဆြးေႏြးမႈလုပ္ေနၿပီး ၃ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းမႈလုပ္ခဲ့တယ္လို႔သိရပါတယ္။
တီမိုဗာနာနဲ႔ မန္ဒီတို႔ဟာ ေႏြရာသီမွာခ်ယ္ဆီးရဲ႕ အေကာင္းဆုံး ေခၚယူမႈေတြ ျဖစ္ခဲ့တယ္လို႔ ေပါလ္ေရာ္ဘင္ဆန္က ခ်ီးက်ဴးခဲ့ၿပီး လမ္းပတ္ရဲ႕ သင္းဟာ ဒီရာသီမွာ ေသခ်ာေပါက္ဖလားစိန္ေခၚႏိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။