ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (8/12/20)

ပေါ့ဘာဟာ အိုးလ်ထရက်ဖို့ဒ်မှာ မပျော်မရွှင် ဖြစ်နေပြီး မျှော်လင့်ထားတဲ့အတိုင်း မစွမ်းဆောင်နိုင်တော့တာဖြစ်သလို ဇန်နဝါရီမှာ အသင်းပြောင်းပြီး ပတ်ဝန်းကျင် အသစ်ကို ခြေဆန့်ဖို့ လိုအပ်နေပြီလို့ အေးဂျင့် ရွိုင်းအိုလာက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လိုက်ပ်ဇစ်ကို မရှုံးမှ နောက်တစ်ဆင့် တက်နိုင်မှာဖြစ်သလို ကစားသမားတွေအနေနဲ့ ဒီပွဲကို အနိုင်ယူပြီး ချန်ပီယံလိဂ်မှာ ဆက် ကစားဖို့အတွက် သူတို့ရဲ့ ထိုက်တန်မှုကို ပြသဖို့ နည်းပြ ဆိုးလ်ရှားက စိန်ခေါ်ခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်ရဲ့စာချုပ်က ၂၀၂၂မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်သလို ယူနိုက်တက်အနေနဲ့ သူ့ကို ပြန်လည်ခေါ်ယူမယ်ဆိုရင် ကလပ်ရဲ့ စပွန်ဆာ Chevrolet ကုမ္ပဏီက ငွေကြေးပိုင်းအရ အကူအညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပေါ့ဘာ အသင်းက ထွက်ခွာဖို့ ရွိုင်းအိုလာက ကြေညာခဲ့တဲ့နောက် ကလပ် ဂန္တဝင် ဂယ်ရီနဗီးကတော့ ဒေါသဖြစ်နေပြီး ကွင်းလယ်လူရဲ့ တကယ့်ဆန္ဒက အဲ့လို မဟုတ်ဘူးဆိုရင် အေးဂျင့်ရဲ့စကားကို ပြန်ဖြေရှင်းဖို့ သတိပေးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ကနေ ပေါ့ဘာထွက်ခွာချင်နေတဲ့သတင်းတွေ ကျယ်ပြန့်လာခဲ့တဲ့နောက် ဂျူဗင်တပ်က သူတို့ရဲ့ ကြယ်ပွင့်ဟောင်းကို ပြန်ခေါ်ဖို့ စိတ်အားထက်သန်နေပြီး ယူရို သန်း၅၀လောက်နဲ့ ဝယ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေပါတယ်။

ပေါ့ဘာရဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ပြင်သစ်နည်းပြဒက်ချမ့်ကတော့ အေးဂျင့်တွေက ပြောချင်ရာ ပြောနိုင်တာဖြစ်သလို အရေးကြီးတာက ကစားသမားရဲ့ဆန္ဒပဲ ဖြစ်ပြီး ဒါကို ပေါ့ဘာကိုယ်တိုင် ဆုံးဖြတ်ချက်ချရမှာပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မေဆန်ဂရင်းဝုဒ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့တဲ့နောက် အင်္ဂလန် နည်းပြ ဆောက်ဂိတ်က သူ့ကို ကြံ့ခိုင်မှု ပြည့်ဝစွာနဲ့ ခြေစွမ်းပြ ကစားနေတာကို မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ေပါ့ဘာဟာ အိုးလ္ထရက္ဖို႔ဒ္မွာ မေပ်ာ္မ႐ႊင္ ျဖစ္ေနၿပီး ေမွ်ာ္လင့္ထားတဲ့အတိုင္း မစြမ္းေဆာင္ႏိုင္ေတာ့တာျဖစ္သလို ဇန္နဝါရီမွာ အသင္းေျပာင္းၿပီး ပတ္ဝန္းက်င္ အသစ္ကို ေျခဆန႔္ဖို႔ လိုအပ္ေနၿပီလို႔ ေအးဂ်င့္ ႐ြိဳင္းအိုလာက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ လိုက္ပ္ဇစ္ကို မရႈံးမွ ေနာက္တစ္ဆင့္ တက္ႏိုင္မွာျဖစ္သလို ကစားသမားေတြအေနနဲ႔ ဒီပြဲကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္မွာ ဆက္ ကစားဖို႔အတြက္ သူတို႔ရဲ႕ ထိုက္တန္မႈကို ျပသဖို႔ နည္းျပ ဆိုးလ္ရွားက စိန္ေခၚခဲ့ပါတယ္။

ေရာ္နယ္ဒိုနဲ႔ ဂ်ဴဗင္တပ္ရဲ႕စာခ်ဳပ္က ၂၀၂၂မွာ သက္တမ္းကုန္ဆုံးမွာ ျဖစ္သလို ယူႏိုက္တက္အေနနဲ႔ သူ႔ကို ျပန္လည္ေခၚယူမယ္ဆိုရင္ ကလပ္ရဲ႕ စပြန္ဆာ Chevrolet ကုမၸဏီက ေငြေၾကးပိုင္းအရ အကူအညီေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေပါ့ဘာ အသင္းက ထြက္ခြာဖို႔ ႐ြိဳင္းအိုလာက ေၾကညာခဲ့တဲ့ေနာက္ ကလပ္ ဂႏၲဝင္ ဂယ္ရီနဗီးကေတာ့ ေဒါသျဖစ္ေနၿပီး ကြင္းလယ္လူရဲ႕ တကယ့္ဆႏၵက အဲ့လို မဟုတ္ဘူးဆိုရင္ ေအးဂ်င့္ရဲ႕စကားကို ျပန္ေျဖရွင္းဖို႔ သတိေပးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ကေန ေပါ့ဘာထြက္ခြာခ်င္ေနတဲ့သတင္းေတြ က်ယ္ျပန႔္လာခဲ့တဲ့ေနာက္ ဂ်ဴဗင္တပ္က သူတို႔ရဲ႕ ၾကယ္ပြင့္ေဟာင္းကို ျပန္ေခၚဖို႔ စိတ္အားထက္သန္ေနၿပီး ယူ႐ို သန္း၅၀ေလာက္နဲ႔ ဝယ္ယူႏိုင္ဖို႔ ယုံၾကည္မႈရွိေနပါတယ္။

ေပါ့ဘာရဲ႕ သတင္းေတြနဲ႔ ပတ္သက္လို႔ ျပင္သစ္နည္းျပဒက္ခ်မ့္ကေတာ့ ေအးဂ်င့္ေတြက ေျပာခ်င္ရာ ေျပာႏိုင္တာျဖစ္သလို အေရးႀကီးတာက ကစားသမားရဲ႕ဆႏၵပဲ ျဖစ္ၿပီး ဒါကို ေပါ့ဘာကိုယ္တိုင္ ဆုံးျဖတ္ခ်က္ခ်ရမွာပါလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေမဆန္ဂရင္းဝုဒ္ဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပါဝင္ကစားေပးခဲ့တဲ့ေနာက္ အဂၤလန္ နည္းျပ ေဆာက္ဂိတ္က သူ႔ကို ႀကံ့ခိုင္မႈ ျပည့္ဝစြာနဲ႔ ေျခစြမ္းျပ ကစားေနတာကို ျမင္ရတဲ့အတြက္ ဝမ္းသာမိေၾကာင္း ေျပာဆိုခဲ့ပါတယ္။