ယူနိုက်တက်ဟာ လိုက်ပ်ဇစ်ကို ၃-၂နဲ့ ရှုံးကာ အုပ်စုအဆင့်ကနေ ပြုတ်ခဲ့တဲ့အပြင် ဆိုးလ်ရှားအတွက်လဲ စံချိန်ဆိုးတစ်ခုရခဲ့ပြီး သူဟာ ပထမဆုံး ချန်ပီယံလိဂ် ၁၀ ပွဲမှာ ၆ ပွဲရှုံးခဲ့တဲ့ ပထမဆုံးအင်္ဂလန်ကလပ်နည်းပြ ဖြစ်လာခဲ့ပါတယ်။
လိုက်ပ်ဇစ်နဲ့ပွဲအပြီးမှာ မက်ဂွိုင်းယားက ယူနိုက်တက်ဟာ အထနှေးခဲ့ပြီး ပွဲအစ မိနစ်၂၀ အတွင်း အဆင်သင့်မဖြစ်ခဲ့သေးတာကြောင့် ပြိုင်ဘက် အသင်းက သူတို့ရဲ့အခွင့်အရေး ၂ ကြိမ်ကနေ ဂိုးတွေသွင်းယူခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အနေနဲ့ တည်ငြိမ်တဲ့ ခြေစွမ်းပြသဖို့နဲ့ ကွင်းထဲမှာ ကစားသမားတွေကြား အချိတ်အဆက်ကောင်းကောင်း ရှိစေမယ့် စီမံကိန်းတစ်ခုကို ဖန်တီးဖို့ လိုနေပြီလို့ ရီယိုဖာဒီနန်က အကြံပေးခဲ့ပါတယ်။
လိုက်ပ်ဇစ်နဲ့ပွဲမှာ ယူနိုက်တက်ဟာ အစောပိုင်းပွဲချိန်တွေအတွင်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့တာဖြစ်သလို ဒုတိယဂိုးပေးလိုက်ရတော့မှ သေချာပြန်ကစားနိုင်ခဲ့ပေမယ့် အရမ်းနောက်ကျသွားပြီး ပြန်လာဖို့ မတတ်နိုင်ခဲ့ဘူးလို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။
လိုက်ပ်ဇစ်ရဲ့ တတိယဂိုးမှာ မက်ဂွိုင်းယားရော ဒီဂီယာကပါ အန်ဂျလီနိုရဲ့ လမ်းကြောင်းပြောင်း ဖြတ်တင်ပေးပို့မှုကို ကြားဖြတ်မယူနိုင်ခဲ့သလို ဒီဂီယာက သူ နာမှာကြောက်လို့ ဘောလုံးကိုဖမ်းဖို့ မကြိုးစားခဲ့ဘူးလို့ ပေါလ်စခိုးက ဝေဖန်ခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ဟာ လုံလောက်တဲ့ ကောင်းမွန်မှုမျိုး မရှိခဲ့ကြောင်း ဆိုးလ်ရှားက ဝန်ခံခဲ့ပေမယ့် နောက်တစ်ဆင့်တက်နိုင်မယ့် အခွင့်အရေးကို ဆုံရှုံးခဲ့ရတာက အစောပိုင်းမှာ လေးကန်တဲ့ ကစားပုံတွေကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပေါ့ဘာ အသင်းကနေ ထွက်ခွာချင်နေကြောင်း ရိုင်အိုလာပြောခဲ့တဲ့အပေါ် ဆိုးလ်ရှားက ဝေဖန်ခဲ့ပြီး ဘောလုံးအားကစားက အသင်းလိုက် ပူးပေါင်းလုပ်ဆောင်ရတာကို အေးဂျင့်က နားလည်ပြီး ကလပ်နဲ့လက်တွဲလုပ်ရင် ပိုကောင်းမှာပါလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
Zawgyi – ယူႏိုက္တက္ဟာ လိုက္ပ္ဇစ္ကို ၃-၂နဲ႔ ရႈံးကာ အုပ္စုအဆင့္ကေန ျပဳတ္ခဲ့တဲ့အျပင္ ဆိုးလ္ရွားအတြက္လဲ စံခ်ိန္ဆိုးတစ္ခုရခဲ့ၿပီး သူဟာ ပထမဆုံး ခ်န္ပီယံလိဂ္ ၁၀ ပြဲမွာ ၆ ပြဲရႈံးခဲ့တဲ့ ပထမဆုံးအဂၤလန္ကလပ္နည္းျပ ျဖစ္လာခဲ့ပါတယ္။
လိုက္ပ္ဇစ္နဲ႔ပြဲအၿပီးမွာ မက္ဂြိဳင္းယားက ယူႏိုက္တက္ဟာ အထေႏွးခဲ့ၿပီး ပြဲအစ မိနစ္၂၀ အတြင္း အဆင္သင့္မျဖစ္ခဲ့ေသးတာေၾကာင့္ ၿပိဳင္ဘက္ အသင္းက သူတို႔ရဲ႕အခြင့္အေရး ၂ ႀကိမ္ကေန ဂိုးေတြသြင္းယူခဲ့တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ သူတို႔အေနနဲ႔ တည္ၿငိမ္တဲ့ ေျခစြမ္းျပသဖို႔နဲ႔ ကြင္းထဲမွာ ကစားသမားေတြၾကား အခ်ိတ္အဆက္ေကာင္းေကာင္း ရွိေစမယ့္ စီမံကိန္းတစ္ခုကို ဖန္တီးဖို႔ လိုေနၿပီလို႔ ရီယိုဖာဒီနန္က အႀကံေပးခဲ့ပါတယ္။
လိုက္ပ္ဇစ္နဲ႔ပြဲမွာ ယူႏိုက္တက္ဟာ အေစာပိုင္းပြဲခ်ိန္ေတြအတြင္း ပုံမွန္ေျခစြမ္း ေပ်ာက္ဆုံးေနခဲ့တာျဖစ္သလို ဒုတိယဂိုးေပးလိုက္ရေတာ့မွ ေသခ်ာျပန္ကစားႏိုင္ခဲ့ေပမယ့္ အရမ္းေနာက္က်သြားၿပီး ျပန္လာဖို႔ မတတ္ႏိုင္ခဲ့ဘူးလို႔ ဆိုးလ္ရွားက ဝန္ခံခဲ့ပါတယ္။
လိုက္ပ္ဇစ္ရဲ႕ တတိယဂိုးမွာ မက္ဂြိဳင္းယားေရာ ဒီဂီယာကပါ အန္ဂ်လီႏိုရဲ႕ လမ္းေၾကာင္းေျပာင္း ျဖတ္တင္ေပးပို႔မႈကို ၾကားျဖတ္မယူႏိုင္ခဲ့သလို ဒီဂီယာက သူ နာမွာေၾကာက္လို႔ ေဘာလုံးကိုဖမ္းဖို႔ မႀကိဳးစားခဲ့ဘူးလို႔ ေပါလ္စခိုးက ေဝဖန္ခဲ့ပါတယ္။
ဒီပြဲမွာ ယူႏိုက္တက္ဟာ လုံေလာက္တဲ့ ေကာင္းမြန္မႈမ်ိဳး မရွိခဲ့ေၾကာင္း ဆိုးလ္ရွားက ဝန္ခံခဲ့ေပမယ့္ ေနာက္တစ္ဆင့္တက္ႏိုင္မယ့္ အခြင့္အေရးကို ဆုံရႈံးခဲ့ရတာက အေစာပိုင္းမွာ ေလးကန္တဲ့ ကစားပုံေတြေၾကာင့္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေပါ့ဘာ အသင္းကေန ထြက္ခြာခ်င္ေနေၾကာင္း ႐ိုင္အိုလာေျပာခဲ့တဲ့အေပၚ ဆိုးလ္ရွားက ေဝဖန္ခဲ့ၿပီး ေဘာလုံးအားကစားက အသင္းလိုက္ ပူးေပါင္းလုပ္ေဆာင္ရတာကို ေအးဂ်င့္က နားလည္ၿပီး ကလပ္နဲ႔လက္တြဲလုပ္ရင္ ပိုေကာင္းမွာပါလို႔ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။