ချယ်ဆီးဟာ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကြောင့် ခရက်စ်နိုဒါနဲ့ နောက်ဆုံးပွဲမှာ ၁ဂိုးစီ သရေကျခဲ့ပေမယ့် ဥရောပ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက် ရေးထိုးနိုင်ခဲ့သလို အုပ်စုဗိုလ်အဖြစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဘီလီဂေလ်မာဟာ ဒူးဒဏ်ရာကြောင့် ၄ လနားခဲ့ရပြီးနောက် ခရက်စ်နိုဒါနဲ့ပွဲမှာ ပထမဆုံးအကြိမ် ပြန်ကစားခဲ့တာဖြစ်ပေမယ့် ပုံစံကောင်း ပြသနိုင်မှုကို လမ်းပတ်က ချီးကျူးခဲ့ပြီး ပုံမှန်ပွဲကစားချိန်ရအောင်ကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်။
အိုဒွိုင်းနဲ့ ဟာဇက်တို့ တံကောက်ကြောဒဏ်ရာတွေ ရခဲ့ကြတဲ့နောက် တီနို အန်ဂျိုရင်ဟာ အမှတ်မလိုတဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီး အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့သလို သူ့ကို အသင်းကြီးထံ ဆက်လက်ခေါ်ယူထားဦးမှာဖြစ်ကြောင်း လမ်းပတ်က အတည်ပြုခဲ့ပါတယ်။
အိုဒွိုင်းရဲ့ ဟာဇက်တို့ရဲ့ ဒဏ်ရာပြဿနာတွေက ပြင်းထန်မှုမရှိဘူးလို့ အတည်ပြုနိုင်ခဲ့တဲ့နောက် ချယ်ဆီးအတွက် အသက်ရှူချောင်စေခဲ့သလို ၎င်းတို့ဟာ နောက်၂ ပတ်အတွင်းကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာမှာဖြစ်ကြောင်းလမ်းပတ်ကဆိုပါတယ်။
ဒီနေ့ပွဲမှာ ပုံစံကောင်းပြသခဲ့တဲ့ ဘီလီဂေလ်မာဟာ ဒဏ်ရာကနေ ပြန်လာပြီးနောက် အတွေ့အကြုံပိုရရှိဖို့အတွက် ချယ်ဆီးကနေ အငှားထွက် ကစားရနိုင်ခြေရှိခဲ့သလို သူ့အနာဂတ်နဲ့ ပတ်သက်လို့ သေချာမသိဘူးလို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။
၇၃ မိနစ်မှာ အန်ဂျိုရင်က အရှေ့ကို ဘောလုံးတင်ပေးရာမှာ အားပြင်းလွန်းခဲ့ပြီး ကိုင်ဟားဗတ်တစ်ယောက် ဘောလုံးဆီရောက်ခါနီးလေးမှာပဲ ဂိုးသမားက ဖမ်းမိသွားခဲ့သလို ဂိုးသွင်းခွင့်နဲ့လွဲချော်ခဲ့လို့ ဟားဗတ်က မကျေမနပ် ဖြစ်နေပါတယ်။
ဒီနေ့ ဘီလီဂေလ်မာဟာ ဇူလိုင်လနောက်ပိုင်း ချယ်ဆီးအတွက် ပထမဆုံး ပွဲထွက်ကစားရာမှာ Man of the Match ဆုကို ရခဲ့သလို ဒါဟာ စီနီယာအသင်းအတွက် သူပွဲထွက်ခဲ့တဲ့ ၇ ပွဲမှာ ၃ ကြိမ်မြောက်ရယူနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။
လိဒ်စ်ဟာ ချယ်ဆီးကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ရဲ့ ခြေစွမ်းကောင်းတွေကို အထင်ကြီးခဲ့ရကြောင်း ပက်ထရစ်ဘမ်းဖို့ဒ်က ဝန်ခံခဲ့သလို ချယ်ဆီးဟာ ဒီရာသီ သူတို့ရင်ဆိုင်ခဲ့တဲ့အထဲမှာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးဟာ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီေၾကာင့္ ခရက္စ္ႏိုဒါနဲ႔ ေနာက္ဆုံးပြဲမွာ ၁ဂိုးစီ သေရက်ခဲ့ေပမယ့္ ဥေရာပ ရႈံးပြဲမရွိမွတ္တမ္းကို ဆက္လက္ ေရးထိုးႏိုင္ခဲ့သလို အုပ္စုဗိုလ္အျဖစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဘီလီေဂလ္မာဟာ ဒူးဒဏ္ရာေၾကာင့္ ၄ လနားခဲ့ရၿပီးေနာက္ ခရက္စ္ႏိုဒါနဲ႔ပြဲမွာ ပထမဆုံးအႀကိမ္ ျပန္ကစားခဲ့တာျဖစ္ေပမယ့္ ပုံစံေကာင္း ျပသႏိုင္မႈကို လမ္းပတ္က ခ်ီးက်ဴးခဲ့ၿပီး ပုံမွန္ပြဲကစားခ်ိန္ရေအာင္ႀကိဳးစားဖို႔ တိုက္တြန္းခဲ့ပါတယ္။
အိုဒြိဳင္းနဲ႔ ဟာဇက္တို႔ တံေကာက္ေၾကာဒဏ္ရာေတြ ရခဲ့ၾကတဲ့ေနာက္ တီႏို အန္ဂ်ိဳရင္ဟာ အမွတ္မလိုတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ပါဝင္ခြင့္ရခဲ့ၿပီး အထင္ႀကီးစရာ လုပ္ျပႏိုင္ခဲ့သလို သူ႔ကို အသင္းႀကီးထံ ဆက္လက္ေခၚယူထားဦးမွာျဖစ္ေၾကာင္း လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။
အိုဒြိဳင္းရဲ႕ ဟာဇက္တို႔ရဲ႕ ဒဏ္ရာျပႆနာေတြက ျပင္းထန္မႈမရွိဘူးလို႔ အတည္ျပဳႏိုင္ခဲ့တဲ့ေနာက္ ခ်ယ္ဆီးအတြက္ အသက္ရႉေခ်ာင္ေစခဲ့သလို ၎တို႔ဟာ ေနာက္၂ ပတ္အတြင္းႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာမွာျဖစ္ေၾကာင္းလမ္းပတ္ကဆိုပါတယ္။
ဒီေန႔ပြဲမွာ ပုံစံေကာင္းျပသခဲ့တဲ့ ဘီလီေဂလ္မာဟာ ဒဏ္ရာကေန ျပန္လာၿပီးေနာက္ အေတြ႕အႀကဳံပိုရရွိဖို႔အတြက္ ခ်ယ္ဆီးကေန အငွားထြက္ ကစားရႏိုင္ေျခရွိခဲ့သလို သူ႔အနာဂတ္နဲ႔ ပတ္သက္လို႔ ေသခ်ာမသိဘူးလို႔ လမ္းပတ္က ဝန္ခံခဲ့ပါတယ္။
၇၃ မိနစ္မွာ အန္ဂ်ိဳရင္က အေရွ႕ကို ေဘာလုံးတင္ေပးရာမွာ အားျပင္းလြန္းခဲ့ၿပီး ကိုင္ဟားဗတ္တစ္ေယာက္ ေဘာလုံးဆီေရာက္ခါနီးေလးမွာပဲ ဂိုးသမားက ဖမ္းမိသြားခဲ့သလို ဂိုးသြင္းခြင့္နဲ႔လြဲေခ်ာ္ခဲ့လို႔ ဟားဗတ္က မေက်မနပ္ ျဖစ္ေနပါတယ္။
ဒီေန႔ ဘီလီေဂလ္မာဟာ ဇူလိုင္လေနာက္ပိုင္း ခ်ယ္ဆီးအတြက္ ပထမဆုံး ပြဲထြက္ကစားရာမွာ Man of the Match ဆုကို ရခဲ့သလို ဒါဟာ စီနီယာအသင္းအတြက္ သူပြဲထြက္ခဲ့တဲ့ ၇ ပြဲမွာ ၃ ႀကိမ္ေျမာက္ရယူႏိုင္ခဲ့တာလဲ ျဖစ္ပါတယ္။
လိဒ္စ္ဟာ ခ်ယ္ဆီးကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ၿပိဳင္ဘက္ရဲ႕ ေျခစြမ္းေကာင္းေတြကို အထင္ႀကီးခဲ့ရေၾကာင္း ပက္ထရစ္ဘမ္းဖို႔ဒ္က ဝန္ခံခဲ့သလို ခ်ယ္ဆီးဟာ ဒီရာသီ သူတို႔ရင္ဆိုင္ခဲ့တဲ့အထဲမွာ အေကာင္းဆုံးအသင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။