ယူနိုက်တက်ဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေါလ်ပေါ့ဘာကို ဇန်နဝါရီမှာ ရောင်းချတော့မှာဖြစ်ပြီး ၎င်းကိုခေါ်ယူစဉ်က ပေါင် ၈၉သန်း ကုန်ကျခဲ့ပေမယ့် အခုတော့ ပေါင်သန်း၅၀လောက်နဲ့ လက်လွှတ်ဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။
ပေါ့ဘာက လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ပေါလ်စခိုးက ယုံကြည်နေသလို သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ် ကစားသမားဘဝကို ကယ်တင် ချင်ရင် ရိုင်အိုလာကို ယခုလို လျှောက်မပြောနိုင်အောင် သတိပေးသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
လိုက်ပ်ဇစ်နဲ့ပွဲမှာ နောက်တန်း၅ယောက် ကစားခဲ့တဲ့ ဆိုးလ်ရှားရဲ့ ဗျူဟာက ကျရှုံးခဲ့သလို သူ့အနေနဲ့ အသင်းသားတွေနဲ့ အဆင်ပြေစေမယ့် ပိုကောင်းတဲ့ ကစားပုံတစ်ခုကို အထိုင်ကျအောင် လုပ်ဖို့လိုနေပြီလို့ ရီယိုဖာဒီနန်က အကြံပေးစကား ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး ဆိုးလ်ရှားအပေါ် ဖိအားတွေ ပိုများလာစေခဲ့ပေမယ့် ကလပ် အကြီးအကဲတွေကတော့ နည်းပြကို အပြည့်အဝ ထောက်ခံအားပေးနေဆဲဖြစ်ပြီး ဖလားစိန်ခေါ်နိုင်ဖို့ ကူညီပေးသွားဦးမှာပါဖြစ်တယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်ကနေ ယူနိုက်တက် ထွက်ခွာခဲ့ရတဲ့အပေါ် နည်းပြဟောင်း မော်ရင်ညိုရဲ့ အမြင်ကို မေးမြန်းခဲ့ရာ ၎င်းက အခုချိန်မှာ ယူနိုက်တက်က ယူရိုပါလိဂ်ဖလားကို အောင်မြင်ဖို့ ရေပန်းစားတဲ့အသင်းဖြစ်လာပြီလို့ ပြောဆိုခဲ့ပါတယ်။
ဒဏ်ရာကနေ အပြည့်အဝ ကောင်းမွန်လာခြင်းမရှိသေးတဲ့ အဂွယ်ရိုဟာ ကြားရက် မာဆေးနဲ့ပွဲမှာ နောက်ဆုံး၂၅မိနစ်ကို ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူခဲ့ပေမယ့် ယူနိုက်တက်နဲ့ ပွဲမှာတော့ ပွဲထွက် ပါဝင်လာဖို့ မရှိဘူးလို့ ဂွာဒီယိုလာက သတင်းပေးခဲ့ပါတယ်။
Zawgyi – ယူႏိုက္တက္ဟာ အသင္းကေန ထြက္ခြာခ်င္ေနတဲ့ ေပါလ္ေပါ့ဘာကို ဇန္နဝါရီမွာ ေရာင္းခ်ေတာ့မွာျဖစ္ၿပီး ၎ကိုေခၚယူစဥ္က ေပါင္ ၈၉သန္း ကုန္က်ခဲ့ေပမယ့္ အခုေတာ့ ေပါင္သန္း၅၀ေလာက္နဲ႔ လက္လႊတ္ဖို႔ျပင္ဆင္ထားတယ္လို႔သိရပါတယ္။
ေပါ့ဘာက လူေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ ေပါလ္စခိုးက ယုံၾကည္ေနသလို သူ႔အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ ကစားသမားဘဝကို ကယ္တင္ ခ်င္ရင္ ႐ိုင္အိုလာကို ယခုလို ေလွ်ာက္မေျပာႏိုင္ေအာင္ သတိေပးသင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
လိုက္ပ္ဇစ္နဲ႔ပြဲမွာ ေနာက္တန္း၅ေယာက္ ကစားခဲ့တဲ့ ဆိုးလ္ရွားရဲ႕ ဗ်ဴဟာက က်ရႈံးခဲ့သလို သူ႔အေနနဲ႔ အသင္းသားေတြနဲ႔ အဆင္ေျပေစမယ့္ ပိုေကာင္းတဲ့ ကစားပုံတစ္ခုကို အထိုင္က်ေအာင္ လုပ္ဖို႔လိုေနၿပီလို႔ ရီယိုဖာဒီနန္က အႀကံေပးစကား ဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရၿပီး ဆိုးလ္ရွားအေပၚ ဖိအားေတြ ပိုမ်ားလာေစခဲ့ေပမယ့္ ကလပ္ အႀကီးအကဲေတြကေတာ့ နည္းျပကို အျပည့္အဝ ေထာက္ခံအားေပးေနဆဲျဖစ္ၿပီး ဖလားစိန္ေခၚႏိုင္ဖို႔ ကူညီေပးသြားဦးမွာပါျဖစ္တယ္လို႔ သိရပါတယ္။
ခ်န္ပီယံလိဂ္ကေန ယူႏိုက္တက္ ထြက္ခြာခဲ့ရတဲ့အေပၚ နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕ အျမင္ကို ေမးျမန္းခဲ့ရာ ၎က အခုခ်ိန္မွာ ယူႏိုက္တက္က ယူ႐ိုပါလိဂ္ဖလားကို ေအာင္ျမင္ဖို႔ ေရပန္းစားတဲ့အသင္းျဖစ္လာၿပီလို႔ ေျပာဆိုခဲ့ပါတယ္။
ဒဏ္ရာကေန အျပည့္အဝ ေကာင္းမြန္လာျခင္းမရွိေသးတဲ့ အဂြယ္႐ိုဟာ ၾကားရက္ မာေဆးနဲ႔ပြဲမွာ ေနာက္ဆုံး၂၅မိနစ္ကို ပါဝင္ကစားခဲ့ၿပီး ဂိုးသြင္းယူခဲ့ေပမယ့္ ယူႏိုက္တက္နဲ႔ ပြဲမွာေတာ့ ပြဲထြက္ ပါဝင္လာဖို႔ မရွိဘူးလို႔ ဂြာဒီယိုလာက သတင္းေပးခဲ့ပါတယ္။