ပေါ့ဘာဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းဟောင်း ဂျူဗင်တပ်ထံ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ဒုံးဒုံးချလိုက်ပြီ ဖြစ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။
ယူနိုက်တက်ရဲ့ ရုန်းကန်ရမှုတွေမှာ ဆိုးလ်ရှားက အဓိကြ ပဿနာဖြစ်တယ်လို့ တချို့ကစားသမားတွေက ထင်မြင်နေပြီး လိုက်ပ်ဇစ်နဲ့ပွဲမှာ အမှားကြီး လုပ်ခဲ့တဲ့ ဒီဂီယာထက် ဒင်းဟန်ဒါဆန်ကို နေရာပေးသင့်တယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။
ဘရိုက်တန် ခံစစ်မှူး ဘန်ဝှိုက်ကို ယူနိုက်တက်က လာမယ့် အပြောင်းအရွှေ့ ဈေးကွက် နှစ်ခု အတွင်း ၂၀၂၁ ခုနှစ်ထဲမှာ အရ ခေါ်ယူသွားဖို့ အလေးအနက် ပစ်မှတ်ထားနေပါတယ်။
ဒါ့အပြင် နည်းဗျူဟာ အခင်းအကျင်းကို ရုတ်ချည်း အပြောင်းအလဲ လုပ်ပစ်ခဲ့တာက နည်းပြ အမှား ဖြစ်တယ်လို့လည်း ယူနိုက်တက် စီနီယာ အသင်းသားတွေက ယူဆကာ ပြစ်တင်နေကြပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲထဲမှာ ဆက် ရှိနေဖို့ လုံလောက်ကောင်းမွန်မှု မရှိကြောင်း ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က ဝန်ခံခဲ့ပါတယ်။
ဒီတစ်ပတ် စနေနေ့မှာ မန်ချက်စတာဒါဘီကို ကြည့်ရှုရဖို့ ရှိနေသလို မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုးဟာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီး ဒီပွဲမှာ ပါဝင်ကစားနိုင်မှာကို ယူနိုက်တက် ပရိသတ်တွေ စိုးရိမ်နေကြလိမ့်မယ်လို့ ရှောင်ဂုတ်တာက ပြောဆိုခဲ့ပါတယ်။
Zawgyi – ေပါ့ဘာဟာ လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ အသင္းေဟာင္း ဂ်ဴဗင္တပ္ထံ ျပန္လည္ ေျပာင္းေရႊ႕ဖို႔ စိတ္ဒံုးဒံုးခ်လိုက္ျပီ ျဖစ္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။
ယူႏိုက္တက္ရဲ႕ ႐ုန္းကန္ရမႈေတြမွာ ဆိုးလ္ရွားက အဓိကျ ပႆနာျဖစ္တယ္လို႔ တခ်ိဳ႕ကစားသမားေတြက ထင္ျမင္ေနၿပီး လိုက္ပ္ဇစ္နဲ႔ပြဲမွာ အမွားႀကီး လုပ္ခဲ့တဲ့ ဒီဂီယာထက္ ဒင္းဟန္ဒါဆန္ကို ေနရာေပးသင့္တယ္လို႔ ယုံၾကည္ေနၾကတယ္လို႔ သိရပါတယ္။
ဘရိုက္တန္ ခံစစ္မွဴး ဘန္၀ိႈက္ကို ယူနိုက္တက္က လာမယ့္ အေျပာင္းအေရႊ႕ ေစ်းကြက္ နွစ္ခု အတြင္း ၂၀၂၁ ခုနွစ္ထဲမွာ အရ ေခၚယူသြားဖို႔ အေလးအနက္ ပစ္မွတ္ထားေနပါတယ္။
ဒါ့အျပင္ နည္းဗ်ဴဟာ အခင္းအက်င္းကို ရုတ္ခ်ည္း အေျပာင္းအလဲ လုပ္ပစ္ခဲ့တာက နည္းျပ အမွား ျဖစ္တယ္လို႔လည္း ယူနိုက္တက္ စီနီယာ အသင္းသားေတြက ယူဆကာ ျပစ္တင္ေနၾကပါတယ္။
မန္ခ်က္စတာယူနိုက္တက္ဟာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲထဲမွာ ဆက္ ရွိေနဖို႔ လံုေလာက္ေကာင္းမြန္မႈ မရွိေၾကာင္း ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္က ၀န္ခံခဲ့ပါတယ္။
ဒီတစ္ပတ္ စေနေန႔မွာ မန္ခ်က္စတာဒါဘီကို ၾကည့္ရႈရဖို႔ ရွိေနသလို မန္စီးတီး တိုက္စစ္မႉး ဆာဂ်ီယို အဂြဲ႐ိုးဟာ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာၿပီး ဒီပြဲမွာ ပါဝင္ကစားႏိုင္မွာကို ယူႏိုက္တက္ ပရိသတ္ေတြ စိုးရိမ္ေနၾကလိမ့္မယ္လို႔ ေရွာင္ဂုတ္တာက ေျပာဆိုခဲ့ပါတယ္။