ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (11/12/20)

မာရှယ်ဟာ ဒီရာသီ ယူနိုက်တက်အတွက် ၁၁ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့နောက် ၂၀၂၄ ဇွန်လအထိ စာချုပ် သက်တမ်းရှိပေမယ့် ယူနိုက်တက်က သူ့ကို နောက်နွေရာသီမှာ ရောင်းချဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။

မားကပ် ရက်ရှ်ဖို့ဒ်ဟာ နွေရာသီအတွင်း ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် သူ့အနေနဲ့ ကလေးဘဝထဲက ယူနိုက်တက်ကိုပဲ ချစ်ခဲ့တာ ဖြစ်သလို ကလပ်ကို ဘယ်တော့မှ စွန့်ခွာသွားမှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်မှာ သူ့ကစားချိန်အတွက် ဆိုးလ်ရှားနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် ပွဲထွက်ခွင့် အလုံအလောက် မရတဲ့အပေါ် စိတ်ပျက်နေပြီး နိုင်ငံအသင်းမှာ နေရာရနိုင်ဖို့အတွက် ဇန်နဝါရီမှာ အငှားထွက်ကစားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မားကို့စ် ရိုဂျိုဟာ ဒီရာသီ ယူနိုက်တက် ပထမအသင်းအတွက် တစ်ပွဲမှ မကစားပေးခဲ့ရပဲ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာရနိုင်ခြေ ရှိသလို ဗဟိုနောက်ခံလူ အသစ်တစ်ယောက် အလိုရှိနေတဲ့ ရှက်ဖီးယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၆ မှာ ရှိနေပေမယ့် ထိပ်ဆုံး ၅သင်းထက် ၁ပွဲလျော့ ကစားထားပြီး အခြေအနေကောင်းမွန်နေသလို ရာသီကုန်မှာ စီးတီးရဲ့ အထက်ကို ရောက်ပြီး ဆုဖလားရနိုင်တယ်လို့ ဝက်စ်ဘရောင်းက ယုံကြည်နေပါတယ်။

ကာဗာနီဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက်ထံ ရောက်ရှိခဲ့ပေမယ့် ပီအက်စ်ဂျီကနေ ထွက်ခွာလာပြီးနောက် ကလပ်များစွာရဲ့ စိတ်ဝင်စားမှုကိုရခဲ့ပြီး ဂျူဗင်တပ်၊ အင်တာမီလန်တို့ထံ ရောက်ရှိဖို့ နီးစပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

Zawgyi – မာရှယ်ဟာ ဒီရာသီ ယူနိုက်တက်အတွက် ၁၁ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့နောက် ၂၀၂၄ ဇွန်လအထိ စာချုပ် သက်တမ်းရှိပေမယ့် ယူနိုက်တက်က သူ့ကို နောက်နွေရာသီမှာ ရောင်းချဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။




