ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (11/12/20)

အာဆင်နယ်ဟာ ညက ဒန်းဒက်နဲ့ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ်မှာ ၄ဂိုး ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကို အန်ကတ်တီးယား၊ အယ်နီနီ၊ ဝယ်လော့နဲ့ ဘာလိုဂန် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အုပ်စု ပွဲစဉ်တွေ ပြီးဆုံးသွားတာကြောင့် အာဆင်နယ်ဟာ ယူရိုပါလိဂ် ၃၂ သင်း အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပြီး ဒီအဆင့်မှာ အာဆင်နယ်နဲ့ အတူ ပရီးမီးယားလိဂ် ကလပ်တွေထဲက စပါး၊ လက်စတာနဲ့ ယူနိုက်တက်တို့ ပါဝင်ပါတယ်။

ဒန်းဒက်နဲ့ ပွဲမှာ လူစားဝင်ကစားပြီး တစ်ဂိုးလည်း သွင်းနိုင်ခဲ့တဲ့ ဂန်းနား လူငယ် ဘာလိုဂန်ဟာ အသင်းမှာ ဆက်ရှိနေလိုသူ ဖြစ်ကြောင်း အာတီတာက ဆိုခဲ့ပြီး အနာဂတ် ကိစ္စများ ဆက်လက် ဆွေးနွေးသွားမယ်လို့ အသိပေးခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ နိုင်ပွဲကောင်း ရပြီးတဲ့နောက် နည်းပြ အာတီတာဟာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာလည်း ပြန်လည် ရုန်းထ ပြနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

အန်ကတ်တီးယားက ဒီရာသီ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၅ ဂိုး ရှိသွားပြီ ဖြစ်ပြီး အသင်း ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်လာပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပွဲကစားချိန် ၁၆၁ မိနစ်သာ ရှိထားပါတယ်။

ညကပွဲမှာ အာဆင်နယ်အသင်း အတွက် ခြေစွမ်းပြသူတွေထဲ ဘာလိုဂန်နဲ့ စမစ် ရိုဝီတို့ အထူး တောက်ပခဲ့ကြပြီး ပရိသတ်တွေထံမှ ချီးကျူးမှုတွေ ခံယူနေရပါတယ်။

Zawgyi – အာဆင္နယ္ဟာ ညက ဒန္းဒက္နဲ႕ ယူရိုပါလိဂ္ အေ၀းကြင္း ပြဲစဥ္မွာ ၄ဂိုး ၂ဂိုးနဲ႕ အနုိင္ရရွိခဲ့ပါတယ္။ အာဆင္နယ္ အတြက္ ဂိုးေတြကို အန္ကတ္တီးယား၊ အယ္နီနီ၊ ၀ယ္ေလာ့နဲ႕ ဘာလိုဂန္ တို႔က သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

အုပ္စု ပြဲစဥ္ေတြ ျပီးဆံုးသြားတာေၾကာင့္ အာဆင္နယ္ဟာ ယူရိုပါလိဂ္ ၃၂ သင္း အဆင့္ကို တက္ေရာက္သြားျပီ ျဖစ္ျပီး ဒီအဆင့္မွာ အာဆင္နယ္နဲ႕ အတူ ပရီးမီးယားလိဂ္ ကလပ္ေတြထဲက စပါး၊ လက္စတာနဲ႕ ယူနိုက္တက္တို႔ ပါ၀င္ပါတယ္။

ဒန္းဒက္နဲ႕ ပြဲမွာ လူစား၀င္ကစားျပီး တစ္ဂိုးလည္း သြင္းနုိင္ခဲ့တဲ့ ဂန္းနား လူငယ္ ဘာလိုဂန္ဟာ အသင္းမွာ ဆက္ရွိေနလိုသူ ျဖစ္ေၾကာင္း အာတီတာက ဆိုခဲ့ျပီး အနာဂတ္ ကိစၥမ်ား ဆက္လက္ ေဆြးေႏြးသြားမယ္လို႔ အသိေပးခဲ့ပါတယ္။

ယူရိုပါလိဂ္မွာ နုိင္ပြဲေကာင္း ရျပီးတဲ့ေနာက္ နည္းျပ အာတီတာဟာ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာလည္း ျပန္လည္ ရုန္းထ ျပနိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အန္ကတ္တီးယားက ဒီရာသီ အာဆင္နယ္ အတြက္ ျပိဳင္ပြဲစံု သြငး္ဂိုး ၅ ဂိုး ရွိသြားျပီ ျဖစ္ျပီး အသင္း ထိပ္တန္း ဂိုးသြင္းရွင္ ျဖစ္လာေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ပြဲကစားခ်ိန္ ၁၆၁ မိနစ္သာ ရွိထားပါတယ္။

ညကပြဲမွာ အာဆင္နယ္အသင္း အတြက္ ေျခစြမ္းျပသူေတြထဲ ဘာလိုဂန္နဲ႕ စမစ္ ရို၀ီတို႔ အထူး ေတာက္ပခဲ့ၾကျပီး ပရိသတ္ေတြထံမွ ခ်ီးက်ဴးမႈေတြ ခံယူေနရပါတယ္။