ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆိုးလ်ရှားဟာ ဝေဖန်မှုများစွာ ခံခဲ့ရသလို လမ်းပတ်က သူ့ကို နားလည်ပေးနိုင်ပြီး ကစားသမားဟောင်း တစ်ယောက်က ကလပ်ကိုနည်းပြတဲ့အခါ သူများနဲ့မတူပဲ အကဲဖြတ်ခံရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ လထဲ လိဂ်ပွဲ လေးပွဲမှာ လေးဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူးကြီး ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်ဖို့အတွက် အင်တာမီလန်နဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ပေါ့ဘာက ၂၀၁၆ မှာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်မလာချင်ခဲ့ကြောင်း အင်ဒီပန်းဒန့်သတင်းဌာနက ဖော်ထုတ်သွားခဲ့ပါတယ်။ ထိုစဉ်က ပေါ့ဘာရဲ့ အသင်းပြောင်းဖို့ ဦးစားပေး စာရင်းမှာ ယူနိုက်တက် အဆင့် ၄ မှာသာ ရှိခဲ့ပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့က အရင် ရှိခဲ့ရာ ယူနိုက်တက်ရဲ့ ငွေကြေး အလုံးအရင်းနဲ့ ကမ်းလှမ်းမှုကြောင့်သာ အပြောင်းအရွှေ့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူနိုက်တက် ဘုတ်အဖွဲ့က ဆိုးရှားကို ထောက်ခံ စောင့်ကြည်ေ့နသေးပေမယ့် အခြေအနေ ဆိုးဝါးလာလို့ နည်းပြ အပြောင်းအလဲ လုပ်ရင် ပိုချက်တီနိုက အသင့် စောင့်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဒုတိယနေရာရရုံလောက်နဲ့ ကျေနပ်ရမယ့် အသင်းမဟုတ်သလို ဆိုးလ်ရှားအနေနဲ့ ကျရှုံးမှုကို ရှောင်လွှဲဖို့ ဆုဖလားတွေ အောင်မြင်အောင် လုပ်ရမယ်ဆိုတာ သိရမယ်လို့ တက်ဒီ ရှရင်းဂန်က ဆိုလိုက်ပါတယ်။
Zawgyi – ယူႏိုက္တက္ရဲ႕ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဆိုးလ္ရွားဟာ ေဝဖန္မႈမ်ားစြာ ခံခဲ့ရသလို လမ္းပတ္က သူ႔ကို နားလည္ေပးႏိုင္ၿပီး ကစားသမားေဟာင္း တစ္ေယာက္က ကလပ္ကိုနည္းျပတဲ့အခါ သူမ်ားနဲ႔မတူပဲ အကဲျဖတ္ခံရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ နို၀င္ဘာလအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး ကစားသမားဆုကို ရရွိသြားပါတယ္။ ဖာနန္ဒက္စ္က ျပီးခဲ့တဲ့ လထဲ လိဂ္ပြဲ ေလးပြဲမွာ ေလးဂိုး သြင္းယူခဲ့တာ ျဖစ္ပါတယ္။
တိုက္စစ္မွဴးၾကီး ကာဗာနီဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ေရြးခ်ယ္ဖို႔အတြက္ အင္တာမီလန္နဲ႕ ဂ်ဴဗင္တပ္ အသင္းတို႔ရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းဆန္ခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ေပါ့ဘာက ၂၀၁၆ မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ျပန္မလာခ်င္ခဲ့ေၾကာင္း အင္ဒီပန္းဒန္႔သတင္းဌာနက ေဖာ္ထုတ္သြားခဲ့ပါတယ္။ ထုိစဥ္က ေပါ့ဘာရဲ႕ အသင္းေျပာင္းဖို႔ ဦးစားေပး စာရင္းမွာ ယူနိုက္တက္ အဆင့္ ၄ မွာသာ ရွိခဲ့ျပီး ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႕ ပီအက္စ္ဂ်ီတို႔က အရင္ ရွိခဲ့ရာ ယူနိုက္တက္ရဲ႕ ေငြေၾကး အလံုးအရင္းနဲ႕ ကမ္းလွမ္းမႈေၾကာင့္သာ အေျပာင္းအေရႊ႕ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။
ယူနိုက္တက္ ဘုတ္အဖြဲ႕က ဆိုးရွားကို ေထာက္ခံ ေစာင့္ၾကည္ေ့နေသးေပမယ့္ အေျခအေန ဆိုး၀ါးလာလို႔ နည္းျပ အေျပာင္းအလဲ လုပ္ရင္ ပိုခ်က္တီနိုက အသင့္ ေစာင့္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။
ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ဒုတိယေနရာရ႐ုံေလာက္နဲ႔ ေက်နပ္ရမယ့္ အသင္း မဟုတ္သလို ဆိုးလ္ရွားအေနနဲ႔ က်ရႈံးမႈကို ေရွာင္လႊဲဖို႔ ဆုဖလားေတြ ေအာင္ျမင္ေအာင္ လုပ္ရမယ္ဆိုတာ သိရမယ္လို႔ တက္ဒီ ရွရင္းဂန္က ဆိုလိုက္ပါတယ္။