မန်ချက်စတာဒါဘီမှာ ၂ သင်းလုံးက အခွင့်အရေးတွေ ဖန်တီးဖို့ ရုန်းကန်ခဲ့ရတာနဲ့အတူ သူတို့တွေရဲ့ ရည်မှန်းချက်ကင်းမဲ့မှုနဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေအပေါ် ဂယ်ရီနဗီးက ဝေဖန်ခဲ့ပြီး သူတို့အဆင့်အတန်းနဲ့ သူတို့ရဲ့အားထုတ်မှုက လက်ခံနိုင်စရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဗန်ဒီဘိခ်ဟာ မကစားရတဲ့ အရန်လူသာ ထပ်ဖြစ်ခဲ့တဲ့နောက် လူးဝစ်ဗန်ဟားက ယူနိုက်တက်ကို ပြောင်းလာခဲ့တဲ့ သူ့ဆုံးဖြတ်ချက်က မှားယွင်းခဲ့တယ်လို့ ထင်မြင်နေပြီး တခြားထိပ်တန်းကလပ်တခုကို သွားခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အသင်းကနေ ထွက်ခွာနိုင်ခြေရှိတဲ့သတင်းတွေအပေါ် ပေါ့ဘာက ငြင်းဆိုသွားခဲ့ပြီး သူဟာ ယူနိုက်တက်အတွက် အမြဲ တိုက်ပွဲဝင်သွားမှာဖြစ်သလို ကလပ်အပေါ် ၁၀၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပြီး ဘေးကမဆိုင်သူတွေ မသိရင် ဝင်မရှုပ်ကြဖို့လဲ ပြောဆိုခဲ့ပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဖို့ ဆန္ဒမရှိနေတာဖြစ်သလို ဂျူဗင်တပ်က သူ့ကို ဇန်နဝါရီမှာအငှားခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီး နွေရာသီမှာ အပြီးသတ်ဝယ်ယူမှာ ဖြစ်တာကြောင့် ယူနိုက်တက်အတွက် အလကားဆုံးရှုံးရမှာတော့ မဟုတ်ပါဘူး။
မန်စီးတီးနဲ့ပွဲမှာ မျှော်လင့်သလို ဘာမှမလုပ်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ အခွင့်အရေးဖန်တီးပေးနိုင်တဲ့ ဖာနန်ဒက်စ်ရဲ့ အဓိကပေးပို့မှုတွေ ပျောက်ဆုံးနေခဲ့တာက အဓိကပြဿနာဖြစ်ခဲ့တယ်လို့ နောက်ခံလူ လုခ်ရှောက ဝန်ခံခဲ့ပါတယ်။
ဆိုးရှားဟာ အသင်းမှာ တိုက်စစ်ခံစစ် ဟန်ချက်ညီမှုကို ရှာဖွေဖို့ ရုန်းကန်နေရဆဲ ဖြစ်နေတဲ့အပေါ် ပေါလ်စခိုးက စိုးရိမ်နေပေမယ့် စီးတီးကိုတားဆီးနိုင်ခဲ့တဲ့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ဝမ်ဘစ်ဆာကာတို့ရဲ့ စွမ်းဆောင်ရည်ကိုတော့ အထင်ကြီးနေခဲ့ပါတယ်။
ယူနိုက်တက်ကို ထိပ်တန်းအဆင့်ပြန်ရောက်အောင် လုပ်ပေးနိုင်တယ်ဆိုတာ သက်သေပြရမယ့် ဆိုးရှားအနေနဲ့ တိုက်စစ်မှာပြဿနာရှိနေတဲ့ သူ့ရဲ့ ကစားပုံကို ပြောင်းလဲဖို့လိုပြီး အရေးကြီးဆုံးအဖြစ် ဆုဖလားတွေအောင်မြင်ဖို့ လိုတယ်လို့ ရွိုင်ကိန်းက ဆိုပါတယ်။
ပေါ့ဘာဟာ ကလပ်အတွက် မကစားပေးချင်တဲ့သူဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ သူ့ကိုရောင်းချဖို့လိုတယ်လို့ ဂယ်ရီနဗီးက ဆိုလိုက်ပြီး အေးဂျင့်ရိုင်အိုလာ လက်အောက်က ဘယ်ကစားသမားကိုမှ ထပ်မခေါ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာဒါဘီမွာ ၂ သင္းလုံးက အခြင့္အေရးေတြ ဖန္တီးဖို႔ ႐ုန္းကန္ခဲ့ရတာနဲ႔အတူ သူတို႔ေတြရဲ႕ ရည္မွန္းခ်က္ကင္းမဲ့မႈနဲ႔ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ေတြအေပၚ ဂယ္ရီနဗီးက ေဝဖန္ခဲ့ၿပီး သူတို႔အဆင့္အတန္းနဲ႔ သူတို႔ရဲ႕အားထုတ္မႈက လက္ခံႏိုင္စရာမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
စီးတီးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ဗန္ဒီဘိခ္ဟာ မကစားရတဲ့ အရန္လူသာ ထပ္ျဖစ္ခဲ့တဲ့ေနာက္ လူးဝစ္ဗန္ဟားက ယူႏိုက္တက္ကိုေျပာင္းလာခဲ့တဲ့ သူ႔ဆုံးျဖတ္ခ်က္က မွားယြင္းခဲ့တယ္လို႔ ထင္ျမင္ေနၿပီး တျခားထိပ္တန္းကလပ္တခုကို သြားခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အသင္းကေန ထြက္ခြာႏိုင္ေျခရွိတဲ့သတင္းေတြအေပၚ ေပါ့ဘာက ျငင္းဆိုသြားခဲ့ၿပီး သူဟာ ယူႏိုက္တက္အတြက္ အၿမဲ တိုက္ပြဲဝင္သြားမွာျဖစ္သလို ကလပ္အေပၚ ၁၀၀၀ ရာခိုင္ႏႈန္း အာ႐ုံစိုက္ထားၿပီး ေဘးကမဆိုင္သူေတြ မသိရင္ ဝင္မရႈပ္ၾကဖို႔လဲ ေျပာဆိုခဲ့ပါတယ္။
ေပါ့ဘာဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ဆႏၵမရွိေနတာျဖစ္သလို ဂ်ဴဗင္တပ္က သူ႔ကို ဇန္နဝါရီမွာအငွားေခၚယူဖို႔ အဆင္သင့္ျဖစ္ေနၿပီး ေႏြရာသီမွာ အၿပီးသတ္ဝယ္ယူမွာ ျဖစ္တာေၾကာင့္ ယူႏိုက္တက္အတြက္ အလကားဆုံးရႈံးရမွာေတာ့ မဟုတ္ပါဘူး။
မန္စီးတီးနဲ႔ပြဲမွာ ေမွ်ာ္လင့္သလို ဘာမွမလုပ္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ တိုက္စစ္ပိုင္းမွာ အခြင့္အေရးဖန္တီးေပးႏိုင္တဲ့ ဖာနန္ဒက္စ္ရဲ႕ အဓိကေပးပို႔မႈေတြ ေပ်ာက္ဆုံးေနခဲ့တာက အဓိကျပႆနာျဖစ္ခဲ့တယ္လို႔ ေနာက္ခံလူ လုခ္ေရွာက ဝန္ခံခဲ့ပါတယ္။
ဆိုးရွားဟာ အသင္းမွာ တိုက္စစ္ခံစစ္ ဟန္ခ်က္ညီမႈကို ရွာေဖြဖို႔ ႐ုန္းကန္ေနရဆဲ ျဖစ္ေနတဲ့အေပၚ ေပါလ္စခိုးက စိုးရိမ္ေနေပမယ့္ စီးတီးကိုတားဆီးႏိုင္ခဲ့တဲ့ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္နဲ႔ ဝမ္ဘစ္ဆာကာတို႔ရဲ႕ စြမ္းေဆာင္ရည္ကိုေတာ့ အထင္ႀကီးေနခဲ့ပါတယ္။
ယူႏိုက္တက္ကို ထိပ္တန္းအဆင့္ျပန္ေရာက္ေအာင္ လုပ္ေပးႏိုင္တယ္ဆိုတာ သက္ေသျပရမယ့္ ဆိုးရွားအေနနဲ႔ တိုက္စစ္မွာျပႆနာရွိေနတဲ့ သူ႔ရဲ႕ ကစားပုံကို ေျပာင္းလဲဖို႔လိုၿပီး အေရးႀကီးဆုံးအျဖစ္ ဆုဖလားေတြေအာင္ျမင္ဖို႔ လိုတယ္လို႔ ႐ြိဳင္ကိန္းက ဆိုပါတယ္။
ေပါ့ဘာဟာ ကလပ္အတြက္ မကစားေပးခ်င္တဲ့သူျဖစ္တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ သူ႔ကိုေရာင္းခ်ဖို႔လိုတယ္လို႔ ဂယ္ရီနဗီးက ဆိုလိုက္ၿပီး ေအးဂ်င့္႐ိုင္အိုလာ လက္ေအာက္က ဘယ္ကစားသမားကိုမွ ထပ္မေခၚဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။