ချယ်ဆီးအသင်းဟာ ညက ပရီးမီးယားလိဂ် ပွဲမှာ အဲဗာတန်ကို အဝေးကွင်းမှာ ဆီဂတ်ဆန်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီ သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ကာ ၁၇ ပွဲ ဆက် ရှုံးပွဲ မရှိ မှတ်တမ်း ကျိုးပျက်ခဲ့ရပါတယ်။
ထိုပွဲမှာ ပေးလိုက်ရတဲ့ ပင်နယ်တီ က ဂိုးသမား မန်ဒီဟာ သူ့ဂိုးစည်းပေါ်ကနေ ရှေ့ထွက်ပြီး ဘောလုံးဖမ်းရာမှာ ကယ်ဗတ် လီဝင်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပေးခဲ့ရတာ ဖြစ်ပြီး ထိုပင်နယ်တီကနေပဲ အဲဗာတန်က အနိုင်ဂိုး ရရှိခဲ့ပါတယ်။
ထို ဖြစ်ရပ်က ဒါက မန်ဒီရဲ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်ခဲ့ပေမယ့် သူက ရန်းနက်စ်ကနေ ရောက်လာပြီးကတည်းက ထူးချွန်စွာ စွမ်းဆောင်ပြခဲ့သူ ဖြစ်တယ်လို့ လမ်းပတ်က ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။
“မန်ဒီ ကို အပြစ်တင်သင့်တယ်လို့ ကျွန်တော်မထင်ပါဘူး၊ သူက ဒီကိုရောက်လာပြီးထဲက အကောင်းဆုံး လုပ်ပြခဲ့တာပါ၊ ဒါကိုပဲ ကျွန်တော့် စိတ်ထဲမှာ မှတ်ထားမှာ ဖြစ်လို့ ဒီအမှားကို ဗွေမယူပါဘူး”လို့ လမ်းပတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
သူ့အသင်းရဲ့ ကစားပုံအပေါ် မှတ်ချက်ပေးရာမှာလဲ လမ်းပတ်က “ကျွန်တော်တို့က အကောင်းဆုံးပုံစံမှာ မရှိနေခဲ့ဘူး၊ ပထမ မိနစ် ၂၀ လောက်က အဓိက ဖြစ်ခဲ့တယ်၊ အဝေးဘောတွေ၊ ဒုတိယဘောတွေနဲ့အတူ ကျွန်တော်တို့ကို ခက်ခဲအောင် လုပ်နိုင်ပြီး အနိုင်ရဖို့ စိတ်အား ထက်သန်နေတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ သိခဲ့ပါတယ်။
၁-၀ နဲ့ ရှုံးနေချိန်မှာ သူတို့ရဲ့ ဂိမ်းပလန်က ခက်ခဲအောင် လုပ်ခဲ့တယ်၊ သူတို့ ကောင်းကောင်းလုပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့က လုံလောက်မှု မရှိခဲ့ဘူး၊ ကျွန်တော်တို့ အဆင့်အတန်း၊ မကြာသေးမီက ကျွန်တော်တို့ ရှိခဲ့တဲ့ အနေအထားနဲ့စာရင် ဒီပွဲက လုံလောက်တဲ့ ကောင်းမွန်မှုမရှိခဲ့ဘူး၊ ဒီရလဒ်ကြောင့်က စားသမားတွေက စိတ်ပျက်နေပါတယ်၊ ဒါက ကြီးမားတဲ့ စမ်းသပ်မှုဖြစ်ခဲ့ပြီး ကျွန်တော်တို့ ဒါကို မအောင်မြင်ခဲ့ပြီး၊ အနာဂတ် မှာတော့ အောင်မြင်မှာပါ”လို့ ဆိုပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ပရီးမီးယားလိဂ္ ပြဲမွာ အဲဗာတန္ကို အေ၀းကြင္းမွာ ဆီဂတ္ဆန္ရဲ႕ တစ္လံုးတည္းေသာ ပင္နယ္တီ သြင္းဂိုးေၾကာင့္ အေရးနိမ့္ခဲ့ကာ ၁၇ ပြဲ ဆက္ ရွံဳးပြဲ မရွိ မွတ္တမ္း က်ိဳးပ်က္ခဲ့ရပါတယ္။
ထိုပြဲမွာ ေပးလိုက္ရတဲ့ ပင္နယ္တီ က ဂိုးသမား မန္ဒီဟာ သူ႔ဂိုးစည္းေပၚကေန ေရွ႕ထြက္ၿပီး ေဘာလုံးဖမ္းရာမွာ ကယ္ဗတ္ လီဝင္အေပၚ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ေပးခဲ့ရတာ ျဖစ္ျပီး ထိုပင္နယ္တီကေနပဲ အဲဗာတန္က အႏိုင္ဂိုး ရရွိခဲ့ပါတယ္။
ထို ျဖစ္ရပ္က ဒါက မန္ဒီရဲ႕မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္မဟုတ္ခဲ့ေပမယ့္ သူက ရန္းနက္စ္ကေန ေရာက္လာၿပီးကတည္းက ထူးခြၽန္စြာ စြမ္းေဆာင္ျပခဲ့သူ ျဖစ္တယ္လို႔ လမ္းပတ္က ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။
“မန္ဒီ ကို အျပစ္တင္သင့္တယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး၊ သူက ဒီကိုေရာက္လာၿပီးထဲက အေကာင္းဆုံး လုပ္ျပခဲ့တာပါ၊ ဒါကိုပဲ ကြၽန္ေတာ့္ စိတ္ထဲမွာ မွတ္ထားမွာ ျဖစ္လို႔ ဒီအမွားကို ေဗြမယူပါဘူး”လို႔ လမ္းပတ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။
သူ႔အသင္းရဲ႕ ကစားပုံအေပၚ မွတ္ခ်က္ေပးရာမွာလဲ လမ္းပတ္က “ကြၽန္ေတာ္တို႔က အေကာင္းဆုံးပုံစံမွာ မရွိေနခဲ့ဘူး၊ ပထမ မိနစ္ ၂၀ ေလာက္က အဓိက ျဖစ္ခဲ့တယ္၊ အေဝးေဘာေတြ၊ ဒုတိယေဘာေတြနဲ႔အတူ ကြၽန္ေတာ္တို႔ကို ခက္ခဲေအာင္ လုပ္ႏိုင္ၿပီး အႏိုင္ရဖို႔ စိတ္အား ထက္သန္ေနတဲ့ အသင္းတစ္သင္းနဲ႔ ရင္ဆိုင္ရေတာ့မယ္ဆိုတာ သိခဲ့ပါတယ္။
၁-၀ နဲ႔ ရႈံးေနခ်ိန္မွာ သူတို႔ရဲ႕ ဂိမ္းပလန္က ခက္ခဲေအာင္ လုပ္ခဲ့တယ္၊ သူတို႔ ေကာင္းေကာင္းလုပ္ခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က လုံေလာက္မႈ မရွိခဲ့ဘူး၊ ကြၽန္ေတာ္တို႔ အဆင့္အတန္း၊ မၾကာေသးမီက ကြၽန္ေတာ္တို႔ ရွိခဲ့တဲ့ အေနအထားနဲ႔စာရင္ ဒီပြဲက လုံေလာက္တဲ့ ေကာင္းမြန္မႈမရွိခဲ့ဘူး၊ ဒီရလဒ္ေၾကာင့္က စားသမားေတြက စိတ္ပ်က္ေနပါတယ္၊ ဒါက ႀကီးမားတဲ့ စမ္းသပ္မႈျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ဒါကို မေအာင္ျမင္ခဲ့ၿပီး၊ အနာဂတ္ မွာေတာ့ ေအာင္ျမင္မွာပါ”လို႔ ဆိုပါတယ္။