ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (14/12/20)

ကိုင်ဟားဗတ်ဟာ ချယ်ဆီးမှာခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် လမ်းပတ်ကတော့ ၎င်းဟာ အသင်းသစ်မှာ အသားကျဖို့ တစ်ရာသီလောက် အချိန်ယူရနိုင်တာမို့ စောင့်ဆိုင်းပေးကြဖို့ ပရိသတ်တွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နောက်ခံလူ တိုမိုရီဟာ နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကိုလဲ ရရှိခဲ့ပေမယ့် သူ့အနေနဲ့ ပြင်သစ်ကို ပြောင်းရွှေ့ဖို့ ပိုအလိုရှိနေတာကြောင့် ဒန်နီ ဒဏ်ရာရအပြီးမှာ သူ့ကို အငှားခေါ်ယူလိုနေတဲ့ နိုက်စ်အသင်းထံ ရောက်ရှိနိုင်ဖွယ် ရှိပါတယ်။

ဘိုင်ယန်နဲ့စာချုပ်သက်တမ်းကုန်တော့မယ့် ဒေးဗစ်အလာဘာကို ချယ်ဆီးက ကာလရှည်ကြာ ချိတ်ဆက်နေခဲ့ပေမယ့် အခုတော့ သူ့ကို ဆုံးရှုံးရနိုင်ခြေ ရှိနေပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအလားအလာ ရှိနေပါတယ်။

သီယာဂိုဆေးဗားနဲ့ မန်ဒီတို့ဟာ ယခင် ချယ်ဆီးရဲ့ clean sheet တွေမှာ အဓိက အရေးပါခဲ့သူတွေ ဖြစ်ပေမယ့် အဲဗာတန်နဲ့ပွဲက ပေးခဲ့ရတဲ့ ပင်နယ်တီမှာတော့ နှစ်ယောက်လုံးရဲ့ အမှားဖြစ်ခဲ့တယ်လို့ ဖရန့်လီဘိုးက ယုံကြည်နေပါတယ်။

ပီတာချက်ဟာ လမ်းပတ်ရဲ့ ပရီးမီးယားလိဂ် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၉လက ဘောလုံးလောကကနေ အနားယူပြီးနောက်ပိုင်း ပထမဆုံးပွဲအဖြစ် ဒီတစ်ပတ် ချယ်ဆီး ယူ၂၃ နဲ့ စပါး ယူ၂၃ တို့ရဲ့ ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားလာနိုင်ခြေ ရှိပါတယ်။

ချယ်ဆီးရဲ့ ၁၇ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်သွားတဲ့နောက် ကွင်းလယ်လူ မေဆန်မောင့်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ချင်ရင် အဲဗာတန်နဲ့ပွဲကလို နှေးကွေးတဲ့ပုံစံနဲ့ ပွဲတွေကို စတင်လို့မရဘူးလို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

ချယ်ဆီးဟာ အသင်းကြီးမှာ ကစားရဖို့ မရှိတော့တဲ့ ကစားသမား၅ယောက်ကို ဇန်နဝါရီမှာ ဖယ်ထုတ်ဖို့ကြိုးစားတော့မှာဖြစ်သလို ကီပါ၊ ဘာဘာရာမန်၊ ခရစ္စတန်ဆန်၊ မားကို့စ် အလွန်ဆိုနဲ့ ဒရင့်ဝါးတားတို့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံတော့မှာပါ။

အဲဗာတန်နဲ့ပွဲမှာ မန်ဒီထက် တီမိုဗာနာနဲ့ ကိုင်ဟားဗတ်တို့ရဲ့ စွမ်းဆောင်ရည်က သိသိသာသာ ဆိုးရွားခဲ့တာဖြစ်သလို ချယ်ဆီးဟာ ဒီပွဲမှာ ကစားသမား ၉ယောက်နဲ့သာ ကစားခဲ့ရသလို ဖြစ်ခဲ့တယ်လို့ တိုနီ ကက်စ်ကာရီနိုက ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi – ကိုင္ဟားဗတ္ဟာ ခ်ယ္ဆီးမွာေျခစြမ္းျပဖို႔႐ုန္းကန္ေနရတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနေပမယ့္ လမ္းပတ္ကေတာ့ ၎ဟာ အသင္းသစ္မွာ အသားက်ဖို႔ တစ္ရာသီေလာက္ အခ်ိန္ယူရႏိုင္တာမို႔ ေစာင့္ဆိုင္းေပးၾကဖို႔ ပရိသတ္ေတြကို တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ေနာက္ခံလူ တိုမိုရီဟာ နယူးကာဆယ္ရဲ႕ စိတ္ဝင္စားမႈကိုလဲ ရရွိခဲ့ေပမယ့္ သူ႔အေနနဲ႔ ျပင္သစ္ကို ေျပာင္းေ႐ႊ႕ဖို႔ ပိုအလိုရွိေနတာေၾကာင့္ ဒန္နီ ဒဏ္ရာရအၿပီးမွာ သူ႔ကို အငွားေခၚယူလိုေနတဲ့ ႏိုက္စ္အသင္းထံ ေရာက္ရွိႏိုင္ဖြယ္ ရွိပါတယ္။

ဘိုင္ယန္နဲ႔စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ ေဒးဗစ္အလာဘာကို ခ်ယ္ဆီးက ကာလရွည္ၾကာ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ အခုေတာ့ သူ႔ကို ဆုံးရႈံးရႏိုင္ေျခ ရွိေနၿပီး ရီးရဲလ္မက္ဒရစ္က သူ႔ကို ေခၚယူႏိုင္ဖို႔ အေကာင္းဆုံးအလားအလာ ရွိေနပါတယ္။

သီယာဂိုေဆးဗားနဲ႔ မန္ဒီတို႔ဟာ ယခင္ ခ်ယ္ဆီးရဲ႕ clean sheet ေတြမွာ အဓိက အေရးပါခဲ့သူေတြ ျဖစ္ေပမယ့္ အဲဗာတန္နဲ႔ပြဲက ေပးခဲ့ရတဲ့ ပင္နယ္တီမွာေတာ့ ႏွစ္ေယာက္လုံးရဲ႕ အမွားျဖစ္ခဲ့တယ္လို႔ ဖရန႔္လီဘိုးက ယုံၾကည္ေနပါတယ္။

ပီတာခ်က္ဟာ လမ္းပတ္ရဲ႕ ပရီးမီးယားလိဂ္ လူစာရင္းမွာ ပါဝင္ခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၁၉လက ေဘာလုံးေလာကကေန အနားယူၿပီးေနာက္ပိုင္း ပထမဆုံးပြဲအျဖစ္ ဒီတစ္ပတ္ ခ်ယ္ဆီး ယူ၂၃ နဲ႔ စပါး ယူ၂၃ တို႔ရဲ႕ ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားလာႏိုင္ေျခ ရွိပါတယ္။

ခ်ယ္ဆီးရဲ႕ ၁၇ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္း အဆုံးသတ္သြားတဲ့ေနာက္ ကြင္းလယ္လူ ေမဆန္ေမာင့္က အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဖလား စိန္ေခၚခ်င္ရင္ အဲဗာတန္နဲ႔ပြဲကလို ေႏွးေကြးတဲ့ပုံစံနဲ႔ ပြဲေတြကို စတင္လို႔မရဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးခဲ့ပါတယ္။

ခ်ယ္ဆီးဟာ အသင္းႀကီးမွာ ကစားရဖို႔ မရွိေတာ့တဲ့ ကစားသမား၅ေယာက္ကို ဇန္နဝါရီမွာ ဖယ္ထုတ္ဖို႔ႀကိဳးစားေတာ့မွာျဖစ္သလို ကီပါ၊ ဘာဘာရာမန္၊ ခရစၥတန္ဆန္၊ မားကို႔စ္ အလြန္ဆိုနဲ႔ ဒရင့္ဝါးတားတို႔အတြက္ ကမ္းလွမ္းမႈေတြကို လက္ခံေတာ့မွာပါ။

အဲဗာတန္နဲ႔ပြဲမွာ မန္ဒီထက္ တီမိုဗာနာနဲ႔ ကိုင္ဟားဗတ္တို႔ရဲ႕ စြမ္းေဆာင္ရည္က သိသိသာသာ ဆိုး႐ြားခဲ့တာျဖစ္သလို ခ်ယ္ဆီးဟာ ဒီပြဲမွာ ကစားသမား ၉ေယာက္နဲ႔သာ ကစားခဲ့ရသလို ျဖစ္ခဲ့တယ္လို႔ တိုနီ ကက္စ္ကာရီႏိုက ေဝဖန္ေျပာဆိုခဲ့ပါတယ္။