ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (14/12/20)

ယူနိုက်တက်ဟာ ဒုတိယရာသီဝက်အတွက် ဇန်နဝါရီမှာ သေချာပေါက် အားဖြည့်ဖို့ လိုအပ်နေပြီး တိုက်စစ်ပိုင်းက လုံလောက်မှုမရှိတာကြောင့် ဟာလန်း ဒါမှမဟုတ် အမ်ဘတ်ပီကို ခေါ်ယူသင့်တယ်လို့ အလန်ရှီးယားက အကြံပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဂိုးတွေသွင်းနိုင်ဖို့ ရုန်းကန်နေရပေမယ့်လဲ ဆိုးရှားကတော့ မနှစ်ကထက်စာရင် ဒီနှစ်က ပိုသာတယ်လို့ ထင်မြင်နေပြီး အသင်းက အခွင့်အရေးတွေ ဖန်တီးနိုင်တယ်ဆိုတာ ပွဲများစွာမှာ သက်သေပြခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒိုင်ဘားလားနဲ့ ပေါ့ဘာကို အလဲအလှယ်လုပ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့အတူ ဒိုင်ဘာလားကတော့ သူ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့နောက် စီးတီးနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက တိုးတက်လာခဲ့တာ ဖြစ်သလို သူတို့ဟာ စီးတီးကို ဒီထက် ပိုကောင်းတဲ့ ရလဒ်တွေနဲ့ နိုင်ခဲ့ဖူးပေမယ့် ဒီပွဲက သူ့လက်ထက် အကောင်းဆုံးဒါဘီပွဲဖြစ်တယ်လို့ ဆိုးရှားက ဝန်ခံခဲ့ပါတယ်။

ဖာကန်ဒို ပယ်လီစထွီဟာ ယူနိုက်တက် ယူ၂၃ အသင်းမှာ နောက်ဆုံး၃ ပွဲအတွင်း ၃ ဂိုးသွင်းယူခဲ့ပြီး အထင်ကြီးစရာခြေစွမ်းတွေ ဆက်လက် ပြသနေသလို ပရိသတ်တွေကတော့ သူဟာ အသင်းကြီးမှာကစားခွင့်ရဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။

မန်စီးတီးနဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းက ကျေနပ်စရာ ဖြစ်ခဲ့တဲ့နောက် ဂိုးသမား ဒီဂီယာက ကလပ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို အောင်မြင်နိုင်တယ်ဆိုတာ ယုံကြည်ထားဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဒုတိယရာသီဝက္အတြက္ ဇန္နဝါရီမွာ ေသခ်ာေပါက္ အားျဖည့္ဖို႔ လိုအပ္ေနၿပီး တိုက္စစ္ပိုင္းက လုံေလာက္မႈမရွိတာေၾကာင့္ ဟာလန္း ဒါမွမဟုတ္ အမ္ဘတ္ပီကို ေခၚယူသင့္တယ္လို႔ အလန္ရွီးယားက အႀကံေပးခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ဂိုးေတြသြင္းႏိုင္ဖို႔ ႐ုန္းကန္ေနရေပမယ့္လဲ ဆိုးရွားကေတာ့ မႏွစ္ကထက္စာရင္ ဒီႏွစ္က ပိုသာတယ္လို႔ ထင္ျမင္ေနၿပီး အသင္းက အခြင့္အေရးေတြ ဖန္တီးႏိုင္တယ္ဆိုတာ ပြဲမ်ားစြာမွာ သက္ေသျပခဲ့ၿပီးျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဒိုင္ဘားလားနဲ႔ ေပါ့ဘာကို အလဲအလွယ္လုပ္ႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေနတာနဲ႔အတူ ဒိုင္ဘာလားကေတာ့ သူ႔အနာဂတ္နဲ႔ ပတ္သက္တဲ့ ထင္ေၾကးေပးမႈေတြေၾကာင့္ စိတ္ပ်က္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

လိုက္ပ္ဇစ္ကို ရႈံးခဲ့တဲ့ေနာက္ စီးတီးနဲ႔ပြဲမွာ ယူႏိုက္တက္ရဲ႕ ေျခစြမ္းက တိုးတက္လာခဲ့တာ ျဖစ္သလို သူတို႔ဟာ စီးတီးကို ဒီထက္ ပိုေကာင္းတဲ့ ရလဒ္ေတြနဲ႔ ႏိုင္ခဲ့ဖူးေပမယ့္ ဒီပြဲက သူ႔လက္ထက္ အေကာင္းဆုံးဒါဘီပြဲျဖစ္တယ္လို႔ ဆိုးရွားက ဝန္ခံခဲ့ပါတယ္။

ဖာကန္ဒို ပယ္လီစထြီဟာ ယူႏိုက္တက္ ယူ၂၃ အသင္းမွာ ေနာက္ဆုံး၃ ပြဲအတြင္း ၃ ဂိုးသြင္းယူခဲ့ၿပီး အထင္ႀကီးစရာေျခစြမ္းေတြ ဆက္လက္ ျပသေနသလို ပရိသတ္ေတြကေတာ့ သူဟာ အသင္းႀကီးမွာကစားခြင့္ရဖို႔ ထိုက္တန္တယ္လို႔ ယုံၾကည္ေနပါတယ္။

မန္စီးတီးနဲ႔ပြဲမွာ ဂိုးမရွိသေရက်ခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ ခံစစ္ပိုင္းက ေက်နပ္စရာ ျဖစ္ခဲ့တဲ့ေနာက္ ဂိုးသမား ဒီဂီယာက ကလပ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ဖလားကို ေအာင္ျမင္ႏိုင္တယ္ဆိုတာ ယုံၾကည္ထားဖို႔လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။