ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (14/12/20)

အာဆင်နယ်အသင်းဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ အိမ်ကွင်း အမ်းမရိတ်မှာတင် ဘန်လေကို ၁ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ကွင်းလယ် ကစားသမား ဇာခါက ပွဲချိန် ၅၆ မိနစ်မှာ ထုတ်ပယ်ခံရပြီး ဘန်လေအတွက် ဂိုးကိုလည်း အူဘာမီးယန်းရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းမှုနဲ့ ပေးခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ အာတီတာကတော့ အာဆင်နယ်ဟာ ကိုယ့်အခွင့်အရေး ကိုယ် လွှင့်ပစ်ခဲ့တာ ဖြစ်ပြီး ပွဲကို စိုးမိုးထားမှုဟာ ဇာခါ ထုတ်ပယ်ခံခဲ့ရတည်းက ကျိုးပျက်ခဲ့တယ်လို့ ညည်းညူခဲ့ပါတယ်။

ဘန်လေကို အရေးနိမ့်တာကြောင့် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အိမ်ကွင်း လိဂ်ပွဲ လေးပွဲဆက် တိုက် ရှုံးနိမ့်ခဲ့ရပြီ ဖြစ်ကာ အမှတ်ပေးဇယား မှာလည်း အဆင့် ၁၅ မှာသာ ရှိနေပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ ဘန်လေနဲ့ ပွဲမှာ အနီကတ် ရလောက်အောင် ဦးနှောက်နည်းစွာ ပေါက်ကွဲခဲ့တဲ့ ဇာခါကို အမျက်ဒေါသ ထွက်ကာ ဝေဖန်ပြောဆိုနေကြပါတယ်။

ဂန်းနားတိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက အာဆင်နယ် အသင်း ပွဲကြည့်ဖို့ တီဗီဖွင့်လိုက်ရင်တောင် ဇာခါ အသင်းခေါင်းဆောင် လုပ်ပြီး ပွဲထွက်လာရင် ချက်ချင်း ပိတ်ပစ်တတ်သူ ဖြစ်တယ်လို့ အီဗရာက ဖော်ထုတ် ပြောဆိုခဲ့ပါတယ်။

အမ်းမရိတ်မှာ လာရောက် ကြည့်ရှုခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တွေကတော့ ကွင်းဘေးကနေ Boo အော်ကာ လှောင်ပြောင် ရှုံ့ချခဲ့ကြြ့ပီး ပရိသတ်တွေဟာ ထိုသို့ ပေါက်ကွဲခွင့် အပြည့် ရှိပြီး အသင်းသားတွေနဲ့ ထိုက်တန်တဲ့ တုန့်ပြန်မှုပဲလို့ တီရာနေးက ဝန်ခံခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ညက ပရီးမီးယားလိဂ္ပြဲမွာ အိမ္ကြင္း အမ္းမရိတ္မွာတင္ ဘန္ေလကို ၁ဂိုး ဂိုးမရွိနဲ႕ ရွံဳးနိမ့္ခဲ့ရပါတယ္။ ကြင္းလယ္ ကစားသမား ဇာခါက ပြဲခ်ိန္ ၅၆ မိနစ္မွာ ထုတ္ပယ္ခံရျပီး ဘန္ေလအတြက္ ဂိုးကိုလည္း အူဘာမီးယန္းရဲ႕ ကိုယ့္ဂိုး ကိုယ္သြင္းမႈနဲ႕ ေပးခဲ့ရတာ ျဖစ္ပါတယ္။

နည္းျပ အာတီတာကေတာ့ အာဆင္နယ္ဟာ ကုိယ့္အခြင့္အေရး ကုိယ္ လႊင့္ပစ္ခဲ့တာ ျဖစ္ျပီး ပြဲကို စိုးမိုးထားမႈဟာ ဇာခါ ထုတ္ပယ္ခံခဲ့ရတည္းက က်ိဳးပ်က္ခဲ့တယ္လို႔ ညည္းညဴခဲ့ပါတယ္။

ဘန္ေလကို အေရးနိမ့္တာေၾကာင့္ အာဆင္နယ္အသင္းဟာ ဒီရာသီမွာ အိမ္ကြင္း လိဂ္ပြဲ ေလးပြဲဆက္ တိုက္ ရွံဳးနိမ့္ခဲ့ရျပီ ျဖစ္ကာ အမွတ္ေပးဇယား မွာလည္း အဆင့္ ၁၅ မွာသာ ရွိေနပါတယ္။

အာဆင္နယ္ ပရိသတ္ေတြကေတာ့ ဘန္ေလနဲ႕ ပြဲမွာ အနီကတ္ ရေလာက္ေအာင္ ဦးေနွာက္နည္းစြာ ေပါက္ကြဲခဲ့တဲ့ ဇာခါကို အမ်က္ေဒါသ ထြက္ကာ ေ၀ဖန္ေျပာဆိုေနၾကပါတယ္။

ဂန္းနားတိုက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီက အာဆင္နယ္ အသငး္ ပြဲၾကည့္ဖို႔ တီဗီဖြင့္လိုက္ရင္ေတာင္ ဇာခါ အသင္းေခါင္းေဆာင္ လုပ္ျပီး ပြဲထြက္လာရင္ ခ်က္ခ်င္း ပိတ္ပစ္တတ္သူ ျဖစ္တယ္လို႔ အီဗရာက ေဖာ္ထုတ္ ေျပာဆိုခဲ့ပါတယ္။

အမ္းမရိတ္မွာ လာေရာက္ ၾကည့္ရႈခဲ့ၾကတဲ့ အာဆင္နယ္ ပရိသတ္ေတြကေတာ့ ကြင္းေဘးကေန Boo ေအာ္ကာ ေလွာင္ေျပာင္ ရွံဳ႕ခ်ခဲ့ၾကျ႔ပီး ပရိသတ္ေတြဟာ ထိုသို႔ ေပါက္ကြဲခြင့္ အျပည့္ ရွိျပီး အသင္းသားေတြနဲ႕ ထိုက္တန္တဲ့ တုန္႔ျပန္မႈပဲလို႔ တီရာေနးက ၀န္ခံခဲ့ပါတယ္။