အာဆင်နယ် နည်းပြ အာတီတာဟာ မနေ့က ဘန်လေ ကို ရှုံးတဲ့ ပွဲမှာ အနီကတ် ပြသ ထုတ်ပယ်ခံခဲ့ရတဲ့ ကွင်းလယ် သမား ဇာခါနဲ့ ပတ်သတ်ပြီး ပွဲ အပြီးမှာ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိမ်ရှင်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေ အားလုံး ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရှာကာဟာ အက်ရှ်လေ ဝက်စ်ဝုဒ်ရဲ့ လည်ပင်း ကို ဆွဲခဲ့တဲ့အတွက် အနီကတ် ပြသခံခဲ့ရပြီး တစ်ယောက်အသာရသွားတဲ့ ဘန်လေက ပွဲကို အနိုင်ရဖို့ တွန်းအား ရရှိစေခဲ့တာ ဖြစ်ပါတယ်။
ဇာခါ နဲ့ အနီကဒ်နဲ့ ပတ်သက်လို အာတီတာကတော့ ကလပ်ကပ္ပတိန်ဟောင်းဟာ ဒီဖြစ်ရပ်အတွက် တာဝန်ယူမှာဖြစ်ပြီး ဒါက အလွန်အမင်း စိတ်ထက်သန်လွန်းတဲ့ အကျိုးရလဒ် ဖြစ်ခဲ့တယ်လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ ပွဲအစ ကနေ ဇာခါ ထုတ်ပယ်ခံရတဲ့အချိန်အထိ အပြည့်အဝ လွှမ်းမိုးထားခဲ့တယ်၊ ကျွန်တော် အခွင့်အရေးတွေဖန်တီးခဲ့ပြီး ကစားသမားတွေရဲ့ စိတ်ဓာတ်ကလဲ အံ့ဩစရာဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ကစားပုံကတကယ်ကောင်းခဲ့တာပါ၊ ကောင်လေးတွေက တကယ်ကို စိတ်အားထက်သန်နေပြီးတော့ အရမ်းစိတ်ဓာတ်ပြင်းလွန်းတာကြောင့်ပဲ စည်းကျော်သွားပြီး တစ်ယောက် အထုတ်ခံလိုက်ရတယ်။
အရင် ပီပီ အနီကဒ်ထိတုန်းကလိုပါပဲ၊ ဒီအခြေအနေတွေက ပိုပြီးဆိုးလာတယ်၊ အနီကဒ်က သူတို့ ဘယ်လောက် စိတ်အားထက်သန်တယ် ဆိုတာနဲ့ ပွဲမှာ သူတို့ ဘယ်လောက် အားထည့်ထားလဲဆိုတာတွေနဲ့ ဆက်စပ်နေပါတယ်၊ ဒါပေမယ့် အဲ့ဒါက ဆင်ခြေတော့မဟုတ်ပါဘူး၊ သူကတော့ ဒါ သူ့အမှားလို့ ပြောမှာ သေချာပါတယ်” လို့ အာတီတာက မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် အာဆင်နယ်ဟာ ၁၉၆၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်အိမ်ကွင်း ၄ ပွဲကို ရှုံးနိမ့်ခဲ့တဲ့စံချိန်တင်ခဲ့သလို ဘန်လေဟာလဲ ပရီးမီးယားလိဂ် ခေတ်မှာ ပထမဆုံးအကြိမ်အဖြစ် အမ်းမရိတ်စ်မှာ နိုင်ပွဲရခဲ့တာပါ။
လက်ရှိမှာတော့ အာဆင်နယ်ဟာ ၁၂ ပွဲကစားပြီးနောက် ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်က စပါးနဲ့ ၁၂ မှတ် ကွာဟနေပါတယ်။
Zawgyi – အာဆင္နယ္ နည္းျပ အာတီတာဟာ မေန႔က ဘန္ေလ ကို ရွံဳးတဲ့ ပြဲမွာ အနီကတ္ ျပသ ထုတ္ပယ္ခံခဲ့ရတဲ့ ကြင္းလယ္ သမား ဇာခါနဲ႕ ပတ္သတ္ျပီး ပြဲ အျပီးမွာ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
အိမ္ရွင္အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ အခြင့္အေရးေတြ အားလုံး ရရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ရွာကာဟာ အက္ရွ္ေလ ဝက္စ္ဝုဒ္ရဲ႕ လည္ပင္း ကို ဆြဲခဲ့တဲ့အတြက္ အနီကတ္ ျပသခံခဲ့ရၿပီး တစ္ေယာက္အသာရသြားတဲ့ ဘန္ေလက ပြဲကို အႏိုင္ရဖို႔ တြန္းအား ရရွိေစခဲ့တာ ျဖစ္ပါတယ္။
ဇာခါ နဲ႔ အနီကဒ္နဲ႔ ပတ္သက္လို အာတီတာကေတာ့ ကလပ္ကပၸတိန္ေဟာင္းဟာ ဒီျဖစ္ရပ္အတြက္ တာဝန္ယူမွာျဖစ္ၿပီး ဒါက အလြန္အမင္း စိတ္ထက္သန္လြန္းတဲ့ အက်ိဳးရလဒ္ ျဖစ္ခဲ့တယ္လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။
“က်ေနာ္တို႔ ပြဲအစ ကေန ဇာခါ ထုတ္ပယ္ခံရတဲ့အခ်ိန္အထိ အျပည့္အဝ လႊမ္းမိုးထားခဲ့တယ္၊ ကြၽန္ေတာ္ အခြင့္အေရးေတြဖန္တီးခဲ့ၿပီး ကစားသမားေတြရဲ႕ စိတ္ဓာတ္ကလဲ အံ့ဩစရာျဖစ္ခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံကတကယ္ေကာင္းခဲ့တာပါ၊ ေကာင္ေလးေတြက တကယ္ကို စိတ္အားထက္သန္ေနၿပီးေတာ့ အရမ္းစိတ္ဓာတ္ျပင္းလြန္းတာေၾကာင့္ပဲ စည္းေက်ာ္သြားၿပီး တစ္ေယာက္ အထုတ္ခံလိုက္ရတယ္။
အရင္ ပီပီ အနီကဒ္ထိတုန္းကလိုပါပဲ၊ ဒီအေျခအေနေတြက ပိုၿပီးဆိုးလာတယ္၊ အနီကဒ္က သူတို႔ ဘယ္ေလာက္ စိတ္အားထက္သန္တယ္ ဆိုတာနဲ႔ ပြဲမွာ သူတို႔ ဘယ္ေလာက္ အားထည့္ထားလဲဆိုတာေတြနဲ႔ ဆက္စပ္ေနပါတယ္၊ ဒါေပမယ့္ အဲ့ဒါက ဆင္ေျခေတာ့မဟုတ္ပါဘူး၊ သူကေတာ့ ဒါ သူ႔အမွားလို႔ ေျပာမွာ ေသခ်ာပါတယ္” လို႔ အာတီတာက မွတ္ခ်က္ေပး ေျပာဆိုခဲ့ပါတယ္။
ဒီရႈံးပြဲေၾကာင့္ အာဆင္နယ္ဟာ ၁၉၆၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ လိဂ္အိမ္ကြင္း ၄ ပြဲကို ရႈံးနိမ့္ခဲ့တဲ့စံခ်ိန္တင္ခဲ့သလို ဘန္ေလဟာလဲ ပရီးမီးယားလိဂ္ ေခတ္မွာ ပထမဆုံးအႀကိမ္အျဖစ္ အမ္းမရိတ္စ္မွာ ႏိုင္ပြဲရခဲ့တာပါ။
လက္ရွိမွာေတာ့ အာဆင္နယ္ဟာ ၁၂ ပြဲကစားၿပီးေနာက္ ပရီးမီးယားလိဂ္ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနၿပီး အမွတ္ေပးဇယားထိပ္က စပါးနဲ႔ ၁၂ မွတ္ ကြာဟေနပါတယ္။