ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (15/12/20)

ယခင်နှစ် ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ၉၈မှတ်၊ ၁၀၀အထိ ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖလားပြိုင်ပွဲက ပိုပြီးကျယ်ပြန့်ပြင်းထန်လာသလို တစ်သင်းနဲ့တစ်သင်း သိပ်မကွာတာကြောင့် ရာသီကုန်ချန်ပီယံဟာ ယခင်နဲ့စာရင် အမှတ်ပိုနည်းလိမ့်မယ်လို့ လမ်းပတ်က ဆိုပါတယ်။

နောက်ဆုံး ၁၆သင်းအဆင့်မှာ အက်သလက်တီကိုနဲ့ မဲကျခဲ့တဲ့နောက် သီယာဂိုဆေးဗားက ချယ်ဆီးရဲ့ ချန်ပီယံလိဂ်ခရီးမှာ အဓိက ခေါင်းဆောင်နိုင်စွမ်းနဲ့ ကစားပေးဖို့ လိုအပ်ပြီး အသင်းအတွက် သူ့ကိုပဲ အားကိုးရမှာဖြစ်ကြောင်း လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

ဘီလီဂေလ်မာဟာ ရိန်းဂျားစ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့သလို သူ့အနေနဲ့ အဲ့ဒီ့မှာ ပုံမှန်ကစားခွင့်ရယူပြီး အကောင်းဆုံး ကွင်းလယ်လူတွေ ဖြစ်ခဲ့တဲ့ ဂျရတ်နဲ့ မက်အယ်လစ်စတာတို့ ထံကနေ သင်ယူသင့်တယ်လို့ ကယ်ဗင်ဖီးလစ်က တိုက်တွန်းခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်မှာ ဘာကာ၊ ရီးရဲလ်တို့အပြင် အသင်းများစွာက ဖလားစိန်ခေါ်လာမှာ ဖြစ်လို့ ယခင်နှစ်တွေထက် ပိုပြီး ပြင်းထန် လာလိမ့်မယ် လို့ လမ်းပတ်က ယုံကြည်နေပေမယ့် အက်သလက်တီကိုနဲ့ မဲကျတာက အခက်ခဲဆုံးပြိုင်ပွဲပဲလို့ ပြောဆိုခဲ့ပါတယ်။

ပီတာချက်ဟာ ကစားပွဲတွေဆီ ပထမဆုံးအကြိမ်ပြန်လာပြီး ချယ်ဆီး ယူ ၂၃ အသင်းနဲ့ စပါး ယူ၂၃ တို့ရဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ပြနောက် မျှော်လင့်ထားသလို မဖြစ်ခဲ့ပဲ ၂ ဂိုးပေးခဲ့ရပေမယ့် အဆုံးသတ်မှာတော့ ချယ်ဆီးက ၃-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်ဟာ ရာသီအစောပိုင်းမှာ တံကောက်ကြောဒဏ်ရာနဲ့ တလ နားခဲ့ရပြီးနောက် ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲရဲ့ လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဒီတစ်ပတ် ဝုလ်ဗ်နဲ့ အဝေးကွင်းပွဲမှာတော့ ပါဝင်လာမှာဖြစ်ကြောင်း လမ်းပတ်က သတင်းပေးခဲ့ပါတယ်။

မနှစ်က အဆင့်၄ ရခဲ့တဲ့ ချယ်ဆီးဟာ ဒီနှစ်မှာလား ထိပ်ဆုံးကအသင်းနဲ့ ၃ မှတ်သာ ကွာဟနေသလို လမ်းပတ်ဟာ ထိပ်တန်းနည်းပြဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်း အားလုံး ရှိတယ်ဆိုတာ သက်သေပြနေတယ်လို့ အက်ရှ်လေကိုးလ်က ယုံကြည်နေပါတယ်။

ချယ်ဆီးဟာ ချန်ပီယံလိဂ်မှာ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တဲ့ အက်သလက်တီကိုနဲ့ မဲကျခဲ့တဲ့နောက် ကွာတားတက်ခွင့်ရဖို့အတွက် တီကိုကြယ်ပွင့် ဂျွာအိုဖီးလစ်ကို လှုပ်မရအောင် ထိန်းချုပ်ဖို့လိုတယ်လို့ လမ်းပတ်က သူ့အသင်းကို သတိပေးခဲ့ပါတယ်။

Zawgyi – ယခင္ႏွစ္ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ ၉၈မွတ္၊ ၁၀၀အထိ ရခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ဖလားၿပိဳင္ပြဲက ပိုၿပီးက်ယ္ျပန႔္ျပင္းထန္လာသလို တစ္သင္းနဲ႔တစ္သင္း သိပ္မကြာတာေၾကာင့္ ရာသီကုန္ခ်န္ပီယံဟာ ယခင္နဲ႔စာရင္ အမွတ္ပိုနည္းလိမ့္မယ္လို႔ လမ္းပတ္က ဆိုပါတယ္။

ေနာက္ဆုံး ၁၆သင္းအဆင့္မွာ အက္သလက္တီကိုနဲ႔ မဲက်ခဲ့တဲ့ေနာက္ သီယာဂိုေဆးဗားက ခ်ယ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ခရီးမွာ အဓိက ေခါင္းေဆာင္ႏိုင္စြမ္းနဲ႔ ကစားေပးဖို႔ လိုအပ္ၿပီး အသင္းအတြက္ သူ႔ကိုပဲ အားကိုးရမွာျဖစ္ေၾကာင္း လမ္းပတ္က ဝန္ခံခဲ့ပါတယ္။

ဘီလီေဂလ္မာဟာ ရိန္းဂ်ားစ္ကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေနခဲ့သလို သူ႔အေနနဲ႔ အဲ့ဒီ့မွာ ပုံမွန္ကစားခြင့္ရယူၿပီး အေကာင္းဆုံး ကြင္းလယ္လူေတြ ျဖစ္ခဲ့တဲ့ ဂ်ရတ္နဲ႔ မက္အယ္လစ္စတာတို႔ ထံကေန သင္ယူသင့္တယ္လို႔ ကယ္ဗင္ဖီးလစ္က တိုက္တြန္းခဲ့ပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဘာကာ၊ ရီးရဲလ္တို႔အျပင္ အသင္းမ်ားစြာက ဖလားစိန္ေခၚလာမွာ ျဖစ္လို႔ ယခင္ႏွစ္ေတြထက္ ပိုၿပီး ျပင္းထန္ လာလိမ့္မယ္ လို႔ လမ္းပတ္က ယုံၾကည္ေနေပမယ့္ အက္သလက္တီကိုနဲ႔ မဲက်တာက အခက္ခဲဆုံးၿပိဳင္ပြဲပဲလို႔ ေျပာဆိုခဲ့ပါတယ္။

ပီတာခ်က္ဟာ ကစားပြဲေတြဆီ ပထမဆုံးအႀကိမ္ျပန္လာၿပီး ခ်ယ္ဆီး ယူ ၂၃ အသင္းနဲ႔ စပါး ယူ၂၃ တို႔ရဲ႕ပြဲမွာ ပါဝင္ကစားေပးခဲ့ျပေနာက္ ေမွ်ာ္လင့္ထားသလို မျဖစ္ခဲ့ပဲ ၂ ဂိုးေပးခဲ့ရေပမယ့္ အဆုံးသတ္မွာေတာ့ ခ်ယ္ဆီးက ၃-၂ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ပူလီဆစ္ဟာ ရာသီအေစာပိုင္းမွာ တံေကာက္ေၾကာဒဏ္ရာနဲ႔ တလ နားခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ပြဲရဲ႕ လူစာရင္းမွာ မပါဝင္ခဲ့ေပမယ့္ ဒီတစ္ပတ္ ဝုလ္ဗ္နဲ႔ အေဝးကြင္းပြဲမွာေတာ့ ပါဝင္လာမွာျဖစ္ေၾကာင္း လမ္းပတ္က သတင္းေပးခဲ့ပါတယ္။

မႏွစ္က အဆင့္၄ ရခဲ့တဲ့ ခ်ယ္ဆီးဟာ ဒီႏွစ္မွာလား ထိပ္ဆုံးကအသင္းနဲ႔ ၃ မွတ္သာ ကြာဟေနသလို လမ္းပတ္ဟာ ထိပ္တန္းနည္းျပျဖစ္ဖို႔ လိုအပ္တဲ့ အရည္အခ်င္း အားလုံး ရွိတယ္ဆိုတာ သက္ေသျပေနတယ္လို႔ အက္ရွ္ေလကိုးလ္က ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္မွာ အခက္ခဲဆုံးၿပိဳင္ဘက္ျဖစ္တဲ့ အက္သလက္တီကိုနဲ႔ မဲက်ခဲ့တဲ့ေနာက္ ကြာတားတက္ခြင့္ရဖို႔အတြက္ တီကိုၾကယ္ပြင့္ ဂြၽာအိုဖီးလစ္ကို လႈပ္မရေအာင္ ထိန္းခ်ဳပ္ဖို႔လိုတယ္လို႔ လမ္းပတ္က သူ႔အသင္းကို သတိေပးခဲ့ပါတယ္။