အာတီတာဟာ အာဆင်နယ် အသင်းကို ဦးဆောင်နိုင်တဲ့ အကောင်းဆုံး နည်းပြ တစ်ယောက် ဖြစ်တယ်လို့ ၎င်းရဲ့ မန်စီးတီးမှ လုပ်ဖော်ကိုင်ဖက်ဟောင်း နည်းပြ ပက် ဂွာဒီယိုလာက ထောက်ခံပြောဆိုလိုက်ပါတယ်။
ဝေဖန်မှုတွေ ခံလာရတဲ့ နည်းပြ အာတီတာဘက်မှ အာဆင်နယ် အကြီးအကဲ အီဒူးကလည်း ထောက်ခံပေးနေကြောင်း အသိပေးခဲ့တဲ့ အပြင် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ငွေကြေး များများ သုံးစွဲမှာ မဟုတ်တဲ့ အကြောင်းပါ ဆိုခဲ့ပါတယ်။
ယူရိုပါလိဂ် ၃၂ သင်း အဆင့် ပွဲစဉ်တွေအတွက် မဲခွဲမှုများ မနေ့က ပြုလုပ်ခဲ့ရာ အာဆင်နယ်အသင်းဟာ ပေါ်တူဂီကလပ် ဘင်ဖီကာ အသင်းနဲ့ တွေ့ဆုံနေပါတယ်။
အထုတ်ပယ်ခံရဖို့ ရေပန်းစားလာပြန်တဲ့ အာဆင်နယ် နည်းပြ အာတီတာ နေရာမှာ အစားထိုးဖို့ ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီကလည်း သတင်းကြီးလာနေပါတယ်။
လန်ဒန်မြို့ခံ ကလပ်အသင်းတွေဟာ ကွင်းထဲ ပရိသတ် ဝင်ခွင့် ပြန်လည် ကန့်သတ်ခံလိုက်ရတာကြောင့် ဆောက်သမ်တန်နဲ့ ပွဲက ပရိသတ် မပါဘဲ ကွင်းပိတ် ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ အဲဗာတန် အသင်းတို့ဟာ ပြင်သစ်ကလပ် ရိမ်းစ်အသင်းမှ တိုက်စစ်သမား Boulaye Dia ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်လာပြီး အသက် ၂၄ နှစ် အရွယ် ကစားသမားကို မာဆေးနဲ့ လိုင်ယွန်တို့ကလည်း စောင့်ကြည့်နေပါတယ်။
Zawgyi – အာတီတာဟာ အာဆင္နယ္ အသင္းကို ဦးေဆာင္နုိင္တဲ့ အေကာင္းဆံုး နည္းျပ တစ္ေယာက္ ျဖစ္တယ္လို႔ ၄င္းရဲ႕ မန္စီးတီးမွ လုပ္ေဖာ္ကိုင္ဖက္ေဟာင္း နည္းျပ ပက္ ဂြာဒီယိုလာက ေထာက္ခံေျပာဆိုလိုက္ပါတယ္။
ေ၀ဖန္မႈေတြ ခံလာရတဲ့ နည္းျပ အာတီတာဘက္မွ အာဆင္နယ္ အၾကီးအကဲ အီဒူးကလည္း ေထာက္ခံေပးေနေၾကာင္း အသိေပးခဲ့တဲ့ အျပင္ လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ေငြေၾကး မ်ားမ်ား သံုးစြဲမွာ မဟုတ္တဲ့ အေၾကာင္းပါ ဆိုခဲ့ပါတယ္။
ယူရိုပါလိဂ္ ၃၂ သင္း အဆင့္ ပြဲစဥ္ေတြအတြက္ မဲခြဲမႈမ်ား မေန႔က ျပဳလုပ္ခဲ့ရာ အာဆင္နယ္အသင္းဟာ ေပၚတူဂီကလပ္ ဘင္ဖီကာ အသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။
အထုတ္ပယ္ခံရဖို႔ ေရပန္းစားလာျပန္တဲ့ အာဆင္နယ္ နည္းျပ အာတီတာ ေနရာမွာ အစားထိုးဖို႔ ဂ်ဴဗင္တပ္ နည္းျပေဟာင္း အယ္လီဂရီကလည္း သတင္းၾကီးလာေနပါတယ္။
လန္ဒန္ျမိဳ႔ခံ ကလပ္အသင္းေတြဟာ ကြင္းထဲ ပရိသတ္ ၀င္ခြင့္ ျပန္လည္ ကန္႔သတ္ခံလိုက္ရတာေၾကာင့္ ေဆာက္သမ္တန္နဲ႕ ပြဲက ပရိသတ္ မပါဘဲ ကြင္းပိတ္ ကစားရမွာ ျဖစ္ပါတယ္။
အာဆင္နယ္နဲ႕ အဲဗာတန္ အသင္းတို႔ဟာ ျပင္သစ္ကလပ္ ရိမ္းစ္အသင္းမွ တုိက္စစ္သမား Boulaye Dia ကို ေခၚယူလိုတဲ့ အသင္းေတြထဲ ပါ၀င္လာျပီး အသက္ ၂၄ နွစ္ အရြယ္ ကစားသမားကို မာေဆးနဲ႕ လိုင္ယြန္တို႔ကလည္း ေစာင့္ၾကည့္ေနပါတယ္။