ဘရန်ဒန်ဝီလီယံဟာ ယူနိုက်တက်မှာ တဲလက်စ်နဲ့ လုခ်ရှောတို့ရဲ့နောက် တတိယဦးစားပေး ကစားသမားသာဖြစ်ခဲ့ပြီး ဒီရာသီ လိဂ်မှာ ၆ မိနစ် သာ ကစားခဲ့ရသလို ဆောက်သမ်တန်က သူ့ကို ဇန်နဝါရီမှာ အငှားခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
ယူနိုက်တက်အတွက် အားထားရတဲ့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ပြင်းပြတဲ့ စိတ်ဓာတ်ခိုင်မာမှု ရှိသလို သဘောထားလည်း ကြီးသူ ဖြစ်ကြောင်း အသင်းဖော် တဲလက်စ်က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ စပို့တင်း လူငယ်ကြယ်ပွင့် ဘယ်စွန်ခံစစ်မှူး နူနို မန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း ပေါ်တူဂီ သတင်းဌာနတွေ့ ဖော်ထုတ်သွားပါတယ်။ ဆယ်ကျော်သက်လူငယ်လေးကို ရီးရဲလ်၊ အင်တာ၊ ဂျူဗင်တပ်နဲ့ လီဗာပူးအသင်းတို့ကလည်း စောင့်ကြည့်နေဆဲပါ။
ယူနိုက်တက် ချိတ်ဆက်နေတဲ့ ပစ်မှတ်တွေထဲ ပါဝင်တဲ့ ဒိုင်ဘားလားဟာ လက်ရှိကလပ် ဂျူဗင်တပ်နဲ့ သက်တမ်းတိုးလိုပြီး ကလပ်ဘက်ကလည်း အလိုရှိနေပေမယ့် အခုထိ သက်တမ်းတိုး သဘောတူညီမှု မရသေးတာကြောင့် အခြား ဖြစ်နိုင်ဖွယ် ကလပ်များ ရှာဖွေလိုနေပါတယ်။
မိုဒီ တိုက်စစ်မှူး လီကီ ဂျိမ်းစ်ကတော့ ယူရိုပါလိဂ် ၃၂ သင်း အဆင့်မှာ ၎င်းတို့ နည်းပြဟောင်း ဆိုးရှား ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုကတက်နဲ့ ဆုံလိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ မိုဒီအသင်းက ၃၂သင်းအဆင့်မှာ ဟော့ဖန်ဟိမ်း အသင်းနဲ့ တွေ့ဆုံနေပါတယ်။
မန်ချက်စတာကလပ်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ အေးဂျင့် ရွိုင်းအိုလာကတော့ သူ့ရဲ့ ကစားသမား ပေါ့ဘာဟာ ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဖြစ်နိုင်ဖို့ ခဲယဉ်းပေမယ့် နွေမှာတော့ အသင်းပြောင်းဖြစ်မှာ ဖြစ်ကြောင်း ထပ်မံ ပြောဆိုလာပြန်ပါတယ်။
Zawgyi – ဘရန္ဒန္ဝီလီယံဟာ ယူႏိုက္တက္မွာ တဲလက္စ္နဲ႔ လုခ္ေရွာတို႔ရဲ႕ေနာက္ တတိယဦးစားေပး ကစားသမားသာျဖစ္ခဲ့ၿပီး ဒီရာသီ လိဂ္မွာ ၆ မိနစ္ သာ ကစားခဲ့ရသလို ေဆာက္သမ္တန္က သူ႔ကို ဇန္နဝါရီမွာ အငွားေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။
ယူနိုက္တက္အတြက္ အားထားရတဲ့ ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ ျပင္းျပတဲ့ စိတ္ဓာတ္ခိုင္မာမႈ ရွိသလို သေဘာထားလည္း ၾကီးသူ ျဖစ္ေၾကာင္း အသင္းေဖာ္ တဲလက္စ္က ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ စပို႔တင္း လူငယ္ၾကယ္ပြင့္ ဘယ္စြန္ခံစစ္မွဴး နူနို မန္ဒက္စ္ကို ေခၚယူဖို႔ စိတ္၀င္စားေနဆဲ ျဖစ္ေၾကာင္း ေပၚတူဂီ သတင္းဌာနေတြ႕ ေဖာ္ထုတ္သြားပါတယ္။ ဆယ္ေက်ာ္သက္လူငယ္ေလးကို ရီးရဲလ္၊ အင္တာ၊ ဂ်ဴဗင္တပ္နဲ႕ လီဗာပူးအသင္းတို႔ကလည္း ေစာင့္ၾကည့္ေနဆဲပါ။
ယူနိုက္တက္ ခ်ိတ္ဆက္ေနတဲ့ ပစ္မွတ္ေတြထဲ ပါ၀င္တဲ့ ဒိုင္ဘားလားဟာ လက္ရွိကလပ္ ဂ်ဴဗင္တပ္နဲ႕ သက္တမ္းတိုးလိုျပီး ကလပ္ဘက္ကလည္း အလိုရွိေနေပမယ့္ အခုထိ သက္တမ္းတိုး သေဘာတူညီမႈ မရေသးတာေၾကာင့္ အျခား ျဖစ္နိုင္ဖြယ္ ကလပ္မ်ား ရွာေဖြလိုေနပါတယ္။
မိုဒီ တိုက္စစ္မွဴး လီကီ ဂ်ိမ္းစ္ကေတာ့ ယူရိုပါလိဂ္ ၃၂ သင္း အဆင့္မွာ ၄င္းတို႔ နည္းျပေဟာင္း ဆိုးရွား ကိုင္တြယ္ေနတဲ့ မန္ခ်က္စတာ ယူနို္ကတက္နဲ႕ ဆံုလိုခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ မိုဒီအသင္းက ၃၂သင္းအဆင့္မွာ ေဟာ့ဖန္ဟိမ္း အသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။
မန္ခ်က္စတာကလပ္နဲ႕ ဆက္ဆံေရး တင္းမာေနတဲ့ ေအးဂ်င့္ ရြိဳင္းအိုလာကေတာ့ သူ႔ရဲ႕ ကစားသမား ေပါ့ဘာဟာ ဇန္န၀ါရီမွာ အေျပာင္းအေရႊ႕ ျဖစ္နုိင္ဖို႔ ခဲယဥ္းေပမယ့္ ေႏြမွာေတာ့ အသင္းေျပာင္းျဖစ္မွာ ျဖစ္ေၾကာင္း ထပ္မံ ေျပာဆိုလာျပန္ပါတယ္။