ချယ်ဆီးအသင်းဟာ ညက ဝုလ်ဗ်နဲ့ ပွဲမှာ ဂျီရူး သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သော်လည်း အိမ်ရှင်အသင်းက ချေပဂိုးအပြင် အနိုင်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူသွားခဲ့တဲ့နောက် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
၄ရက်အတွင်း ၂ ပွဲဆက်ရှုံးခဲ့တဲ့နောက် ဝုလ်ဗ်နဲ့ပွဲမှာ ချယ်ဆီးရဲ့ ကစားပုံကို နည်းပြ လမ်းပတ်က စိတ်ပျက်နေခဲ့ပြီး သူတို့မှာရှိသင့်တဲ့ အရည်အသွေးနဲ့ အဆင့်အတန်းတွေ ပျောက်ဆုံးနေကာ တိုးတက်ဖို့ အများကြီးလိုအပ်နေသေးတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ဖလားစိန်ခေါ်နိုင်သူတွေအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လိဂ်၂ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့နောက် သူတို့ဟာ ပရီးမီးယားလိဂ် ဖလား အောင်မြင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယုံကြည်ကြောင်း ပေါလ်စခိုးက ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဇီယက်ခ်ျနဲ့ အိုဒွိုင်းတို့ဟာ တံကောက်ကြော ဒဏ်ရာတွေကြောင့် ခရက်စ်နိုဒါ၊ အဲဗာတန်၊ ဝုလ်ဗ်တို့နဲ့ ပွဲတွေကို လွဲချော်ခဲ့တဲ့နောက် ဒီတစ်ပတ်မှာ အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်တော့မှာဖြစ်သလို ပွဲကျပ်ကာလမှာ သူတို့ပါဝင်နိုင်ဖို့ လမ်းပတ်က မျှော်လင့်နေပါတယ်။
တီမိုဗာနာဟာ ပွဲကစားတာ ခဏနားပြီး သူ့ရဲ့အဆုံးသတ်ပိုင်း တိုးတက်ဖို့ ကြိုးစားလေ့ကျင့်သင့်တယ်လို့ ဂျိုကိုးလ်က ထင်မြင်နေသလို တခြား ကစားသမားတွေ ပြန်လာနိုင်တဲ့အခါ သူ့ကို အသင်းလူစာရင်းကနေ ချန်လှပ်ထားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒုတိယအကြိမ် ခြေချော်ပြီး အဆင့်၁နေရာ ရနိုင်မယ့်အခွင့်အရေးကို ထပ်မံလွဲချော်ခဲ့တဲ့နောက် လမ်းပတ်က သူ့ကစားသမားတွေရဲ့ စိတ်ဓာတ် အပေါ် မေးခွန်းထုတ်ခဲ့ပြီး ကောင်းကောင်းမကစားနိုင်ရင် တန်ပြန်တိုက်စစ်တွေ မပေးရအောင် တားဆီးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးရဲ့ ၃ မှတ်ရလိုတဲ့ ဆန္ဒပြင်းပြမှုကြောင့် ဝုလ်ဗ်ကိုရှုံးခဲ့တာဖြစ်တယ်လို့ ကန်တေက သုံးသပ်ခဲ့ပြီး အရှေ့ကို အရမ်းတိုးပြီးဆော့တာကြောင့် အနောက်မှာ ပြိုင်ဘက်တွေအတွက် အခွင့်အရေးရစေတဲ့ နေရာလွတ်တွေဖြစ်စေခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
ချယ်ဆီးဟာ တိုက်စစ် အဆုံးသတ်ပိုင်းမှာ အရည်အသွေးကင်းမဲ့နေခဲ့တာဖြစ်တယ်လို့ ဂျိုကိုးလ်က ဝေဖန်ခဲ့ပြီး နောက်တစ်ပတ် ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် လမ်းပတ်အနေနဲ့ အပြောင်းအလဲတချို့လုပ်ဖို့လိုနေပြီလို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပွဲမတိုင်ခင်ထဲက ချယ်ဆီးကစားသမားတွေဟာ ပင်ပန်းနေခဲ့ကြတာဖြစ်တယ်လို့ လမ်းပတ်က ဝန်ခံခဲ့ပြီး ဒါက ဆင်ခြေမဟုတ်ပေမယ့် နှစ်ပွဲဆက် ခက်ခဲတဲ့ အဝေးကွင်းပွဲတွေ ကစားရတာက ပွဲကျပ်ကာလမှာ အထိနာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ၀ုလ္ဗ္နဲ႔ ပြဲမွာ ဂ်ီရူး သြင္းဂိုးနဲ႕ ဦးေဆာင္နုိင္ခဲ့ေသာ္လည္း အိမ္ရွင္အသင္းက ေခ်ပဂိုးအျပင္ အနုိင္ဂိုးကို ပြဲျပီးခါနီး နာက်င္အခ်ိန္ပိုမွာ သြငး္ယူသြားခဲ့တဲ့ေနာက္ ၂-၁ နဲ႕ ရွံဳးနိမ့္ခဲ့ရပါတယ္။
၄ရက္အတြင္း ၂ ပြဲဆက္ရႈံးခဲ့တဲ့ေနာက္ ဝုလ္ဗ္နဲ႔ပြဲမွာ ခ်ယ္ဆီးရဲ႕ ကစားပုံကို နည္းျပ လမ္းပတ္က စိတ္ပ်က္ေနခဲ့ၿပီး သူတို႔မွာရွိသင့္တဲ့ အရည္အေသြးနဲ႔ အဆင့္အတန္းေတြ ေပ်ာက္ဆုံးေနကာ တိုးတက္ဖို႔ အမ်ားႀကီးလိုအပ္ေနေသးတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဖလားစိန္ေခၚႏိုင္သူေတြအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ လိဂ္၂ပြဲဆက္ ရႈံးနိမ့္ခဲ့တဲ့ေနာက္ သူတို႔ဟာ ပရီးမီးယားလိဂ္ ဖလား ေအာင္ျမင္ဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ယုံၾကည္ေၾကာင္း ေပါလ္စခိုးက ဖြင့္ဟေျပာၾကားခဲ့ပါတယ္။
ဇီယက္ခ္်နဲ႔ အိုဒြိဳင္းတို႔ဟာ တံေကာက္ေၾကာ ဒဏ္ရာေတြေၾကာင့္ ခရက္စ္ႏိုဒါ၊ အဲဗာတန္၊ ဝုလ္ဗ္တို႔နဲ႔ ပြဲေတြကို လြဲေခ်ာ္ခဲ့တဲ့ေနာက္ ဒီတစ္ပတ္မွာ အသင္းနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ေတာ့မွာျဖစ္သလို ပြဲက်ပ္ကာလမွာ သူတို႔ပါဝင္ႏိုင္ဖို႔ လမ္းပတ္က ေမွ်ာ္လင့္ေနပါတယ္။
တီမိုဗာနာဟာ ပြဲကစားတာ ခဏနားၿပီး သူ႔ရဲ႕အဆုံးသတ္ပိုင္း တိုးတက္ဖို႔ ႀကိဳးစားေလ့က်င့္သင့္တယ္လို႔ ဂ်ိဳကိုးလ္က ထင္ျမင္ေနသလို တျခား ကစားသမားေတြ ျပန္လာႏိုင္တဲ့အခါ သူ႔ကို အသင္းလူစာရင္းကေန ခ်န္လွပ္ထားသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဒုတိယအႀကိမ္ ေျခေခ်ာ္ၿပီး အဆင့္၁ေနရာ ရႏိုင္မယ့္အခြင့္အေရးကို ထပ္မံလြဲေခ်ာ္ခဲ့တဲ့ေနာက္ လမ္းပတ္က သူ႔ကစားသမားေတြရဲ႕ စိတ္ဓာတ္ အေပၚ ေမးခြန္းထုတ္ခဲ့ၿပီး ေကာင္းေကာင္းမကစားႏိုင္ရင္ တန္ျပန္တိုက္စစ္ေတြ မေပးရေအာင္ တားဆီးသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးရဲ႕ ၃ မွတ္ရလိုတဲ့ ဆႏၵျပင္းျပမႈေၾကာင့္ ဝုလ္ဗ္ကိုရႈံးခဲ့တာျဖစ္တယ္လို႔ ကန္ေတက သုံးသပ္ခဲ့ၿပီး အေရွ႕ကို အရမ္းတိုးၿပီးေဆာ့တာေၾကာင့္ အေနာက္မွာ ၿပိဳင္ဘက္ေတြအတြက္ အခြင့္အေရးရေစတဲ့ ေနရာလြတ္ေတြျဖစ္ေစခဲ့တယ္လို႔ ေထာက္ျပခဲ့ပါတယ္။
ခ်ယ္ဆီးဟာ တိုက္စစ္ အဆုံးသတ္ပိုင္းမွာ အရည္အေသြးကင္းမဲ့ေနခဲ့တာျဖစ္တယ္လို႔ ဂ်ိဳကိုးလ္က ေဝဖန္ခဲ့ၿပီး ေနာက္တစ္ပတ္ ဝက္စ္ဟမ္းနဲ႔ ပြဲမတိုင္ခင္ လမ္းပတ္အေနနဲ႔ အေျပာင္းအလဲတခ်ိဳ႕လုပ္ဖို႔လိုေနၿပီလို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
ပြဲမတိုင္ခင္ထဲက ခ်ယ္ဆီးကစားသမားေတြဟာ ပင္ပန္းေနခဲ့ၾကတာျဖစ္တယ္လို႔ လမ္းပတ္က ဝန္ခံခဲ့ၿပီး ဒါက ဆင္ေျခမဟုတ္ေပမယ့္ ႏွစ္ပြဲဆက္ ခက္ခဲတဲ့ အေဝးကြင္းပြဲေတြ ကစားရတာက ပြဲက်ပ္ကာလမွာ အထိနာေစတယ္လို႔ ေျပာဆိုခဲ့ပါတယ္။