အာဆင်နယ်ရဲ့ လက်ရှိ ဆိုးဝါးတဲ့ ပုံစံဟာ တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီ ပြန် ပါဝင် ကစားနိုင်တာနဲ့ အလုံးစုံ ပြန်ကောင်းသွားမယ်လို့ မျှော်လင့် မထားကြဖို့ နည်းပြ အာတီတာက သတိပေးစကား ဆိုလိုက်ပါတယ်။
ဝုဗ်နဲ့ ပွဲမှာ ဦးခေါင်း ပြင်းထန်စွာ ထိခိုက်ခဲ့တဲ့ ခံစစ်မှူး ဒေးဗစ် လူးဝစ် ဟာ ထရိန်နင်မှာ အပြည့် ပြန် ပါဝင်နေပြီ ဖြစ်ပေမယ့် ဗုဒ္ဓဟူးနေ့ ပွဲစဉ်မှာ ပြန် ပါဝင်စေမလား စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းသားတွေဟာ နည်းပြ အာတီတာရဲ့ ပြောဆို ညွှန်ကြားမှုတွေကို နားမထောင်ဘဲ လျစ်လျူရှုကာ ထင်သလို ဖြစ်နေကြတယ်လို့ ယူဆရကြောင်း ဒါရင်း ဘန့်ကတော့ ထောက်ပြသွားပါတယ်။
ဆောက်သမ်တန် နည်းပြ ဟက်ဆန်ဟော့ကတော့ အာဆင်နယ်နဲ့ ပွဲမှာ ၎င်းတို့ အသင်းက နိုင်ဖို့ ရေပန်းစားတဲ့ အသင်း မဟုတ်ပါဘူးလို့ ငြင်းပယ် ပြောဆိုခဲ့ပါတယ်။
အနီကတ်ကြောင့် ၃ ပွဲပယ်ထိထားတဲ့ ကွင်းလယ် ကစားသမား ဇာခါကတော့ ဒီတစ်ပတ် ဆောက်သမ်တန်ပွဲ အပြင် အဲဗာတန်နဲ့ အဝေးကွင်းပွဲ၊ မန်စီးတီးနဲ့ ကာရာဘောင်းဖလားပွဲတွေကိုပါ လွဲချော်ဦးမှာပါ။
ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ တွေ့နေတဲ့ ဆောက်သမ်တန်နဲ့ မှတ်တမ်းမှာ အာဆင်နယ်အသင်းဟာ အိမ်ကွင်း ၂၁ ပွဲ ကစားဖူးရာ နိုင်ပွဲ ၁၅ ပွဲနဲ့ သရေ ၆ ပွဲ ရှိထားပြီး ရှုံးပွဲ မရှိတဲ့ အချက်အလက်ကောင်း ပိုင်ဆိုင်ထားပါတယ်။
Zawgyi – အာဆင္နယ္ရဲ႕ လက္ရွိ ဆိုး၀ါးတဲ့ ပံုစံဟာ တိုက္စစ္သမား နစ္ကိုးလပ္စ္ ပီပီ ျပန္ ပါ၀င္ ကစားနုိင္တာနဲ႕ အလံုးစံု ျပန္ေကာင္းသြားမယ္လို႔ ေမွ်ာ္လင့္ မထားၾကဖို႔ နည္းျပ အာတီတာက သတိေပးစကား ဆိုလိုက္ပါတယ္။
၀ုဗ္နဲ႕ ပြဲမွာ ဦးေခါင္း ျပင္းထန္စြာ ထိခိုက္ခဲ့တဲ့ ခံစစ္မွဴး ေဒးဗစ္ လူး၀စ္ ဟာ ထရိန္နင္မွာ အျပည့္ ျပန္ ပါ၀င္ေနျပီ ျဖစ္ေပမယ့္ ဗုဒၶဟူးေန႔ ပြဲစဥ္မွာ ျပန္ ပါ၀င္ေစမလား စစ္ေဆးရဦးမွာ ျဖစ္ပါတယ္။
အာဆင္နယ္ အသင္းသားေတြဟာ နည္းျပ အာတီတာရဲ႕ ေျပာဆို ညႊန္ၾကားမႈေတြကို နားမေထာင္ဘဲ လ်စ္လ်ဴရႈကာ ထင္သလို ျဖစ္ေနၾကတယ္လို႔ ယူဆရေၾကာင္း ဒါရင္း ဘန္႔ကေတာ့ ေထာက္ျပသြားပါတယ္။
ေဆာက္သမ္တန္ နည္းျပ ဟက္ဆန္ေဟာ့ကေတာ့ အာဆင္နယ္နဲ႕ ပြဲမွာ ၄င္းတို႔ အသင္းက နုိင္ဖို႔ ေရပန္းစားတဲ့ အသင္း မဟုတ္ပါဘူးလို႔ ျငင္းပယ္ ေျပာဆိုခဲ့ပါတယ္။
အနီကတ္ေၾကာင့္ ၃ ပြဲပယ္ထိထားတဲ့ ကြင္းလယ္ ကစားသမား ဇာခါကေတာ့ ဒီတစ္ပတ္ ေဆာက္သမ္တန္ပြဲ အျပင္ အဲဗာတန္နဲ႕ အေ၀းကြင္းပဲြ၊ မန္စီးတီးနဲ႕ ကာရာေဘာင္းဖလားပြဲေတြကိုပါ လြဲေခ်ာ္ဦးမွာပါ။
ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ေတြ႔ေနတဲ့ ေဆာက္သမ္တန္နဲ႕ မွတ္တမ္းမွာ အာဆင္နယ္အသင္းဟာ အိမ္ကြင္း ၂၁ ပြဲ ကစားဖူးရာ နုိင္ပြဲ ၁၅ ပြဲနဲ႕ သေရ ၆ ပြဲ ရွိထားျပီး ရွံဳးပဲြ မရွိတဲ့ အခ်က္အလက္ေကာင္း ပိုင္ဆိုင္ထားပါတယ္။