ချယ်ဆီးအတွက် တိုမိုရီဟာ ဒီရာသီ လိဂ်တစ်ပွဲသာ ကစားခွင့်ရခဲ့တဲ့နောက် ဇန်နဝါရီမှာ ရန်းနက်စ်ကို ပြောင်းရွှေ့ဖို့ များနေပြီး လိဒ်စ်ကတော့ သူ့ကို လက်လွှတ်လိုက်ရဖို့ ရှိနေပါတယ်။
အီမာဆန်ဟာ ချယ်ဆီးမှာ နေရာပျောက်နေခဲ့ပြီး အင်တာကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပေမယ့် လန်ဒန်ကလပ်က ဇန်နဝါရီမှာ သူ့ကို စတန်းဖို့ဒ် ဘရစ်ခ်ျ ကနေ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။
ဂျီရူးဟာ နောက်ဆုံး၅ပွဲမှာ ၄ပွဲ ပွဲထွက်ခွင့်ရခဲ့ပြီး ပုံမှန်ကစားခွင့် ရနေပြီဖြစ်တာကြောင့် ချယ်ဆီးမှာ ပျော်နေပြီဖြစ်သလို အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေခဲ့တဲ့ အနာဂတ် မရေရာမှုတွေကို အဆုံးသတ်ပြီး ကလပ်မှာပဲ ဆက်နေလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
ချယ်ဆီးလူငယ်ကစားသမား မက်ဂူဟီဟာ ဒီရာသီ ဆွမ်ဆီးမှာအငှားကစားရင်း အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့တာကြောင့် လမ်းပတ်နဲ့ နည်းပြအဖွဲ့ဝင် တွေက သူ့ကို အနီးကပ် စောင့်ကြည့်နေပြီး အသင်းကြီးထံ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ကတ်ဇူးမားနဲ့ ဆေးဗားတို့ရဲ့ အောင်မြင်တဲ့ တွဲဖက်မှုအပြင် ချယ်ဆီးမှာ ဗဟိုနောက်ခံလူ အလုံအလောက်ရှိတာကြောင့် ဇန်နဝါရီမှာ ကစားသမားတွေ ရောင်းချမယ့် မာရီနာရဲ့ စီမံကိန်းထဲမှာ နေရာပျောက်နေတဲ့ ခရစ္စတန်ဆန်လဲ ပါဝင်သွားနိုင်ပါတယ်။
လိဂ် ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့နောက် ပွဲပန်းမှုဒဏ်တွေကြားမှာ ဒါက အံ့ဩစရာ မဟုတ်ဘူးလို့ လမ်းပတ်က ဖွင့်ဟခဲ့သလို ဒီရှုံးပွဲတွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ အသင်းရဲ့အဆင့်အတန်းကို ထိန်းသိမ်းဖို့ ပိုကြိုးစားရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ချန်ပီယံလိဂ်မှာ အက်သလက်တီကိုနဲ့ တွေ့ဆုံတဲ့အခါ ကော်စတာနဲ့ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်ခြိမ်းခြောက်မှုကို ကြောက်ဖို့မလိုဘူးလို့ မက်မန်နာမန်းက အားပေးခဲ့ပြီး သူတို့ကို အနိုင်ယူဖို့ ယုံကြည်ထားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ကစားသမားဘဝမှာ အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ လမ်းပတ်အနေနဲ့ လူငယ်တွေကို အခွင့်အရေးပေးတဲ့အတွက် ပေါလ်စခိုးက ချီးကျူးခဲ့သလို မေဆန်မောင့်ကိုလဲ သူ့နည်းပြခြေရာနင်းနိုင်အောင်ကြိုးစားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအတြက္ တိုမိုရီဟာ ဒီရာသီ လိဂ္တစ္ပြဲသာ ကစားခြင့္ရခဲ့တဲ့ေနာက္ ဇန္နဝါရီမွာ ရန္းနက္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ မ်ားေနျပီး လိဒ္စ္ကေတာ့ သူ႔ကို လက္လႊတ္လိုက္ရဖို႔ ရွိေနပါတယ္။
အီမာဆန္ဟာ ခ်ယ္ဆီးမွာ ေနရာေပ်ာက္ေနခဲ့ၿပီး အင္တာကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ လန္ဒန္ကလပ္က ဇန္နဝါရီမွာ သူ႔ကို စတန္းဖို႔ဒ္ ဘရစ္ခ္် ကေန ထြက္ခြာခြင့္ေပးမွာမဟုတ္ဘူးလို႔ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။
ဂ်ီ႐ူးဟာ ေနာက္ဆုံး၅ပြဲမွာ ၄ပြဲ ပြဲထြက္ခြင့္ရခဲ့ၿပီး ပုံမွန္ကစားခြင့္ ရေနၿပီျဖစ္တာေၾကာင့္ ခ်ယ္ဆီးမွာ ေပ်ာ္ေနၿပီျဖစ္သလို အသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ေနခဲ့တဲ့ အနာဂတ္ မေရရာမႈေတြကို အဆုံးသတ္ၿပီး ကလပ္မွာပဲ ဆက္ေနလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။
ခ်ယ္ဆီးလူငယ္ကစားသမား မက္ဂူဟီဟာ ဒီရာသီ ဆြမ္ဆီးမွာအငွားကစားရင္း အထင္ႀကီးစရာ လုပ္ျပႏိုင္ခဲ့တာေၾကာင့္ လမ္းပတ္နဲ႔ နည္းျပအဖြဲ႕ဝင္ ေတြက သူ႔ကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီး အသင္းႀကီးထံ ေခၚယူဖို႔ စဥ္းစားေနပါတယ္။
ကတ္ဇူးမားနဲ႔ ေဆးဗားတို႔ရဲ႕ ေအာင္ျမင္တဲ့ တြဲဖက္မႈအျပင္ ခ်ယ္ဆီးမွာ ဗဟိုေနာက္ခံလူ အလုံအေလာက္ရွိတာေၾကာင့္ ဇန္နဝါရီမွာ ကစားသမားေတြ ေရာင္းခ်မယ့္ မာရီနာရဲ႕ စီမံကိန္းထဲမွာ ေနရာေပ်ာက္ေနတဲ့ ခရစၥတန္ဆန္လဲ ပါဝင္သြားႏိုင္ပါတယ္။
လိဂ္ ၂ ပြဲဆက္ ရႈံးပြဲေတြ႕ခဲ့တဲ့ေနာက္ ပြဲပန္းမႈဒဏ္ေတြၾကားမွာ ဒါက အံ့ဩစရာ မဟုတ္ဘူးလို႔ လမ္းပတ္က ဖြင့္ဟခဲ့သလို ဒီရႈံးပြဲေတြကို သင္ခန္းစာယူၿပီး အနာဂတ္မွာ အသင္းရဲ႕အဆင့္အတန္းကို ထိန္းသိမ္းဖို႔ ပိုႀကိဳးစားရလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္မွာ အက္သလက္တီကိုနဲ႔ ေတြ႕ဆုံတဲ့အခါ ေကာ္စတာနဲ႔ ဆြာရက္ဇ္တို႔ရဲ႕ တိုက္စစ္ၿခိမ္းေျခာက္မႈကို ေၾကာက္ဖို႔မလိုဘူးလို႔ မက္မန္နာမန္းက အားေပးခဲ့ၿပီး သူတို႔ကို အႏိုင္ယူဖို႔ ယုံၾကည္ထားသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။
ကစားသမားဘဝမွာ အေကာင္းဆုံး ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့ လမ္းပတ္အေနနဲ႔ လူငယ္ေတြကို အခြင့္အေရးေပးတဲ့အတြက္ ေပါလ္စခိုးက ခ်ီးက်ဴးခဲ့သလို ေမဆန္ေမာင့္ကိုလဲ သူ႔နည္းျပေျခရာနင္းႏိုင္ေအာင္ႀကိဳးစားဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။