ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (17/12/20)

အာဆင်နယ်အသင်းဟာ ညက အမ်းမရိတ်မှာ ဆောက်သမ်တန် အသင်းကို ဧည့်ခံ ကစားခဲ့ရာ ၁ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ထိုပွဲမှာ အသင်းခေါင်းဆောင် အူဘာမီးယန်း ဂိုးပေါက် ပြန်တွေ့ခဲ့ပေမယ့် ခံစစ်မှူး ဂါဘရီရယ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂန်းနားတို့ ပွဲချိန် မိနစ် ၃၀ လောက် ၁၀ ယေက်တည်းနဲ့ ကစားခဲ့ရပါတယ်။

နည်းပြ အာတီတာကတော့ အာဆင်နယ်အသင်းသားတွေဟာ အသက်ပေးပြီး ကာကွယ်သလိုကို ခံစစ် အားစိုက် ကာကွယ်သွားကြကြောင်း စိန့်နဲ့ ပွဲ အပြီးမှာ ချီးကျူးခဲ့ပါတယ်။

အာဆင်နယ် အသင်းသားတွေဟာ ရပ်တည်မှုပိုင်း မကောင်းသလို စည်းကမ်းပိုင်းလည်း မရှိ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း မရှိ ဖြစ်နေရကြောင်း ဂိုးသမား လီနိုက ဖွင့်ဟခဲ့ပါတယ်။

နည်းပြ အာတီတာဟာ တကယ့်တကယ် အရေးဆို အားကိုးလောက်စရာ ကစားသမားကောင်း မရှိဘဲ လူငယ် ကစားသမား ဆာကာ ကိုသာ အားထားနေရကြောင်း ကီဗင် ကမ့်ဘဲလ်က ထောက်ပြခဲ့ပါတယ်။

ပွဲအပြီး ပရိသတ်တွေရဲ့ ဝေဖန် ပေါက်ကွဲမှုတွေ အပြင် နည်းပြ အာတီတာကို ထုတ်ပယ်စေလိုနေကြပြီး ရာဖေး ဘင်နီတက်ဇ်ကို နည်းပြ ခန့်ဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

နည်းပြ အာတီတာ တာဝန်ယူတည်းက အာဆင်နယ်အသင်း အနီကတ် ပြသခံခဲ့ရတာက ၇ ကတ် ရှိလာခဲ့ပြီ ဖြစ်ကာ ဒီပမာဏဟာ တခြား ဘယ်ကလပ်အသင်း မဆိုထက် အနည်းဆုံး ၄ ကတ် ပိုများတဲ့ အနေအထား ဖြစ်နေပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ညက အမ္းမရိတ္မွာ ေဆာက္သမ္တန္ အသင္းကို ဧည့္ခံ ကစားခဲ့ရာ ၁ဂိုးစီနဲ႕ သေရက်သြားခဲ့ပါတယ္။ ထိုပြဲမွာ အသင္းေခါင္းေဆာင္ အူဘာမီးယန္း ဂိုးေပါက္ ျပန္ေတြ႔ခဲ့ေပမယ့္ ခံစစ္မွဴး ဂါဘရီရယ္ နွစ္၀ါ တစ္နီနဲ႕ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ဂန္းနားတို႔ ပြဲခ်ိန္ မိနစ္ ၃၀ ေလာက္ ၁၀ ေယက္တည္းနဲ႕ ကစားခဲ့ရပါတယ္။

နည္းျပ အာတီတာကေတာ့ အာဆင္နယ္အသင္းသားေတြဟာ အသက္ေပးျပီး ကာကြယ္သလိုကို ခံစစ္ အားစိုက္ ကာကြယ္သြားၾကေၾကာင္း စိန္႔နဲ႕ ပြဲ အျပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ အသင္းသားေတြဟာ ရပ္တည္မႈပိုင္း မေကာင္းသလို စည္းကမ္းပိုင္းလည္း မရွိ၊ ကုိယ့္ကုိယ္ကို ယံုၾကည္မႈလည္း မရွိ ျဖစ္ေနရေၾကာင္း ဂိုးသမား လီနိုက ဖြင့္ဟခဲ့ပါတယ္။

နည္းျပ အာတီတာဟာ တကယ့္တကယ္ အေရးဆို အားကိုးေလာက္စရာ ကစားသမားေကာင္း မရွိဘဲ လူငယ္ ကစားသမား ဆာကာ ကိုသာ အားထားေနရေၾကာင္း ကီဗင္ ကမ့္ဘဲလ္က ေထာက္ျပခဲ့ပါတယ္။

ပြဲအျပီး ပရိသတ္ေတြရဲ႕ ေ၀ဖန္ ေပါက္ကြဲမႈေတြ အျပင္ နည္းျပ အာတီတာကို ထုတ္ပယ္ေစလိုေနၾကျပီး ရာေဖး ဘင္နီတက္ဇ္ကို နည္းျပ ခန္႔ဖို႔ တိုက္တြန္းမႈေတြ ရွိေနပါတယ္။

နည္းျပ အာတီတာ တာ၀န္ယူတည္းက အာဆင္နယ္အသင္း အနီကတ္ ျပသခံခဲ့ရတာက ၇ ကတ္ ရွိလာခဲ့ျပီ ျဖစ္ကာ ဒီပမာဏဟာ တျခား ဘယ္ကလပ္အသင္း မဆိုထက္ အနည္းဆံုး ၄ ကတ္ ပိုမ်ားတဲ့ အေနအထား ျဖစ္ေနပါတယ္။