ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (18/12/20)

ညက ရှက်ဖီးကို ယူနိုက်တက် ၃-၂နဲ့နိုင်ခဲ့တဲ့ပွဲမှာ ပေါ့ဘာဟာ မာရှယ်ရဲ့ဂိုးကို ဖန်တီးပေးခဲ့ပြီး ဘောလုံးထိချက် ဒုတိယအများဆုံး ၉၁ကြိမ်နဲ့အတူ အမြင့်ဘော အောင်မြင်မှု ၃ကြိမ်၊ ဘောလုံးပိုင်ဆိုင်မှု ၈ကြိမ်ရယူနိုင်ခဲ့တဲ့ ခြေစွမ်းကောင်းတွေအတွက် ဆိုးရှားက ဝမ်းသာနေပါတယ်။

ဒင်းဟန်ဒါဆန်ရဲ့ အမှားကြောင့် ရှက်ဖီးကို ဂိုးပေးခဲ့ရပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ ဂိုး၂ဂိုးနဲ့ ယူနိုက်တက်တို့ ပြန်လာနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၁၀ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ လေးသင်းမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က ဒီရာသီမှာ ပြိုင်ဘက်အသင်းတွေကို ဖျက်ဆီးလိမ့်မယ်လို့ ပေါလ်စခိုးက ချီးကျူးခဲ့ပြီး ယူနိုက်တက်ဟာလဲ ဖလားစိန်ခေါ်ပွဲမှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ယုံကြည်ကြောင်း ရှက်ဖီးနဲ့ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆယ်တာဗီဂို လူငယ်ကစာသမား စတီဖန် ဘက်ဆီတစ်ကို ခေါ်ယူဖို့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုလုပ်နေပေမယ့် ဆယ်တာက စာချုပ်လျော်ကြေးကို သဘောမတူခင်အထိ အပြောင်းအရွှေ့က ပြီးမြောက်နိုင်မှာတော့ မဟုတ်ပါဘူး။

ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ၁၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုင်ဟာ ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့တယ်လို့သိရပြီး သူ့ရဲ့ ကျောနံပါတ် ၁၀ ယူနိုက်တက်ဂျာစီ ကိုင်ထားတဲ့ပုံနဲ့အတူ သားအတွက် ဂုဏ်ယူကြောင်း ရွန်းနီက အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဒီဂီယာဟာ နံပါတ်တစ်ဂိုးသမား ဖြစ်နေဆဲပေမယ့် မနေ့က ရှက်ဖီးနဲ့ပွဲမှာ ဒင်းဟန်ဒါဆန်က ပွဲထွက်ခွင့်ရခဲ့သလို သူ့ကို ပေးကစားချင်လို့ ဒီဂီယာကို ချန်လှပ်ထားတာ မဟုတ်ပဲ လူစာရင်းအလဲအလှယ်လုပ်ရုံသာဖြစ်ကြောင်း ဆိုးရှားက ရှင်းပြခဲ့ပါတယ်။

ရှက်ဖီးနဲ့ပွဲက ဟန်ဒါဆန်ရဲ့စွမ်းဆောင်ရည်ဟာ အကောင်း၊ အဆိုးနဲ့ ရုပ်ဆိုးတာတွေ ရောယှက်နေတယ်လို့ ဆိုးရှားက ပြောခဲ့ပေမယ့် သူ့ရဲ့ အစောပိုင်း ဆိုးရွားတဲ့အမှားကို တုံ့ပြန်ပြီး တည်တည်ငြိမ်ငြိမ်ပြန်ကစားပြခဲ့တဲ့အပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။

Zawgyi – ညက ရွက္ဖီးကို ယူနိုက္တက္ ၃-၂နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ေပါ့ဘာဟာ မာရွယ္ရဲ႕ဂိုးကို ဖန္တီးေပးခဲ့ၿပီး ေဘာလုံးထိခ်က္ ဒုတိယအမ်ားဆုံး ၉၁ႀကိမ္နဲ႔အတူ အျမင့္ေဘာ ေအာင္ျမင္မႈ ၃ႀကိမ္၊ ေဘာလုံးပိုင္ဆိုင္မႈ ၈ႀကိမ္ရယူႏိုင္ခဲ့တဲ့ ေျခစြမ္းေကာင္းေတြအတြက္ ဆိုးရွားက ဝမ္းသာေနပါတယ္။

ဒင္းဟန္ဒါဆန္ရဲ႕ အမွားေၾကာင့္ ရွက္ဖီးကို ဂိုးေပးခဲ့ရေပမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုး၂ဂိုးနဲ႔ ယူႏိုက္တက္တို႔ ျပန္လာႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ အေဝးကြင္း ၁၀ ပြဲဆက္ အႏိုင္ရရွိခဲ့တဲ့ ေလးသင္းေျမာက္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က ဒီရာသီမွာ ၿပိဳင္ဘက္အသင္းေတြကို ဖ်က္ဆီးလိမ့္မယ္လို႔ ေပါလ္စခိုးက ခ်ီးက်ဴးခဲ့ၿပီး ယူႏိုက္တက္ဟာလဲ ဖလားစိန္ေခၚပြဲမွာ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေနၿပီလို႔ ယုံၾကည္ေၾကာင္း ရွက္ဖီးနဲ႔ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဆယ္တာဗီဂို လူငယ္ကစာသမား စတီဖန္ ဘက္ဆီတစ္ကို ေခၚယူဖို႔ သူ႔ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးမႈလုပ္ေနေပမယ့္ ဆယ္တာက စာခ်ဳပ္ေလ်ာ္ေၾကးကို သေဘာမတူခင္အထိ အေျပာင္းအေ႐ႊ႕က ၿပီးေျမာက္ႏိုင္မွာေတာ့ မဟုတ္ပါဘူး။

ဝိန္း႐ြန္းနီရဲ႕ သားျဖစ္သူ ၁၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကိုင္ဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္လို႔သိရၿပီး သူ႔ရဲ႕ ေက်ာနံပါတ္ ၁၀ ယူႏိုက္တက္ဂ်ာစီ ကိုင္ထားတဲ့ပုံနဲ႔အတူ သားအတြက္ ဂုဏ္ယူေၾကာင္း ႐ြန္းနီက အင္စတာဂရမ္မွာ တင္ခဲ့တာျဖစ္ပါတယ္။

ဒီဂီယာဟာ နံပါတ္တစ္ဂိုးသမား ျဖစ္ေနဆဲေပမယ့္ မေန႔က ရွက္ဖီးနဲ႔ပြဲမွာ ဒင္းဟန္ဒါဆန္က ပြဲထြက္ခြင့္ရခဲ့သလို သူ႔ကို ေပးကစားခ်င္လို႔ ဒီဂီယာကို ခ်န္လွပ္ထားတာ မဟုတ္ပဲ လူစာရင္းအလဲအလွယ္လုပ္႐ုံသာျဖစ္ေၾကာင္း ဆိုးရွားက ရွင္းျပခဲ့ပါတယ္။

ရွက္ဖီးနဲ႔ပြဲက ဟန္ဒါဆန္ရဲ႕စြမ္းေဆာင္ရည္ဟာ အေကာင္း၊ အဆိုးနဲ႔ ႐ုပ္ဆိုးတာေတြ ေရာယွက္ေနတယ္လို႔ ဆိုးရွားက ေျပာခဲ့ေပမယ့္ သူ႔ရဲ႕ အေစာပိုင္း ဆိုး႐ြားတဲ့အမွားကို တုံ႔ျပန္ၿပီး တည္တည္ၿငိမ္ၿငိမ္ျပန္ကစားျပခဲ့တဲ့အေပၚ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။