အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အစ္စကို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၂၈ နှစ် အရွယ် စပိန်သားကို ဂျူဗင်တပ်၊ ဆီဗီလာ၊ အေစီမီလန်နဲ့ အဲဗာတန်တို့ကလည်း ချိတ်ဆက်နေပါတယ်။
အာဆင်နယ် ကစားသမားတွေဟာ နည်းပြ အာတီတာ က ဝီလီယံ အပါအဝင် သူ နှစ်သက်ရာ ကစားသမားတွေကို မျက်နှာသာပေးတဲ့ ပုံစံ ဖြစ်နေတာကြောင့် မနှစ်သက်မှုတွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဟယ်သာ ဘယ်လာ ခံစစ်မှူး အိုမာ ရီကစ် ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပြီး ကစားသမား ကလည်း လန်ဒန်ကို ကြာသပတေးနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
ဝီလီယံ ဆာလီဘာ အနေနဲ့ ဇန်နဝါရီမှာ အငှားနဲ့ ထွက်ခွာနိုင်တယ်လို့ အာဆင်နယ် အသင်းဘက်က မီးစိမ်းပြလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်စစ်မှူး အူဘာမီးယန်းဟာ ဂိုးမိုးခေါင်နေရာကနေ ဆောက်သမ်တန်နဲ့ ပွဲမှာ ပြန် ဂိုးသွင်းနိုင်ခဲ့ပေမယ့် အောင်ပွဲခံမှု မလုပ်ခဲ့တဲ့ အပေါ် ပရိသတ်တွေက သတိပြုမိပြီး မေးခွန်းထုတ်နေကြပါတယ်။
အာဆင်နယ် အသင်းဟာ ဒိထက် အခြေအနေ ဆိုးသွားလို့ မရသလို နည်းပြ အာတီတာကလည်း အသင်း အင်အားတိုးဖို့ အတွက် ငွေကြေး လိုအပ်နေကြောင်း ဒေးဗစ်ဆီးမန်း က ပြောဆိုလိုက်ပါတယ်။
Zawgyi – အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ကစားသမား အစၥကို ကို ေခၚယူဖို႔ စိတ္၀င္စားေနျပီး အသက္ ၂၈ နွစ္ အရြယ္ စပိန္သားကို ဂ်ဴဗင္တပ္၊ ဆီဗီလာ၊ ေအစီမီလန္နဲ႕ အဲဗာတန္တို႔ကလည္း ခ်ိတ္ဆက္ေနပါတယ္။
အာဆင္နယ္ ကစားသမားေတြဟာ နည္းျပ အာတီတာ က ၀ီလီယံ အပါအ၀င္ သူ နွစ္သက္ရာ ကစားသမားေတြကို မ်က္နွာသာေပးတဲ့ ပံုစံ ျဖစ္ေနတာေၾကာင့္ မနွစ္သက္မႈေတြ ရွိေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။
အာဆင္နယ္အသင္းဟာ ဟယ္သာ ဘယ္လာ ခံစစ္မွဴး အိုမာ ရီကစ္ ကို ေခၚယူနိုင္ဖို႔ အလြန္နီးစပ္ေနျပီ ျဖစ္ျပီး ကစားသမား ကလည္း လန္ဒန္ကို ၾကာသပေတးေန႔ ေရာက္ရွိမွာ ျဖစ္ပါတယ္။
၀ီလီယံ ဆာလီဘာ အေနနဲ႕ ဇန္န၀ါရီမွာ အငွားနဲ႕ ထြက္ခြာနုိင္တယ္လို႔ အာဆင္နယ္ အသင္းဘက္က မီးစိမ္းျပလိုက္ျပီ ျဖစ္တယ္လို႔ သိရပါတယ္။
တိုက္စစ္မွဴး အူဘာမီးယန္းဟာ ဂိုးမိုးေခါင္ေနရာကေန ေဆာက္သမ္တန္နဲ႕ ပြဲမွာ ျပန္ ဂိုးသြင္းနုိင္ခဲ့ေပမယ့္ ေအာင္ပြဲခံမႈ မလုပ္ခဲ့တဲ့ အေပၚ ပရိသတ္ေတြက သတိျပဳမိျပီး ေမးခြန္းထုတ္ေနၾကပါတယ္။
အာဆင္နယ္ အသင္းဟာ ဒိထက္ အေျခအေန ဆိုးသြားလို႔ မရသလို နည္းျပ အာတီတာကလည္း အသင္း အင္အားတိုးဖို႔ အတြက္ ေငြေၾကး လိုအပ္ေနေၾကာင္း ေဒးဗစ္ဆီးမန္း က ေျပာဆိုလိုက္ပါတယ္။