ချယ်ဆီးလူငယ်အသင်းနဲ့အတူ မနေ့က ၄ ဂိုးသွင်းယူခဲ့တဲ့ တီနို အန်ဂျိုရင်ဟာ အသင်းကြီးနဲ့ ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို သက်သေပြ ခဲ့သလို လမ်းပတ်ရဲ့ တိုက်စစ်က ဆက်ရုန်းကန်နေရရင် သူ့အတွက် အခွင့်အရေးရလာနိုင်ဖွယ်ရှိပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေဟာ လူစားလဲမှု ၅ယောက်ပြုလုပ်ခွင့်ကို တတိယအကြိမ် ဆန့်ကျင် မဲပေးခဲ့ကြတဲ့နောက် လမ်းပတ်က စိတ်ပျက်နေပြီး အန္တရာယ်ရှိတဲ့ ဒဏ်ရာပြဿနာတွေကို ရှောင်လွှဲဖို့ထက် လိဂ်အဆင့်ကပိုအရေးကြီးနေသလို မြင်နေကြတာကို စိုးရိမ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
နောက်ပိုင်းမှာ ဂိုးသွင်းဖို့ ရုန်းကန်လာရတဲ့ တီမိုဗာနာဟာ ဖိအားတွေခံနေရပေမယ့် ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးမရှိဘူးလို့ လမ်းပတ်က သူ့ဘက်က ကာကွယ်ပြောဆိုခဲ့ပြီး မကြာခင် ဂိုးတွေပြန်လည်ရရှိလာလိမ့်မယ်လို့ အားပေးခဲ့ပါတယ်။
လမ်းပတ်မှာ တောင်ပံအတွက် အပို ရွေးချယ်စရာ ပျောက်ဆုံးနေခဲ့တဲ့နောက် တံကောက်ကြော ဒဏ်ရာကနေ ပြန်ကောင်း လာပြီဖြစ်တဲ့ အိုဒွိုင်းနဲ့ ဇီယက်ခ်ျတို့ဟာ တနင်္လာနေ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်လည် ပါဝင်လာနိုင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
နွေရာသီမှာ ပေါင်သန်း၂၀၀ ကျော် သုံးစွဲခဲ့ပေမယ့် မလုံလောက်သေးတဲ့ ချယ်ဆီးဟာ ဇန်နဝါရီမှာ လူသစ်တွေထပ်ခေါ်မလားဆိုတာကို စိတ်ဝင်စားနေကြပေမယ့် လမ်းပတ်ကတော့ အဲ့ဒါထက် ပွဲကျပ်ကာလကို ကျော်ဖြတ်ဖို့သာ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲစုံ ၇ ပွဲမှာ ၇ ဂိုးသွင်းထားတဲ့ ဂျီရူးဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မှာ ဖြစ်တာကြောင့် အနာဂတ် မရေမရာ ဖြစ်နေပေမယ့် ချယ်ဆီးက သူ့ကို ဇန်နဝါရီမှာ ရောင်းဖို့ထက် စာချုပ်သစ်ချုပ်ဆိုချင်လိမ့်မယ်လို့ ရော့ဘ်ဂရင်းက ယုံကြည်နေပါတယ်။
ချယ်ဆီးဟာ အတက်အကျတွေကြုံနေရပြီး ချန်ပီယံအသင်းနဲ့ မတူဘူးလို့ ဝီလီယံ ဂယ်လက်စ်က ထင်မြင်နေသလို စပါးက ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ သူတို့ထက် ပိုကောင်းတဲ့ အခွင့်အရေးရှိပြီး ချယ်ဆီးထက် မြင့်တဲ့နေရာကို ရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ဒီကလန်ရိုက်စ်ကို လက်မလွှတ်သေးပဲ ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ ထပ်မံကြိုးစားဦးမှာ ဖြစ်ပေမယ့် ဆိုးရှားကလဲ သူ့ကိုနှစ်သက်ကြောင်း ဝန်ခံခဲ့တဲ့နောက် ဝက်စ်ဟမ်းကွင်းလယ်လူအတွက် အပြိုင်အဆိုင်တွေ လုပ်လာရဦးမှာ ဖြစ်ပါတယ်။
Zawgyi – ခ်ယ္ဆီးလူငယ္အသင္းနဲ႔အတူ မေန႔က ၄ ဂိုးသြင္းယူခဲ့တဲ့ တီႏို အန္ဂ်ိဳရင္ဟာ အသင္းႀကီးနဲ႔ ပူးေပါင္းဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို သက္ေသျပ ခဲ့သလို လမ္းပတ္ရဲ႕ တိုက္စစ္က ဆက္႐ုန္းကန္ေနရရင္ သူ႔အတြက္ အခြင့္အေရးရလာႏိုင္ဖြယ္ရွိပါတယ္။
ပရီးမီးယားလိဂ္ ကလပ္ေတြဟာ လူစားလဲမႈ ၅ေယာက္ျပဳလုပ္ခြင့္ကို တတိယအႀကိမ္ ဆန႔္က်င္ မဲေပးခဲ့ၾကတဲ့ေနာက္ လမ္းပတ္က စိတ္ပ်က္ေနၿပီး အႏၲရာယ္ရွိတဲ့ ဒဏ္ရာျပႆနာေတြကို ေရွာင္လႊဲဖို႔ထက္ လိဂ္အဆင့္ကပိုအေရးႀကီးေနသလို ျမင္ေနၾကတာကို စိုးရိမ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ေနာက္ပိုင္းမွာ ဂိုးသြင္းဖို႔ ႐ုန္းကန္လာရတဲ့ တီမိုဗာနာဟာ ဖိအားေတြခံေနရေပမယ့္ ပြဲတိုင္း ဂိုးသြင္းႏိုင္တဲ့ တိုက္စစ္မႉးမရွိဘူးလို႔ လမ္းပတ္က သူ႔ဘက္က ကာကြယ္ေျပာဆိုခဲ့ၿပီး မၾကာခင္ ဂိုးေတြျပန္လည္ရရွိလာလိမ့္မယ္လို႔ အားေပးခဲ့ပါတယ္။
လမ္းပတ္မွာ ေတာင္ပံအတြက္ အပို ေ႐ြးခ်ယ္စရာ ေပ်ာက္ဆုံးေနခဲ့တဲ့ေနာက္ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္ေကာင္း လာၿပီျဖစ္တဲ့ အိုဒြိဳင္းနဲ႔ ဇီယက္ခ္်တို႔ဟာ တနလၤာေန႔ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ျပန္လည္ ပါဝင္လာႏိုင္ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။
ေႏြရာသီမွာ ေပါင္သန္း၂၀၀ ေက်ာ္ သုံးစြဲခဲ့ေပမယ့္ မလုံေလာက္ေသးတဲ့ ခ်ယ္ဆီးဟာ ဇန္နဝါရီမွာ လူသစ္ေတြ ထပ္ေခၚမလားဆိုတာကို စိတ္ဝင္စားေနၾကေပမယ့္ လမ္းပတ္ကေတာ့ အဲ့ဒါထက္ ပြဲက်ပ္ကာလကို ေက်ာ္ျဖတ္ဖို႔သာ အာ႐ုံစိုက္ထားတယ္လို႔ ဆိုပါတယ္။
ၿပိဳင္ပြဲစုံ ၇ ပြဲမွာ ၇ ဂိုးသြင္းထားတဲ့ ဂ်ီ႐ူးဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္မွာ ျဖစ္တာေၾကာင့္ အနာဂတ္ မေရမရာ ျဖစ္ေနေပမယ့္ ခ်ယ္ဆီးက သူ႔ကို ဇန္နဝါရီမွာ ေရာင္းဖို႔ထက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္လိမ့္မယ္လို႔ ေရာ့ဘ္ဂရင္းက ယုံၾကည္ေနပါတယ္။
ခ်ယ္ဆီးဟာ အတက္အက်ေတြႀကဳံေနရၿပီး ခ်န္ပီယံအသင္းနဲ႔ မတူဘူးလို႔ ဝီလီယံ ဂယ္လက္စ္က ထင္ျမင္ေနသလို စပါးက ဒီရာသီ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ဖို႔ သူတို႔ထက္ ပိုေကာင္းတဲ့ အခြင့္အေရးရွိၿပီး ခ်ယ္ဆီးထက္ ျမင့္တဲ့ေနရာကို ရလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဒီကလန္႐ိုက္စ္ကို လက္မလႊတ္ေသးပဲ ဇန္နဝါရီမွာ သူ႔ကို ေခၚယူဖို႔ ထပ္မံႀကိဳးစားဦးမွာ ျဖစ္ေပမယ့္ ဆိုးရွားကလဲ သူ႔ကိုႏွစ္သက္ေၾကာင္း ဝန္ခံခဲ့တဲ့ေနာက္ ဝက္စ္ဟမ္းကြင္းလယ္လူအတြက္ အၿပိဳင္အဆိုင္ေတြ လုပ္လာရဦးမွာ ျဖစ္ပါတယ္။