မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၃ အထိ သက်တမ်းရှိပေမယ့် ၎င်းရဲ့ ဆက်လက် တိုးတက်လာနေမှုကြောင့် ယူနိုက်တက်က ဒီရာသီမကုန်ခင် တစ်ပတ်လုပ်ခ ပေါင်၃သိန်းနဲ့ ၅နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ အလိုရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပြန်လည်တွေ့ဆုံရတော့မယ့် အခွင့်အရေးအပေါ် နည်းပြဆိုးရှားက သဘောတွေ့နေသလို မနက်ဖြန် သူတို့နဲ့ ရင်ဆိုင်ကစားမယ့်ပွဲအတွက် မစောင့်နိုင်တော့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လိဒ်စ်တို့ဟာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီတစ်ပတ်မှာ ထိပ်တိုက်တွေ့ရတော့မှာဖြစ်သလို မိမိတို့အနေနဲ့ ယူနိုက်တက်ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ သေချာအောင်လုပ်ရမယ်လို့ ကယ်ဗင်ဖီးလစ်က အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။
ရှက်ဖီးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံး ရာသီအစဖြစ် ၁ မှတ်သာ ရရှိခဲ့တဲ့နောက် ဇန်နဝါရီမှာ လူသစ်တွေခေါ်ပြီး ပြန်လာနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို ယူနိုက်တက် အပယ်ခံ ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်ဟာ လိဂ်အဝေးကွင်းမှာ ၆ပွဲဆက် အားလုံးအနိုင်ရရှိခဲ့ပေမယ့် အိမ်ကွင်းမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ရုန်းကန်နေ ရတာဟာ စိတ်ပိုင်းဆိုင်ရာပြဿနာမဟုတ်ဘူးလို့ ဆိုးရှားက ငြင်းပယ်ခဲ့ပြီး အိမ်ကွင်းမှာ ပိုအသားကျအောင် လုပ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ ဒီရာသီလိဂ်မှာ မိနစ်တိုင်းပါဝင်ကစားခဲ့ရပြီး လင်ဒီလော့ဖ်ကလဲ စပါးနဲ့ ပွဲကလွဲရင် ပွဲအားလုံးမှာ ပါဝင် ခဲ့ရတာဖြစ်သလို မနက်ဖြန် လိဒ်စ်နဲ့ပွဲမှာ ဗဟိုခံစစ်မှူး နှစ်ယောက်ကို အနားပေးသွားဖို့ရှိကြောင်း ဆိုးရှားက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
Zawgyi – မားကပ္ရက္ရွ္ဖို႔ဒ္ရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၃ အထိ သက္တမ္းရွိေပမယ့္ ၎ရဲ႕ ဆက္လက္ တိုးတက္လာေနမႈေၾကာင့္ ယူႏိုက္တက္က ဒီရာသီမကုန္ခင္ တစ္ပတ္လုပ္ခ ေပါင္၃သိန္းနဲ႔ ၅ႏွစ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အလိုရွိေနပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၿပိဳင္ဘက္ေဟာင္းျဖစ္တဲ့ လိဒ္စ္ယူႏိုက္တက္နဲ႔ ျပန္လည္ေတြ႕ဆုံရေတာ့မယ့္ အခြင့္အေရးအေပၚ နည္းျပဆိုးရွားက သေဘာေတြ႕ေနသလို မနက္ျဖန္ သူတို႔နဲ႔ ရင္ဆိုင္ကစားမယ့္ပြဲအတြက္ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
ယူႏိုက္တက္နဲ႔ လိဒ္စ္တို႔ဟာ ၂၀၀၄ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဒီတစ္ပတ္မွာ ထိပ္တိုက္ေတြ႕ရေတာ့မွာျဖစ္သလို မိမိတို႔အေနနဲ႔ ယူႏိုက္တက္ကို ရင္ဆိုင္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီဆိုတာ ေသခ်ာေအာင္လုပ္ရမယ္လို႔ ကယ္ဗင္ဖီးလစ္က အသင္းသားေတြကို တိုက္တြန္းခဲ့ပါတယ္။
ရွက္ဖီးဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုးဆုံး ရာသီအစျဖစ္ ၁ မွတ္သာ ရရွိခဲ့တဲ့ေနာက္ ဇန္နဝါရီမွာ လူသစ္ေတြေခၚၿပီး ျပန္လာႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္သလို ယူႏိုက္တက္ အပယ္ခံ ကြင္းလယ္လူ ဂ်က္ဆီလင္ဂတ္ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။
ယူႏိုက္တက္ဟာ လိဂ္အေဝးကြင္းမွာ ၆ပြဲဆက္ အားလုံးအႏိုင္ရရွိခဲ့ေပမယ့္ အိမ္ကြင္းမွာ ၁ ပြဲသာ အႏိုင္ရခဲ့ၿပီး ႐ုန္းကန္ေန ရတာဟာ စိတ္ပိုင္းဆိုင္ရာျပႆနာမဟုတ္ဘူးလို႔ ဆိုးရွားက ျငင္းပယ္ခဲ့ၿပီး အိမ္ကြင္းမွာ ပိုအသားက်ေအာင္ လုပ္သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
မက္ဂြိဳင္းယားဟာ ဒီရာသီလိဂ္မွာ မိနစ္တိုင္းပါဝင္ကစားခဲ့ရၿပီး လင္ဒီေလာ့ဖ္ကလဲ စပါးနဲ႔ ပြဲကလြဲရင္ ပြဲအားလုံးမွာ ပါဝင္ ခဲ့ရတာျဖစ္သလို မနက္ျဖန္ လိဒ္စ္နဲ႔ပြဲမွာ ဗဟိုခံစစ္မႉး ႏွစ္ေယာက္ကို အနားေပးသြားဖို႔ရွိေၾကာင္း ဆိုးရွားက အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။