ယနေ့ နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (19/12/20)

အာဆင်နယ် အသင်းသားတွေရဲ့ အားထုတ်မှုကို အပြစ်မတင်လိုပေမယ့် အသင်း စွမ်းဆောင်ရည်တွေက လုံလောက် ကောင်းမွန်မှု မရှိကြောင်း နည်းပြ အာတီတာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မီခေးလ် အာတီတာဟာ အာဆင်နယ် အတွက် မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးလို့ ဝီလီယံ ဂါးလက်စ်က ပြောဆိုလိုက်ပြီး ပက်ထရစ် ဗီအဲရာ ကို ခေါ်ဆောင်လာဖို့ ၎င်းက တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်မှာ ချောင်ထိုးခံထားရပေမယ့် အသက် ၃၂ နှစ် အရွယ် ကွင်းလယ် ကစားသမား အိုဇေးလ် အတွက် ကမ္ဘာတဝှမ်းက ကမ်းလှမ်းမှုတွေ အများအပြား လက်ခံရရှိနေကြောင်း အေးဂျင့် ဖြစ်သူက ပြောဆိုခဲ့ပါတယ်။

ဒီတစ်ပတ် အာဆင်နယ်နဲ့ ရင်ဆိုင်ကစားမယ့် အဲဗာတန် အသင်းဘက်မှာ ဂျိမ်းစ် ရိုဒရီဂွက်ဇ်နဲ့ အလန် တု့ိ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အန်ဆယ်လော့တီက အတည်ပြုခဲ့ပါတယ်။

ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်နေရင်း အာဆင်နယ် လူငယ်အသင်းနဲ့ အတူ ပါဝင် ကစားနေပြီ ဖြစ်တဲ့ တိုက်စစ်သမား မာတင်နယ်လီကို ဂန်းနား ပရိသတ်တွေကတော့ အသင်းကြီးမှာ ပြန်ပါဝင်လာဖို့ မျှော်နေကြပြီ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းဟာ အဲဗာတန်နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ ၄ ပွဲမှာ ၄ ဂိုး သွင်းထားတဲ့ မှတ်တမ်းကောင်း ရှိနေပါတယ်။

Zawgyi – အာဆင္နယ္ အသင္းသားေတြရဲ႕ အားထုတ္မႈကို အျပစ္မတင္လိုေပမယ့္ အသင္း စြမ္းေဆာင္ရည္ေတြက လံုေလာက္ ေကာင္းမြန္မႈ မရွိေၾကာင္း နည္းျပ အာတီတာက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

မီေခးလ္ အာတီတာဟာ အာဆင္နယ္ အတြက္ မွန္ကန္တဲ့ ေရြးခ်ယ္မႈ မဟုတ္ဘူးလို႔ ၀ီလီယံ ဂါးလက္စ္က ေျပာဆိုလိုက္ျပီး ပက္ထရစ္ ဗီအဲရာ ကို ေခၚေဆာင္လာဖို႔ ၄ငး္က တိုက္တြန္းလိုက္ပါတယ္။

အာဆင္နယ္မွာ ေခ်ာင္ထိုးခံထားရေပမယ့္ အသက္ ၃၂ နွစ္ အရြယ္ ကြင္းလယ္ ကစားသမား အိုေဇးလ္ အတြက္ ကမၻာတ၀ွမ္းက ကမ္းလွမ္းမႈေတြ အမ်ားအျပား လက္ခံရရွိေနေၾကာင္း ေအးဂ်င့္ ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။

ဒီတစ္ပတ္ အာဆင္နယ္နဲ႕ ရင္ဆိုင္ကစားမယ့္ အဲဗာတန္ အသင္းဘက္မွာ ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္နဲ႕ အလန္ တု႔ိ ပါ၀င္နုိင္မွာ မဟုတ္ဘူးလို႔ အန္ဆယ္ေလာ့တီက အတည္ျပဳခဲ့ပါတယ္။

ၾကံ႕ခိုင္မႈ ျပန္လည္ တည္ေဆာက္ေနရင္း အာဆင္နယ္ လူငယ္အသင္းနဲ႕ အတူ ပါ၀င္ ကစားေနျပီ ျဖစ္တဲ့ တိုက္စစ္သမား မာတင္နယ္လီကို ဂန္းနား ပရိသတ္ေတြကေတာ့ အသင္းၾကီးမွာ ျပန္ပါ၀င္လာဖို႔ ေမွ်ာ္ေနၾကျပီ ျဖစ္ပါတယ္။

အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီးယန္းဟာ အဲဗာတန္နဲ႕ ရင္ဆိုင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ ၄ ပြဲမွာ ၄ ဂိုး သြင္းထားတဲ့ မွတ္တမ္းေကာင္း ရွိေနပါတယ္။