အာဆင်နယ်ဟာ ညက ပရီးမီးယားလိဂ် ပွဲမှာ အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရောက်ရင်ဆိုင်ပြီး ၂-၁ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ အူဘာမီးယန်း မပါတဲ့ တိုက်စစ်က အသက်မဲ့နေခဲ့ပြီး တစ်ဂိုးကိုလည်း ပီပီက ပင်နယ်တီကနေ သွင်းယူခဲ့ရပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၇ ပွဲ ဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီ ဖြစ်ကာ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
နည်းပြ အာတီတာကတော့ အာဆင်နယ် အသင်းသားတွေဟာ ပွဲကို မရှုံးဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ အားပေးခဲ့ပြီး ကံတရားက ကိုယ့်ဘက် မရှိလို့သာ ရှုံးခဲ့ရတယ်လို့ ပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာ အသင်း ဥက္ကဌ လောင်း ဖြစ်တဲ့ ဂျိုအန် လာပေါ်တာကတော့ သူသာ အသင်း ဥက္ကဌ ဖြစ်လာရင် အာဆင်နယ် ခံစစ်မှူး ဘယ်လာရင်ကို ဦးစားပေး ပစ်မှတ် အနေနဲ့ သတ်မှတ်ကာ ခေါ်ယူမယ်လို့ ပြောဆိုထားပါတယ်။
ယခင် နည်းပြ အူနိုင်း အမ်မရီ ဟာ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲ ကစားပြီးချိန် ၁၈ မှတ်သာ ရလို့ ထုတ်ပယ်ခံခဲ့ရပေမယ့် လက်ရှိ နည်းပြ အာတီတာက ၁၃ ပွဲ ကစားပြီး ၁၄ မှတ်သာ ရထားတယ်လို့ အသင်း ပရိသတ်တွေက ထောက်ပြနေကြပါတယ်။
အူဘာမီးယန်းဟာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် အာဆင်နယ်ရဲ့အဲဗာတန်နဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် ၂ ပတ်လောက် အနားယူရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသလို မန်စီးတီး၊ ချယ်ဆီးတို့နဲ့ပွဲတွေကို လွဲချော်မှာဖြစ်ကြောင်း အာတီတာက အတည်ပြုခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ဟာ ညက ပရီးမီးယားလိဂ္ ပြဲမွာ အဲဗာတန္ကို ဂြတ္ဒီဆင္ပါ့ခ္မွာ သြားေရာက္ရင္ဆိုင္ျပီး ၂-၁ နဲ႕ အေရးနိမ့္သြားခဲ့ပါတယ္။ အူဘာမီးယန္း မပါတဲ့ တိုက္စစ္က အသက္မဲ့ေနခဲ့ျပီး တစ္ဂိုးကိုလည္း ပီပီက ပင္နယ္တီကေန သြင္းယူခဲ့ရပါတယ္။
အာဆင္နယ္ဟာ ေနာက္ဆံုး ပရီးမီးယားလိဂ္ပြဲ ၇ ပြဲ ဆက္ နုိင္ပြဲ ေပ်ာက္ေနခဲ့ျပီ ျဖစ္ကာ အမွတ္ေပးဇယား အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနပါတယ္။
နည္းျပ အာတီတာကေတာ့ အာဆင္နယ္ အသင္းသားေတြဟာ ပြဲကို မရွံဳးဖို႔ လံုေလာက္တဲ့ အခြင့္အေရးေတြ ဖန္တီးနုိင္ခဲ့တယ္လို႔ အားေပးခဲ့ျပီး ကံတရားက ကုိယ့္ဘက္ မရွိလို႔သာ ရွံဳးခဲ့ရတယ္လုိ႔ ပြဲ အျပီးမွာ ေျပာဆိုခဲ့ပါတယ္။
ဘာစီလိုနာ အသငး္ ဥကၠဌ ေလာင္း ျဖစ္တဲ့ ဂ်ိဳအန္ လာေပၚတာကေတာ့ သူသာ အသင္း ဥကၠဌ ျဖစ္လာရင္ အာဆင္နယ္ ခံစစ္မွူး ဘယ္လာရင္ကို ဦးစားေပး ပစ္မွတ္ အေနနဲ႕ သတ္မွတ္ကာ ေခၚယူမယ္လို႔ ေျပာဆိုထားပါတယ္။
ယခင္ နည္းျပ အူနိုင္း အမ္မရီ ဟာ ပရီးမီးယားလိဂ္မွာ ၁၃ ပြဲ ကစားျပီးခ်ိန္ ၁၈ မွတ္သာ ရလို႔ ထုတ္ပယ္ခံခဲ့ရေပမယ့္ လက္ရွိ နည္းျပ အာတီတာက ၁၃ ပြဲ ကစားျပီး ၁၄ မွတ္သာ ရထားတယ္လို႔ အသင္း ပရိသတ္ေတြက ေထာက္ျပေနၾကပါတယ္။
အူဘာမီးယန္းဟာ ေျခသလုံးႂကြက္သား ဒဏ္ရာေၾကာင့္ အာဆင္နယ္ရဲ႕အဲဗာတန္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ၂ ပတ္ေလာက္ အနားယူရႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရသလို မန္စီးတီး၊ ခ်ယ္ဆီးတို႔နဲ႔ပြဲေတြကို လြဲေခ်ာ္မွာျဖစ္ေၾကာင္း အာတီတာက အတည္ျပဳခဲ့ပါတယ္။