ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (20/12/20)

ဆိုးရှားဟာ ကလပ်ဂန္တဝင်တစ်ယောက်အဖြစ် ယူနိုက်တက်နဲ့ ဆက်နွယ်မှုကြောင့် ရာသီဝက်မှာ အထုတ်မခံရတာဖြစ်တယ်လို့ လူးဝစ်ဗန်ဟားက မှတ်ချက်ပေးခဲ့ပြီး ရာသီကုန်ရင်တော့ ထုတ်ပယ်ခံရနိုင်ခြေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၁၂ ဂိုး သွင်းယူခဲ့ပြီးနောက် အကောင်းဆုံး ရာသီအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ်ရှိနေသလို သူက အနာဂတ်မှာ ကလပ်ဂန္တဝင်ဖြစ်ဖို့ လိုအပ်တဲ့ အရာအားလုံးရှိတယ်လို့ ဆိုးရှားက ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဇယားထိပ်က အသင်းတွေနောက်ကို ထပ်ကြပ်မကွာ လိုက်နေပြီး ကိုယ်တိုင် ဖလားစိန်ခေါ်နိုင်တဲ့ အရည်အသွေး ရှိသလို ဒုတိယရာသီဝက်မှာ နိုင်ပွဲတွေဆက်နိုင်ရင် ဖလားဆွတ်ခူးနိုင်လိမ့်မယ်လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။

လူးဝစ်ဗန်ဟားက ယူနိုက်တက်မှာ ရပ်တန့်လို့မရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နှစ်သက်ပေမယ့် ၎င်းဟာ ကလပ်မှာအကြာကြီး ကစားချင်တယ်လို့ ပြောခဲ့သည့်တိုင် ဂစ်နဲ့ ပေါလ်စခိုးတို့လို တစ်သက်လုံး အိုးလ်ထရက်ဖို့ဒ်မှာ နေမှာမဟုတ်ဘူးလို့ ထင်နေပါတယ်။

နွေရာသီမှာ ယူနိုက်တက်တို့ စာချုပ်ချုပ်ခဲ့တဲ့ အာမက်ဒီရယ်လိုဟာ အင်္ဂလန်မှာ အလုပ်လုပ်ခွင့်ပါမစ် မရခဲ့တာကြောင့် အတ္တလန္တာမှာ ဆက်နေခဲ့ရပေမယ့် အခုတော့ အဆင်ပြေသွားပြီဖြစ်ပြီး ဇန်နဝါရီမှာ မန်ချက်စတာကို ရောက်လာတော့မှာဖြစ်ပါတယ်။

အဲဗာတန်၊ ဘရိုက်တန်၊ ဆောက်သမ်တန်တို့နဲ့အတူ Tier 2 ထဲပါဝင်တဲ့ လီဗာပူးဟာ အိမ်ကွင်းမှာ ပရိသတ် ၂၀၀၀ ဝင်ခွင့်ပေးနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ခွင့်ပြုချက် မရခဲ့သလို သူတို့က ပရိသတ်အင်အားနဲ့ ပိုပြီးအကျိုးရှိနေတယ်လို့ ဆိုးရှားက စောဒက တက်ခဲ့ပါတယ်။

ပေါ့ဘာက နောက်နှစ်မှာ အသင်းပြောင်းနိုင်တယ်လို့ရိုင်အိုလာက ပြောဆိုခဲ့ပေမယ့် ဆိုးရှားကတော့ ကွင်းလယ်လူဟာ အသင်းသားတစ်ယောက်အဖြစ် သက်သေပြနေတယ်လို့ ဆိုပြီး ဘယ်ကစားသမားကမှ ကလပ်ထက် ပိုပြီး မကြီးကျယ်ဘူးလို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi – ဆိုးရွားဟာ ကလပ္ဂႏၲဝင္ တစ္ေယာက္အျဖစ္ ယူႏိုက္တက္နဲ႔ ဆက္ႏြယ္မႈေၾကာင့္ ရာသီဝက္မွာ အထုတ္ မခံရတာျဖစ္တယ္လို႔ လူးဝစ္ဗန္ဟားက မွတ္ခ်က္ေပးခဲ့ၿပီး ရာသီကုန္ရင္ေတာ့ ထုတ္ပယ္ခံရႏိုင္ေျခရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီ ၿပိဳင္ပြဲစုံ ၂၂ ပြဲမွာ ၁၂ ဂိုး သြင္းယူခဲ့ၿပီးေနာက္ အေကာင္းဆုံး ရာသီအျဖစ္ မွတ္တမ္းဝင္ႏိုင္ဖို႔ လမ္းေၾကာင္းမွန္ေပၚရွိေနသလို သူက အနာဂတ္မွာ ကလပ္ဂႏၲဝင္ျဖစ္ဖို႔ လိုအပ္တဲ့ အရာအားလုံးရွိတယ္လို႔ ဆိုးရွားက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဇယားထိပ္က အသင္းေတြေနာက္ကို ထပ္ၾကပ္မကြာ လိုက္ေနၿပီး ကိုယ္တိုင္ ဖလားစိန္ေခၚႏိုင္တဲ့ အရည္အေသြး ရွိသလို ဒုတိယရာသီဝက္မွာ ႏိုင္ပြဲေတြဆက္ႏိုင္ရင္ ဖလားဆြတ္ခူးႏိုင္လိမ့္မယ္လို႔ ရက္ရွ္ဖို႔ဒ္က ေျပာဆိုခဲ့ပါတယ္။

လူးဝစ္ဗန္ဟားက ယူႏိုက္တက္မွာ ရပ္တန႔္လို႔မရတဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကို ႏွစ္သက္ေပမယ့္ ၎ဟာ ကလပ္မွာအၾကာႀကီး ကစားခ်င္တယ္လို႔ ေျပာခဲ့သည့္တိုင္ ဂစ္နဲ႔ ေပါလ္စခိုးတို႔လို တစ္သက္လုံး အိုးလ္ထရက္ဖို႔ဒ္မွာ ေနမွာမဟုတ္ဘူးလို႔ ထင္ေနပါတယ္။

ေႏြရာသီမွာ ယူႏိုက္တက္တို႔ စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့ အာမက္ဒီရယ္လိုဟာ အဂၤလန္မွာ အလုပ္လုပ္ခြင့္ပါမစ္ မရခဲ့တာေၾကာင့္ အတၱလႏၲာမွာ ဆက္ေနခဲ့ရေပမယ့္ အခုေတာ့ အဆင္ေျပသြားၿပီျဖစ္ၿပီး ဇန္နဝါရီမွာ မန္ခ်က္စတာကို ေရာက္လာေတာ့မွာျဖစ္ပါတယ္။

အဲဗာတန္၊ ဘ႐ိုက္တန္၊ ေဆာက္သမ္တန္တို႔နဲ႔အတူ Tier 2 ထဲပါဝင္တဲ့ လီဗာပူးဟာ အိမ္ကြင္းမွာ ပရိသတ္ ၂၀၀၀ ဝင္ခြင့္ေပးႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္ကေတာ့ ခြင့္ျပဳခ်က္ မရခဲ့သလို သူတို႔က ပရိသတ္အင္အားနဲ႔ ပိုၿပီးအက်ိဳးရွိေနတယ္လို႔ ဆိုးရွားက ေစာဒက တက္ခဲ့ပါတယ္။

ေပါ့ဘာက ေနာက္ႏွစ္မွာ အသင္းေျပာင္းႏိုင္တယ္လို႔႐ိုင္အိုလာက ေျပာဆိုခဲ့ေပမယ့္ ဆိုးရွားကေတာ့ ကြင္းလယ္လူဟာ အသင္းသားတစ္ေယာက္အျဖစ္ သက္ေသျပေနတယ္လို႔ ဆိုၿပီး ဘယ္ကစားသမားကမွ ကလပ္ထက္ ပိုၿပီး မႀကီးက်ယ္ဘူးလို႔ သတိေပးေျပာဆိုခဲ့ပါတယ္။