အိုဒွိုင်းဟာ ချယ်ဆီးမှာ နေရာတစ်နေရာအတွက် ဇီယက်ခ်ျ၊ ပူလီဆစ်၊ ဟားဗတ်တို့နဲ့ ပြိုင်ဆိုင်နေရသလို လမ်းပတ်က သူ့အသင်းရဲ့ အင်အား အရေအတွက်နဲ့ ဟန်ချက်ညီမှု မရှိတဲ့အပေါ် စိတ်ပျက်နေပြီး အိုဒွိုင်းကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ချယ်ဆီးရဲ့အားကစားဒါရိုက်တာ မာရီနာဟာ ဒီကလန်ရိုက်စ်နဲ့ ဟာလန်းတို့ကို ခေါ်ယူနိုင်မယ့် အသုံးစရိတ် ရရှိဖို့အတွက် ဇန်နဝါရီမှာ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ ဘာကလေ၊ ဒရင့်ဝါးတားနဲ့ ဗစ်တာမော့ဆက်တို့ကို ရောင်းချသွားမှာပါ။
ကတ်ဇူးမားနဲ့ သီယာဂိုဆေးဗားတို့ရဲ့အတွဲအဖက်မိမှုကြောင့် နေရာပျောက်ခဲ့တဲ့ ရူဒီဂါဟာ လမ်းပတ်လက်အောက် ကစားချိန် မရတဲ့အပေါ် မပျော်မရွှင်ဖြစ်နေတယ်လို့ ဝန်ခံခဲ့သလို ပီအက်စ်ဂျီက ဇန်နဝါရီမှာ သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ် လို့ သိရပါတယ်။

ကော်စတာဟာ အက်သလက်တီကိုမှာ စာချုပ်၆လသာ ကျန်တော့ပြီး တီကိုက သူ့ကို စာချုပ်သစ် မချုပ်ပဲ နောက်နွေရာသီမှာ အလွတ်ထွက်ခွာခွင့်ပေးမှာဖြစ်သလို ၎င်းဟာ အသင်းဟောင်း ချယ်ဆီးနဲ့ ပြန်ပူးပေါင်းဖို့ အလားအလာတွေ ရှိနေပါတယ်။
ဖရန့်လမ်းပတ်ဟာ တီမိုဗာနာနဲ့ ကိုင်ဟားဗတ်တို့ရဲ့ရုန်းကန်ရမှုတွေအပေါ် စိုးရိမ်ခြင်း မရှိနေပဲ ၎င်းတို့နှစ်ယောက်က ချယ်ဆီးအတွက် မှန်ကန်တဲ့ ခေါ်ယူမှုတွေဖြစ်တယ်ဆိုတာ သက်သေပြလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ အပေါ်၁၀ သင်းနဲ့ တွေ့ဆုံတဲ့အခါ ရလဒ်ကောင်းမရခဲ့ပဲ လီဗာပူး၊ စပါး၊ ယူနိုက်တက်၊ အဲဗာတန်တို့ကို ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရတဲ့ မှတ်တမ်းဆိုး ရှိနေပေမယ့် လမ်းပတ်ကတော့ အပေါ်အောက်မခွဲပဲ ဘယ်သူက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ် လို့ ပြောဆိုခဲ့ပါတယ်။
တန်မီအေဗရာဟမ်ဟာ အသင်းလူစာရင်းမှာ ပါလိုက် မပါလိုက် ဖြစ်ခဲ့ပြီး အခွင့်အရေး ရချိန်မှာ အထင်ကြီးစရာလုပ်ပြနိုင်သလို သူ့ကို ဆက်တိုးတက်စေချင်တယ်လို့ လမ်းပတ်က မှတ်ချက်ပေးခဲ့ပေမယ့် လက်ရှိခြေစွမ်းအပေါ် ကျေနပ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးနဲ့ အာဆင်နယ် တွေ့ရမယ့် ဘောက်ဆင်ဒေးပွဲအတွက် ဇီယက်ခ်ျနဲ့အတူ ရိစ်ဂျိမ်းစ်နဲ့ ဘင်ချီဝဲတို့ လွဲချော်ရမှာ ဖြစ်ကြောင်း လမ်းပတ်က အတည်ပြုခဲ့ပြီး သူတို့တွေ ဘယ်တော့ပြန်လာနိုင်မလဲဆိုတာ သေချာမသိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – အိုဒြိဳင္းဟာ ခ်ယ္ဆီးမွာ ေနရာတစ္ေနရာအတြက္ ဇီယက္ခ္်၊ ပူလီဆစ္၊ ဟားဗတ္တို႔နဲ႔ ၿပိဳင္ဆိုင္ေနရသလို လမ္းပတ္က သူ႔အသင္းရဲ႕ အင္အား အေရအတြက္နဲ႔ ဟန္ခ်က္ညီမႈ မရွိတဲ့အေပၚ စိတ္ပ်က္ေနၿပီး အိုဒြိဳင္းကို ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။
ခ်ယ္ဆီးရဲ႕အားကစားဒါ႐ိုက္တာ မာရီနာဟာ ဒီကလန္႐ိုက္စ္နဲ႔ ဟာလန္းတို႔ကို ေခၚယူႏိုင္မယ့္ အသုံးစရိတ္ ရရွိဖို႔အတြက္ ဇန္နဝါရီမွာ ႐ူဒီဂါ၊ ခရစၥတန္ဆန္၊ ေဂ်ာ္ဂ်င္ဟို၊ အလြန္ဆို၊ ဘာကေလ၊ ဒရင့္ဝါးတားနဲ႔ ဗစ္တာေမာ့ဆက္တို႔ကို ေရာင္းခ်သြားမွာပါ။
ကတ္ဇူးမားနဲ႔ သီယာဂိုေဆးဗားတို႔ရဲ႕အတြဲအဖက္မိမႈေၾကာင့္ ေနရာေပ်ာက္ခဲ့တဲ့ ႐ူဒီဂါဟာ လမ္းပတ္လက္ေအာက္ ကစားခ်ိန္ မရတဲ့အေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ဝန္ခံခဲ့သလို ပီအက္စ္ဂ်ီက ဇန္နဝါရီမွာ သူ႔ကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္ လို႔ သိရပါတယ္။
ေကာ္စတာဟာ အက္သလက္တီကိုမွာ စာခ်ဳပ္၆လသာ က်န္ေတာ့ၿပီး တီကိုက သူ႔ကို စာခ်ဳပ္သစ္ မခ်ဳပ္ပဲ ေနာက္ေႏြရာသီမွာ အလြတ္ထြက္ခြာခြင့္ေပးမွာျဖစ္သလို ၎ဟာ အသင္းေဟာင္း ခ်ယ္ဆီးနဲ႔ ျပန္ပူးေပါင္းဖို႔ အလားအလာေတြ ရွိေနပါတယ္။
ဖရန္႔လမ္းပတ္ဟာ တီမိုဗာနာနဲ႔ ကိုင္ဟားဗတ္တို႔ရဲ႕႐ုန္းကန္ရမႈေတြအေပၚ စိုးရိမ္ျခင္း မရွိေနပဲ ၎တို႔ႏွစ္ေယာက္က ခ်ယ္ဆီးအတြက္ မွန္ကန္တဲ့ ေခၚယူမႈေတြျဖစ္တယ္ဆိုတာ သက္ေသျပလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ အေပၚ၁၀ သင္းနဲ႔ ေတြ႕ဆုံတဲ့အခါ ရလဒ္ေကာင္းမရခဲ့ပဲ လီဗာပူး၊ စပါး၊ ယူႏိုက္တက္၊ အဲဗာတန္တို႔ကို ဂိုးသြင္းဖို႔ ႐ုန္းကန္ခဲ့ရတဲ့ မွတ္တမ္းဆိုး ရွိေနေပမယ့္ လမ္းပတ္ကေတာ့ အေပၚေအာက္မခြဲပဲ ဘယ္သူက ဘယ္အသင္းကိုမဆို အႏိုင္ယူႏိုင္တယ္ လို႔ ေျပာဆိုခဲ့ပါတယ္။
တန္မီေအဗရာဟမ္ဟာ အသင္းလူစာရင္းမွာ ပါလိုက္ မပါလိုက္ ျဖစ္ခဲ့ၿပီး အခြင့္အေရး ရခ်ိန္မွာ အထင္ႀကီးစရာလုပ္ျပႏိုင္သလို သူ႔ကို ဆက္တိုးတက္ေစခ်င္တယ္လို႔ လမ္းပတ္က မွတ္ခ်က္ေပးခဲ့ေပမယ့္ လက္ရွိေျခစြမ္းအေပၚ ေက်နပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးနဲ႔ အာဆင္နယ္ ေတြ႕ရမယ့္ ေဘာက္ဆင္ေဒးပြဲအတြက္ ဇီယက္ခ္်နဲ႔အတူ ရိစ္ဂ်ိမ္းစ္နဲ႔ ဘင္ခ်ီဝဲတို႔ လြဲေခ်ာ္ရမွာ ျဖစ္ေၾကာင္း လမ္းပတ္က အတည္ျပဳခဲ့ၿပီး သူတို႔ေတြ ဘယ္ေတာ့ျပန္လာႏိုင္မလဲဆိုတာ ေသခ်ာမသိေသးဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
