ယနေ့ နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (24/12/20)

အာဆင်နယ်အသင်းရဲ့ လက်ရှိ အခြေအနေဆိုးကနေ ရုန်းထွက်ဖို့ ကူညီပေးလိုကြောင်း အသင်းကနေ ချန်လှပ်ခံထားရတဲ့ ကွင်းလယ် ကစားသမား အိုဇေးလ်က ထုတ်ဖော် ပြောဆိုလာပါတယ်။

လတ်တလောဟာ ကလပ်အသင်းက လူတိုင်း အတွက် ခက်ခဲလွန်းနေတာ ဖြစ်ပြီး သူ့အနေနဲ့တင် မဟုတ်ဘူး အားလုံးက အမျက်ထွက်နေရကြောင်း၊ ဒါကြောင့် ဒီလို အနေအထားမျိုးမှာ အသင်းအတွက် ကူညီပေးလိုတဲ့ ဆန္ဒရှိကြောင်း အိုဇေးလ်က ဆိုပါတယ်။

ဝက်စ်ဘရွန်းအသင်း နည်းပြသစ် ဖြစ်လာတဲ့ ဆန် အလာဒိုက်ကတော့ ၎င်းက အာဆင်နယ်အသင်းကို ဝက်စ်ဘရွန်းရဲ့ တန်းဆင်းဇုန် ပြိုင်ဘက်အဖြစ် ရှုမြင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်၊ ယူနိုက်တက်၊ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆိုမာကို စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် နည်းပြ ဂရေဟမ် ပေါ်တာကတော့ သူ့အတွက် ဘယ်အသင်းကမှ ချဉ်းကပ်မှု မလုပ်ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ခံစစ်မှူး မူစတာဖီရဲ့ အေးဂျင့် ဖြစ်သူက ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စများ ဆွေးနွေးနေပြီ ဖြစ်ကြောင်း အင်စတာဂရမ်ကနေ အသိပေးသွားပါတယ်။

အာဆင်နယ်အတွက် သတင်းကောင်းကတော့ မာတင်နယ်လီရဲ့ ဒဏ်ရာက မပြင်းထန်ဘဲ အခြေအနေ ပြန်ကောင်း လာတာကြောင့် ဘောက်ဆင်ဒေး ချယ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲမှာ ပြန် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

ချယ်ဆီးအသင်းဘက်မှာတော့ အာဆင်နယ်နဲ့ ပွဲမှာ ဇီယက်နဲ့ ဘန်ချေးဝဲလ်တို့ ဒဏ်ရာ ကိုယ်စီကြောင့် ပါဝင်နိုင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။

Zawgyi – အာဆင္နယ္အသင္းရဲ႕ လက္ရွိ အေျခအေနဆိုးကေန ရုန္းထြက္ဖို႔ ကူညီေပးလိုေၾကာင္း အသင္းကေန ခ်န္လွပ္ခံထားရတဲ့ ကြင္းလယ္ ကစားသမား အိုေဇးလ္က ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

လတ္တေလာဟာ ကလပ္အသင္းက လူတိုင္း အတြက္ ခက္ခဲလြန္းေနတာ ျဖစ္ျပီး သူ႔အေနနဲ႕တင္ မဟုတ္ဘူး အားလံုးက အမ်က္ထြက္ေနရေၾကာင္း၊ ဒါေၾကာင့္ ဒီလို အေနအထားမ်ိဳးမွာ အသင္းအတြက္ ကူညီေပးလိုတဲ့ ဆႏၵရွိေၾကာင္း အိုေဇးလ္က ဆိုပါတယ္။

၀က္စ္ဘရြန္းအသင္း နည္းျပသစ္ ျဖစ္လာတဲ့ ဆန္ အလာဒိုက္ကေတာ့ ၄င္းက အာဆင္နယ္အသင္းကို ၀က္စ္ဘရြန္းရဲ႕ တန္းဆင္းဇုန္ ျပိဳင္ဘက္အျဖစ္ ရႈျမင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္၊ ယူႏိုက္တက္၊ လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔က ဘ႐ိုက္တန္ ကြင္းလယ္လူ ဘစ္ဆိုမာကို စိတ္ဝင္စားေနတယ္ ဆိုတဲ့ သတင္းေတြထြက္ေနေပမယ့္ နည္းျပ ဂေရဟမ္ ေပၚတာကေတာ့ သူ႔အတြက္ ဘယ္အသင္းကမွ ခ်ဥ္းကပ္မႈ မလုပ္ခဲ့ဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။

ခံစစ္မွဴး မူစတာဖီရဲ႕ ေအးဂ်င့္ ျဖစ္သူက ဘာစီလိုနာ အသင္းနဲ႕ အေျပာင္းအေရႊ႕ ကိစၥမ်ား ေဆြးေႏြးေနျပီ ျဖစ္ေၾကာင္း အင္စတာဂရမ္ကေန အသိေပးသြားပါတယ္။

အာဆင္နယ္အတြက္ သတင္းေကာင္းကေတာ့ မာတင္နယ္လီရဲ႕ ဒဏ္ရာက မျပင္းထန္ဘဲ အေျခအေန ျပန္ေကာင္း လာတာေၾကာင့္ ေဘာက္ဆင္ေဒး ခ်ယ္ဆီးနဲ႕ လန္ဒန္ဒါဘီပြဲမွာ ျပန္ ပါ၀င္လာနုိင္ဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီးအသင္းဘက္မွာေတာ့ အာဆင္နယ္နဲ႕ ပြဲမွာ ဇီယက္နဲ႕ ဘန္ေခ်း၀ဲလ္တို႔ ဒဏ္ရာ ကိုယ္စီေၾကာင့္ ပါ၀င္နုိင္ဖို႔ မေသခ်ာဘူး ျဖစ္ေနပါတယ္။