ဘောက်ဆင်ဒေးမှာ တွေ့ရမယ့်ပွဲမတိုင်ခင် အာဆင်နယ်နည်းပြ အာတီတာက ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး အသင်းကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီရာသီဖလားအတွက် တိုက်ပွဲဝင်လိမ့်မယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ အာဆင်နယ်နဲ့ပွဲပြီးရင် အက်စ်တွန်ဗီလာနဲ့ ဆက်ကစားရမှာဖြစ်သလို ပရီးမီးယားလိဂ်နဲ့ ရုပ်သံလွှင့်သူတွေက ချယ်ဆီးနဲ့ ဗီလာ ၂သင်းလုံးကို ၄၈နာရီအတွင်း ၂ပွဲကစားခိုင်းပြီး ကစားသမားတွေကို ထိခိုက်အောင်လုပ်နေတယ်လို့ လမ်းပတ်က ဝေဖန်ခဲ့ပါတယ်။
ချယ်ဆီးဟာ နွေရာသီမှာ ပေါင်သန်း၂၀၀ ကျော်သုံးပြီးနောက် ဇန်နဝါရီမှာလဲ လူသစ်တချို့နဲ့ ထပ်မံအားဖြည့်ရှိနေသလို သူတို့ ခေါ်ယူ နိုင်ခြေရှိတဲ့ ကစားသမားတွေအဖြစ် ဒီကလန်ရိုက်စ်၊ ပေါ့ဘာ၊ ကော်စတာနဲ့ တိုင်ရုန်းမင်းစ်တို့က ထင်ကြေးပေး ခံထားရပါတယ်။

အာတီတာအနေနဲ့ အာဆင်နယ်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ဖို့က အချိန်တစ်ခုသာ လိုအပ်တာဖြစ်တယ်လို့ လမ်းပတ်က ယုံကြည်နေပြီး အခုချိန်မှာ စပိန်သားနည်းပြကို ထုတ်ပယ်ဖို့က စောလွန်းနေသေးတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
ချယ်ဆီးဟာ နွေရာသီမှာ အပြောင်းအရွှေ့မအောင်မြင်ခဲ့တဲ့ ဒီကလန်ရိုက်စ်ကို ဇန်နဝါရီမှာ ထပ်မံကြိုးစားမှာဖြစ်ပေမယ့် ဝက်စ်ဟမ်းက လက်လွှတ်ဖို့မရှိတာကြောင့် သူ့ကို မခေါ်ယူနိုင်ရင် ဂျု့ဒ် ဘယ်လင်ဂမ်ကို ပစ်မှတ်ထားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်ခင် နာပိုလီဟာ ချယ်ဆီးရဲ့ အပယ်ခံ နောက်ခံလူ အီမာဆန်အပေါ် သူတို့ရဲ့စိတ်ဝင်စားမှုကို အရှိန်မြှင့်တင်လာခဲ့တာဖြစ်ပေမယ့် ကွန်တီကလဲ သူ့ကို သဘောကျနေတာကြောင့် အပြိုင်အဆိုင် ကြိုးစားရဖို့ ရှိနေပါတယ်။
လမ်းပတ်ဟာ ကစားသမားဘဝမှာ အောင်မြင်တဲ့ကွင်းလယ်လူဖြစ်ခဲ့တာကြောင့် သူ့ဆီကနေ အများကြီးသင်ယူနိုင်တယ်လို့ ဇီယက်ခ်ျက ဖွင့်ဟခဲ့သလို ချယ်ဆီးကို စပြောင်းလာတဲ့အချိန်ထဲက နည်းပြ အပေါ် ယုံကြည်မှုရှိခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ေဘာက္ဆင္ေဒးမွာ ေတြ႕ရမယ့္ပြဲမတိုင္ခင္ အာဆင္နယ္နည္းျပ အာတီတာက ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္မွာ အေတာင့္တင္းဆုံး အသင္းကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး ဒီရာသီဖလားအတြက္ တိုက္ပြဲဝင္လိမ့္မယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ အာဆင္နယ္နဲ႔ပြဲၿပီးရင္ အက္စ္တြန္ဗီလာနဲ႔ ဆက္ကစားရမွာျဖစ္သလို ပရီးမီးယားလိဂ္နဲ႔ ႐ုပ္သံလႊင့္သူေတြက ခ်ယ္ဆီးနဲ႔ ဗီလာ ၂သင္းလုံးကို ၄၈နာရီအတြင္း ၂ပြဲကစားခိုင္းၿပီး ကစားသမားေတြကို ထိခိုက္ေအာင္လုပ္ေနတယ္လို႔ လမ္းပတ္က ေဝဖန္ခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ေႏြရာသီမွာ ေပါင္သန္း၂၀၀ ေက်ာ္သုံးၿပီးေနာက္ ဇန္နဝါရီမွာလဲ လူသစ္တခ်ိဳ႕နဲ႔ ထပ္မံအားျဖည့္ရွိေနသလို သူတို႔ ေခၚယူ နိုင္ေျခရွိတဲ့ ကစားသမားေတြအျဖစ္ ဒီကလန္႐ိုက္စ္၊ ေပါ့ဘာ၊ ေကာ္စတာနဲ႔ တိုင္႐ုန္းမင္းစ္တို႔က ထင္ေၾကးေပး ခံထားရပါတယ္။
အာတီတာအေနနဲ႔ အာဆင္နယ္ရဲ႕ ကံၾကမၼာကို ေျပာင္းလဲေပးႏိုင္ဖို႔က အခ်ိန္တစ္ခုသာ လိုအပ္တာျဖစ္တယ္လို႔ လမ္းပတ္က ယုံၾကည္ေနၿပီး အခုခ်ိန္မွာ စပိန္သားနည္းျပကို ထုတ္ပယ္ဖို႔က ေစာလြန္းေနေသးတယ္လို႔ အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ေႏြရာသီမွာ အေျပာင္းအေ႐ႊ႕မေအာင္ျမင္ခဲ့တဲ့ ဒီကလန္႐ိုက္စ္ကို ဇန္နဝါရီမွာ ထပ္မံႀကိဳးစားမွာျဖစ္ေပမယ့္ ဝက္စ္ဟမ္းက လက္လႊတ္ဖို႔မရွိတာေၾကာင့္ သူ႔ကို မေခၚယူႏိုင္ရင္ ဂ်ဳ႕ဒ္ ဘယ္လင္ဂမ္ကို ပစ္မွတ္ထားဖို႔ စဥ္းစားထားတယ္လို႔ သိရပါတယ္။
ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မတိုင္ခင္ နာပိုလီဟာ ခ်ယ္ဆီးရဲ႕ အပယ္ခံ ေနာက္ခံလူ အီမာဆန္အေပၚ သူတို႔ရဲ႕စိတ္ဝင္စားမႈကို အရွိန္ျမႇင့္တင္လာခဲ့တာျဖစ္ေပမယ့္ ကြန္တီကလဲ သူ႔ကို သေဘာက်ေနတာေၾကာင့္ အၿပိဳင္အဆိုင္ ႀကိဳးစားရဖို႔ ရွိေနပါတယ္။
လမ္းပတ္ဟာ ကစားသမားဘဝမွာ ေအာင္ျမင္တဲ့ကြင္းလယ္လူျဖစ္ခဲ့တာေၾကာင့္ သူ႔ဆီကေန အမ်ားႀကီးသင္ယူႏိုင္တယ္လို႔ ဇီယက္ခ္်က ဖြင့္ဟခဲ့သလို ခ်ယ္ဆီးကို စေျပာင္းလာတဲ့အခ်ိန္ထဲက နည္းျပ အေပၚ ယုံၾကည္မႈရွိခဲ့တာပါလို႔ ေျပာဆိုခဲ့ပါတယ္။
