အာတီတာအနေနဲ့ အာဆင်နယ်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ဖို့က အချိန်တစ်ခုသာ လိုအပ်တာဖြစ်တယ်လို့ ချယ်ဆီး နည်းပြ လမ်းပတ်က ယုံကြည်နေပြီး အခုချိန်မှာ စပိန်သားနည်းပြကို ထုတ်ပယ်ဖို့က စောလွန်းနေသေးတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဘောက်ဆင်ဒေးမှာ တွေ့ရမယ့်ပွဲမတိုင်ခင် အာဆင်နယ်နည်းပြ အာတီတာက ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး အသင်းကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီရာသီဖလားအတွက် တိုက်ပွဲဝင်လိမ့်မယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ရဲ့ နောက်သုံးပွဲ ဖြစ်တဲ့ ချယ်ဆီး၊ ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်တို့နဲ့ ပွဲစဉ်တွေဟာ ဒီရာသီ အသင်းအတွက် အထူးအရေးပါတဲ့ ပွဲတွေ ဖြစ်ကာ ထိုပွဲများ ရှုံးနိမ့်ပါက အာဆင်နယ် တန်းဆင်းဇုန်မှာ တကယ်ရောက်ပြီလို့ အာတီတာက သတိပေးခဲ့ပါတယ်။
နိုဝင်ဘာအစနောက်ပိုင်း ပထမဆုံးလိဂ်နိုင်ပွဲရှာဖွေနေတဲ့ အာဆင်နယ်အတွက် ချယ်ဆီးနဲ့ပွဲက အရေးကြီးနေသလို တန်းဆင်းဇုန် တိုက်ပွဲ မနွှဲချင်ရင် ဒီပွဲမှာ အာဆင်နယ်ရဲ့ ကံဆိုးမှုကိုအဆုံးသတ်ပြီး အမှတ်တွေရယူဖို့ အာတီတာက တိုက်တွန်းခဲ့ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ တည်ငြိမ်မှု မရှိသေးတဲ့ တောင်ပံတိုက်စစ်သမား ဝီလီယံကို ၎င်းအသင်းဟောင်း ချယ်ဆီးနဲ့ ပွဲမှာ ထုတ်မသုံးဘဲ ချန်လှပ်ထားဖို့ အာတီတာအား အကြံပြုခဲ့ပါတယ်။
အသင်းခေါင်းဆောင် အူဘာမီးယန်းကတော့ ချယ်ဆီးနဲ့ ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘဲ ရှိပါတယ်။ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ပွဲတိုင်း ဂိုးသွင်းထားတဲ့ မှတ်တမ်းကောင်း ရှိထားတာကြောင့် အူဘာမီးယန်း မပါဝင်နိုင်ရင် အာဆင်နယ် အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်ပါတယ်။

Zawgyi – အာတီတာအေနနဲ႔ အာဆင္နယ္ရဲ႕ ကံၾကမၼာကို ေျပာင္းလဲေပးႏိုင္ဖို႔က အခ်ိန္တစ္ခုသာ လိုအပ္တာျဖစ္တယ္လို႔ ခ်ယ္ဆီး နည္းျပ လမ္းပတ္က ယုံၾကည္ေနၿပီး အခုခ်ိန္မွာ စပိန္သားနည္းျပကို ထုတ္ပယ္ဖို႔က ေစာလြန္းေနေသးတယ္လို႔ အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။
ေဘာက္ဆင္ေဒးမွာ ေတြ႕ရမယ့္ပြဲမတိုင္ခင္ အာဆင္နယ္နည္းျပ အာတီတာက ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ အေတာင့္တင္းဆုံး အသင္းကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး ဒီရာသီဖလားအတြက္ တိုက္ပြဲဝင္လိမ့္မယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ရဲ႕ ေနာက္သံုးပြဲ ျဖစ္တဲ့ ခ်ယ္ဆီး၊ ၀က္စ္ဟမ္းနဲ႔ ဘရုိက္တန္တို႔နဲ႔ ပြဲစဥ္ေတြဟာ ဒီရာသီ အသင္းအတြက္ အထူးအေရးပါတဲ့ ပြဲေတြ ျဖစ္ကာ ထိုပြဲမ်ား ရွံဳးနိမ့္ပါက အာဆင္နယ္ တန္းဆင္းဇုန္မွာ တကယ္ေရာက္ျပီလို႔ အာတီတာက သတိေပးခဲ့ပါတယ္။
ႏိုဝင္ဘာအစေနာက္ပိုင္း ပထမဆုံးလိဂ္ႏိုင္ပြဲရွာေဖြေနတဲ့ အာဆင္နယ္အတြက္ ခ်ယ္ဆီးနဲ႔ပြဲက အေရးႀကီးေနသလို တန္းဆင္းဇုန္ တိုက္ပြဲ မႏႊဲခ်င္ရင္ ဒီပြဲမွာ အာဆင္နယ္ရဲ႕ ကံဆိုးမႈကိုအဆုံးသတ္ၿပီး အမွတ္ေတြရယူဖို႔ အာတီတာက တိုက္တြန္းခဲ့ပါတယ္။
ဂန္းနားေဟာင္းၾကီး ေပါမာဆန္ကေတာ့ တည္ျငိမ္မႈ မရွိေသးတဲ့ ေတာင္ပံတိုက္စစ္သမား ၀ီလီယံကို ၄င္းအသင္းေဟာင္း ခ်ယ္ဆီးနဲ႕ ပြဲမွာ ထုတ္မသံုးဘဲ ခ်န္လွပ္ထားဖို႔ အာတီတာအား အၾကံျပဳခဲ့ပါတယ္။
အသင္းေခါင္းေဆာင္ အူဘာမီးယန္းကေတာ့ ခ်ယ္ဆီးနဲ႕ ပြဲမွာ ပါ၀င္ကစားနိုင္ဖို႔ မေသခ်ာေသးဘဲ ရွိပါတယ္။ ပရီးမီးယားလိဂ္ ေဘာက္ဆင္ေဒး ပြဲတိုင္း ဂိုးသြင္းထားတဲ့ မွတ္တမ္းေကာင္း ရွိထားတာေၾကာင့္ အူဘာမီးယန္း မပါ၀င္နုိင္ရင္ အာဆင္နယ္ အတြက္ ထိုးနွက္ခ်က္ တစ္ရပ္ ျဖစ္ပါတယ္။
