နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲရှုံးခဲ့တဲ့နောက် ဖလားစိန်ခေါ်ဖို့ သံသယရှိစရာ အခြေအနေကို ရောက်လာတဲ့ ချယ်ဆီးဟာ ရာသီကုန်မှာ ထိပ်ဆုံးလေးသင်းထဲ မဝင်ခဲ့ရင်တော့ နည်းပြ လမ်းပတ် ထုတ်ပယ်ခံရလိမ့်မယ်လို့ ခရစ်ဘာလေက ယုံကြည်နေပါတယ်။
နွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲပြီး ကစားသမားကောင်းတွေခေါ်ယူခဲ့ပေမယ့်လဲ အသင်းမှာ အဓိက အစိတ်အပိုင်း တခု လိုအပ်နေသေးတယ်လို့ လမ်းပတ်က ယုံကြည်နေသလို မာရီနာဟာ ဇန်နဝါရီမှာ သူ့ကို ခေါ်ယူမှုတစ်ခုသာ လုပ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

အက်သလက်တီကိုဟာ ကော်စတာကို စာချုပ်တစ်နှစ် သက်တမ်းတိုးဖို့ ငြင်းပယ်ခဲ့တဲ့နောက် ၎င်းဟာ ဇန်နဝါရီမှာ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့သလို တခြာားအသင်းထံ ရောက်သွားရင်တော့ ချယ်ဆီးနဲ့ တွေ့ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ကတ်ဇူးမားနဲ့ သီယာဂိုဆေးဗားတို့ အတွဲမိခဲ့တဲ့နောက် ချယ်ဆီးမှာ ပွဲထွက်နေရာ ဆုံးရှုံးခဲ့တဲ့ ရူဒီဂါဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဂျူဗင်တပ်က သူ့ကို ခေါ်ယူချင်နေသလို ချယ်ဆီးက သူ့ရဲ့တန်ကြေးကို ယူရို ၁၅ သန်း သတ်မှတ်ခဲ့ပါတယ်။
၁၀ ယောက်နဲ့ကစားပြီး ပဲလေ့စ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ အက်စ်တွန်ဗီလာဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ပေမယ့် ချယ်ဆီးအနေနဲ့ အာဆင်နယ်ကို ရှုံးခဲ့တာကို ဒီပွဲမှာ တုံ့ပြန်ပြီး ပြန်လာနိုင်အောင်ကြိုးစားဖို့ ကစားသမားတွေကို လမ်းပတ်က တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ်ကိုရှုံးခဲ့တဲ့ပွဲမှာ အသင်းရဲ့ ပွဲပန်းမှုက အဓိက ပြဿနာမဟုတ်ခဲ့ဘူးလို့ လမ်းပတ်က ဖြေရှင်းခဲ့ပြီး ပထမပိုင်းမှာ သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အသွေး ကင်းမဲ့မှုကိုသာ အပြစ်တင်ရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နွေရာသီမှာ ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ဖို့ငြင်းပယ်ခဲ့ပြီး ချယ်ဆီးမှာ ဆက်လက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ တိုမိုရီဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပဲ အရန်ခုံမှာပဲ ထိုင်နေရသလို ဇန်နဝါရီမှာတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ချယ်ဆီးမှာ အေဗရာဟမ်က ၆ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပြီး ဒုတိယနေရာမှာ ကတ်ဇူးမား ရှိနေတာဟာ အသင်း တိုက်စစ်ရဲ့ ရုန်းကန်နေရမှုအတွက် သက်သေဖြစ်သလို ဇန်နဝါရီမှာ တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ အစီအစဉ်ကို အရှိန် မြှင့်တင်နေပါတယ်။

Zawgyi – ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲရႈံးခဲ့တဲ့ေနာက္ ဖလားစိန္ေခၚဖို႔ သံသယရွိစရာ အေျခအေနကို ေရာက္လာတဲ့ ခ်ယ္ဆီးဟာ ရာသီကုန္မွာ ထိပ္ဆုံးေလးသင္းထဲ မဝင္ခဲ့ရင္ေတာ့ နည္းျပ လမ္းပတ္ ထုတ္ပယ္ခံရလိမ့္မယ္လို႔ ခရစ္ဘာေလက ယုံၾကည္ေနပါတယ္။
ေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးစြဲၿပီး ကစားသမားေကာင္းေတြေခၚယူခဲ့ေပမယ့္လဲ အသင္းမွာ အဓိကအစိတ္အပိုင္းတခု လိုအပ္ေနေသးတယ္လို႔ လမ္းပတ္က ယုံၾကည္ေနသလို မာရီနာဟာ ဇန္နဝါရီမွာ သူ႔ကို ေခၚယူမႈတစ္ခုသာ လုပ္ခြင့္ေပးမွာ ျဖစ္ပါတယ္။
အက္သလက္တီကိုဟာ ေကာ္စတာကို စာခ်ဳပ္တစ္ႏွစ္ သက္တမ္းတိုးဖို႔ ျငင္းပယ္ခဲ့တဲ့ေနာက္ ၎ဟာ ဇန္နဝါရီမွာ ထြက္ခြာခြင့္ ေပးဖို႔ ေတာင္းဆိုခဲ့သလို တျခာားအသင္းထံ ေရာက္သြားရင္ေတာ့ ခ်ယ္ဆီးနဲ႔ ေတြ႕ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ပါဝင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။
ကတ္ဇူးမားနဲ႔ သီယာဂိုေဆးဗားတို႔ အတြဲမိခဲ့တဲ့ေနာက္ ခ်ယ္ဆီးမွာ ပြဲထြက္ေနရာ ဆုံးရႈံးခဲ့တဲ့ ႐ူဒီဂါဟာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ၿပီး ဂ်ဴဗင္တပ္က သူ႔ကို ေခၚယူခ်င္ေနသလို ခ်ယ္ဆီးက သူ႔ရဲ႕တန္ေၾကးကို ယူ႐ို ၁၅ သန္း သတ္မွတ္ခဲ့ပါတယ္။
၁၀ ေယာက္နဲ႔ကစားၿပီး ပဲေလ့စ္ကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ အက္စ္တြန္ဗီလာဟာ ခက္ခဲတဲ့ ၿပိဳင္ဘက္ျဖစ္ေပမယ့္ ခ်ယ္ဆီးအေနနဲ႔ အာဆင္နယ္ကို ရႈံးခဲ့တာကို ဒီပြဲမွာ တုံ႔ျပန္ၿပီး ျပန္လာႏိုင္ေအာင္ႀကိဳးစားဖို႔ ကစားသမားေတြကို လမ္းပတ္က တိုက္တြန္းခဲ့ပါတယ္။
အာဆင္နယ္ကို ရႈံးခဲ့တဲ့ပြဲမွာ အသင္းရဲ႕ ပြဲပန္းမႈက အဓိက ျပႆနာမဟုတ္ခဲ့ဘူးလို႔ လမ္းပတ္က ေျဖရွင္းခဲ့ၿပီး ပထမပိုင္းမွာ သူ႔ကစားသမားေတြရဲ႕ စိတ္ဓာတ္နဲ႔ အရည္အေသြး ကင္းမဲ့မႈကိုသာ အျပစ္တင္ရမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေႏြရာသီမွာ ဝက္စ္ဟမ္းထံ ေျပာင္းေ႐ႊ႕ဖို႔ျငင္းပယ္ခဲ့ၿပီး ခ်ယ္ဆီးမွာ ဆက္လက္ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ တိုမိုရီဟာ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့ပဲ အရန္ခုံမွာပဲ ထိုင္ေနရသလို ဇန္နဝါရီမွာေတာ့ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။
ခ်ယ္ဆီးမွာ ေအဗရာဟမ္က ၆ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ေနၿပီး ဒုတိယေနရာမွာ ကတ္ဇူးမား ရွိေနတာဟာ အသင္း တိုက္စစ္ရဲ႕ ႐ုန္းကန္ေနရမႈအတြက္ သက္ေသျဖစ္သလို ဇန္နဝါရီမွာ တိုက္စစ္မႉးအသစ္ ေခၚယူဖို႔ အစီအစဥ္ကို အရွိန္ ျမႇင့္တင္ေနပါတယ္။
