ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/12/20)

ယူနိုက်တက် တိုက်စစ်ရဲ့ ဖြုန်းတီးမှုတွေကြောင့် သူတို့ဟာ လက်စတာနဲ့ပွဲမှာ သရေတစ်မှတ်သာ ရရှိခဲ့သလို လာမယ့် ဇန်နဝါရီမှာ အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူး အသစ် တစ်ယောက်ခေါ်ယူဖို့ လိုတယ်လို့ ထရီဗာ ဆင်ကလဲယားက တိုက်တွန်းခဲ့ပါတယ်။

နွေရာသီမှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ဒေးဗစ်အလာဘာဟာ ဇန်နဝါရီမှာ ပြည်ပကလပ်တွေနဲ့ အကြို စာချုပ်သဘောတူညီမှုရဖို့ ဆွေးနွေးနိုင်မှာဖြစ်ပေမယ့် ယူနိုက်တက်တော့ လစာ အများကြီးမပေးချင်တာကြောင့် သူ့ကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပထမဦးစားပေး ညာနောက်တန်းအဖြစ် ဝမ်ဘစ်ဆာကာနဲ့ ယှဉ်ပြိုင်မယ့် သူတစ်ယောက်ကို ခေါ်ယူချင်နေပြီး အေတီကိုရဲ့ ထရစ်ပီယာကို စိတ်ဝင်စားခဲ့ပေမယ့် ၎င်းက ၁၀ ပတ်ကြာ ဘန်းခံထားရတာကြောင့် ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဖြစ်ဖို့က မရှိနိုင်တော့ပါဘူး။

မီလန်မှာ အငှားကစားနေတဲ့ ဒီယိုဂို ဒါးလော့ဟာ သီယိုဟာနန်ဒက်စ်ရဲ့ အရန်လူသာ ဖြစ်ခဲ့တဲ့နောက် ဟာနန်ဒက်စ် မပါဝင်နိုင်တဲ့ ဘီနီဗင်တိုနဲ့ ပွဲမှာပွဲထွက်ခွင့်ရဖို့ရှိနေပြီး အဲ့ဒီ့ပွဲမှာ အထင်ကြီးစရာ မလုပ်နိုင်ခဲ့ရင် အပြီးသတ် ပြောင်းရွှေ့ခွင့်ရဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးကျယ်ဆုံးကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပေါလ်စခိုးက ဘရူနို ဖာနန်ဒက်စ် ဟာ သူ့ထက် ပိုကောင်းတယ်လို့ ယုံကြည်နေသလို ဂိုးနဲ့ဖန်တီးမှု သူ့ထက်ပိုလုပ်နိုင်တဲ့ ပေါ်တူဂီသားနဲ့ တွဲကစားချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

လင်ဒီလော့ဖ်ဟာ လက်စတာရဲ့ ဟာဗေးဘန်းစ်နဲ့အတူ ဘယ်တောင်ပံ တိုက်စစ်ကို ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရတာနောက် သူ့ကို နောက်ထပ် ပွဲမထုတ်ဖို့ ပေါလ်စခိုးက တိုက်တွန်းခဲ့သလို ဆိုးရှားကလဲ သူ့အစား တွမ်ဇီဘီကို ပိုကြိုက်ကြောင်း ဝန်ခံခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ တိုက္စစ္ရဲ႕ ျဖဳန္းတီးမႈေတြေၾကာင့္ သူတို႔ဟာ လက္စတာနဲ႔ပြဲမွာ သေရတစ္မွတ္သာ ရရွိခဲ့သလို လာမယ့္ ဇန္နဝါရီမွာ အဆုံးသတ္ေသခ်ာတဲ့ တိုက္စစ္မႉး အသစ္ တစ္ေယာက္ေခၚယူဖို႔ လိုတယ္လို႔ ထရီဗာ ဆင္ကလဲယားက တိုက္တြန္းခဲ့ပါတယ္။

ေႏြရာသီမွာအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာမယ့္ ေဒးဗစ္အလာဘာဟာ ဇန္နဝါရီမွာ ျပည္ပကလပ္ေတြနဲ႔ အႀကိဳ စာခ်ဳပ္သေဘာတူညီမႈရဖို႔ ေဆြးေႏြးႏိုင္မွာျဖစ္ေပမယ့္ ယူႏိုက္တက္ေတာ့ လစာ အမ်ားႀကီးမေပးခ်င္တာေၾကာင့္ သူ႔ကို ေခၚယူဖို႔ လက္ေလွ်ာ့လိုက္ၿပီ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ပထမဦးစားေပး ညာေနာက္တန္းအျဖစ္ ဝမ္ဘစ္ဆာကာနဲ႔ ယွဥ္ၿပိဳင္မယ့္ သူတစ္ေယာက္ကို ေခၚယူခ်င္ေနၿပီး ေအတီကိုရဲ႕ ထရစ္ပီယာကို စိတ္ဝင္စားခဲ့ေပမယ့္ ၎က ၁၀ ပတ္ၾကာ ဘန္းခံထားရတာေၾကာင့္ ဇန္နဝါရီမွာ အေျပာင္းအေ႐ႊ႕ ျဖစ္ဖို႔က မရွိႏိုင္ေတာ့ပါဘူး။

မီလန္မွာ အငွားကစားေနတဲ့ ဒီယိုဂို ဒါးေလာ့ဟာ သီယို ဟာနန္ဒက္စ္ရဲ႕ အရန္လူသာ ျဖစ္ခဲ့တဲ့ေနာက္ ဟာနန္ဒက္စ္ မပါဝင္ႏိုင္တဲ့ ဘီနီဗင္တိုနဲ႔ ပြဲမွာပြဲထြက္ခြင့္ရဖို႔ရွိေနၿပီး အဲ့ဒီ့ပြဲမွာ အထင္ႀကီးစရာ မလုပ္ႏိုင္ခဲ့ရင္ အၿပီးသတ္ ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ ျဖစ္ႏိုင္မွာမဟုတ္ပါဘူး။

ပရီးမီးယားလိဂ္သမိုင္းမွာ အႀကီးက်ယ္ဆုံးကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ေပါလ္စခိုးက ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ သူ႔ထက္ ပိုေကာင္းတယ္လို႔ ယုံၾကည္ေနသလို ဂိုးနဲ႔ဖန္တီးမႈ သူ႔ထက္ပိုလုပ္ႏိုင္တဲ့ ေပၚတူဂီသားနဲ႔ တြဲကစားခ်င္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လင္ဒီေလာ့ဖ္ဟာ လက္စတာရဲ႕ ဟာေဗးဘန္းစ္နဲ႔အတူ ဘယ္ေတာင္ပံ တိုက္စစ္ကို ထိန္းသိမ္းဖို႔ ႐ုန္းကန္ခဲ့ရတာေနာက္ သူ႔ကို ေနာက္ထပ္ ပြဲမထုတ္ဖို႔ ေပါလ္စခိုးက တိုက္တြန္းခဲ့သလို ဆိုးရွားကလဲ သူ႔အစား တြမ္ဇီဘီကို ပိုႀကိဳက္ေၾကာင္း ဝန္ခံခဲ့ပါတယ္။