ချယ်ဆီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့ပေမယ့် မိမိတို့ဟာ ဒီလို ခက်ခဲတဲ့အခြေအနေကနေ ပိုတောင့်တင်းတဲ့ပုံစံနဲ့ ပြန်လာရမယ်လို့ လမ်းပတ်က အားပေးစကားဆိုခဲ့ပြီးဒီပွဲမှာ သူတို့က အနိုင်ရဖို့ထိုက်တန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ခရစ္စတန်ဆန်က မြက်ခင်းပေါ် လဲကျနေခဲ့ချိန်မှာ ဂရီးလစ်ရှ်က ကစားမရပ်ပဲ ဘောလုံးယူပြီး ဗီလာရဲ့ချေပဂိုးကို ဖန်တီးပေးခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေယ့် ခရစ္စတန်ဆန်ဟာ အဲ့ဒီ့အချိန်မှာ ပြန်ထကစားခဲ့သင့်တယ်လို့ ဂျွန်တယ်ရီက ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ဟာကင်ဇီယက်ခ်ျရဲ့ ဖန်တီးနိုင်စွမ်းတွေ လိုအပ်နေချိန်မှာ အိုဒွိုင်းအနေနဲ့ သူ့ရဲ့ နေရာကို ဖြည့်ဆည်းပေးပြီး အသင်းအတွက် ဂိုးနဲ့ဖန်တီးမှုတွေ ပြုလုပ်ကာ အရှိန်မြှင့်တင်ပြီး ကူညီပေးသင့်တယ်လို့ လမ်းပတ်က တိုက်တွန်းပြောဆို ခဲ့ပါတယ်။
ဗီလာကို ချေပဂိုးပေးခဲ့ရတဲ့ build up မှာ ခရစ္စတန်ဆန်က ဒဏ်ရာမပြင်းထန်ပဲ မြက်ခင်းပေါ် ဆက်လှဲနေခဲ့တဲ့အပေါ် တင်ရှားဝုဒ်က မေးခွန်းထုတ်ခဲ့ပြီး ဒီပွဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် ၃ မှတ် ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဟာလန်းဟာ ဒေါ့မွန်ထံ ရောက်ပြီး တစ်နှစ်အကြာမှာပဲ အသင်းပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့သလို ချယ်ဆီးဟာ သူ့ကို ၂၀၂၀အတွက် ဦးစားပေးပစ်မှတ်ထားနေပြီး ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာအစောပိုင်းမှာ ဟာကင်ဇီယက်ခ်ျ ဒဏ်ရာရပြီး မကစားနိုင်ခဲ့တဲ့နောက် ချယ်ဆီးဟာ အမှတ်တွေဆက်တိုက်လျော့ခဲ့သလို သူ့ရဲ့ အကူအညီတွေ လိုအပ်နေပြီး မန်စီးတီးနဲ့ပွဲအမီ သူပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း လမ်းပတ်က ဝန်ခံခဲ့ပါတယ်။
ရိစ်ဂျိမ်းစ်က ဒဏ်ရာကြောင့် မကစားနိုင်တဲ့အတွက် ဒီပွဲမှာ အက်ဇ်ပီလီကွီတာ ပါဝင်လာခဲ့ပေမယ့် ညာနောက်ခံလူရဲ့ ဒဏ်ရာဟာ တံကောက်ကြောဒဏ်ရာ အသေးစားဖြစ်လို့ အများကြီး စိုးရိမ်စရာမရှိဘူးလို့ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။
ဂရီးလစ်ရှ်နဲ့ ခရစ္စတန်ဆန်တို့ ထိခိုက်မိခဲ့ပေမယ့် ဂရီးလစ်ရှ်က ပြန်ထကစားပြီး ဂိုးကို ဖန်တီးပေးခဲ့တဲ့အချိန် ဆက်လဲကျနေတဲ့ ခရစ္စတန်ဆန်အပေါ် အရမ်းစိတ်ပျက်ကြောင်း အီယန်ရိုက်က ဖွင့်ဟခဲ့ပြီး သူ့ရဲ့အပြုအမူကြောင့် ပြဿနာဖြစ်စေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲသာႏိုင္ခဲ့ေပမယ့္ မိမိတို႔ဟာ ဒီလို ခက္ခဲတဲ့အေျခအေနကေန ပိုေတာင့္တင္းတဲ့ပုံစံနဲ႔ ျပန္လာရမယ္လို႔ လမ္းပတ္က အားေပးစကားဆိုခဲ့ၿပီးဒီပြဲမွာ သူတို႔က အႏိုင္ရဖို႔ထိုက္တန္ခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ခရစၥတန္ဆန္က ျမက္ခင္းေပၚ လဲက်ေနခဲ့ခ်ိန္မွာ ဂရီးလစ္ရွ္က ကစားမရပ္ပဲ ေဘာလုံးယူၿပီး ဗီလာရဲ႕ေခ်ပဂိုးကို ဖန္တီးေပးခဲ့တဲ့အေပၚ ေဝဖန္မႈေတြရွိေနေပယ့္ ခရစၥတန္ဆန္ဟာ အဲ့ဒီ့အခ်ိန္မွာ ျပန္ထကစားခဲ့သင့္တယ္လို႔ ဂြၽန္တယ္ရီက ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဟာကင္ဇီယက္ခ္်ရဲ႕ ဖန္တီးႏိုင္စြမ္းေတြ လိုအပ္ေနခ်ိန္မွာ အိုဒြိဳင္းအေနနဲ႔ သူ႔ရဲ႕ ေနရာကို ျဖည့္ဆည္းေပးၿပီး အသင္းအတြက္ ဂိုးနဲ႔ဖန္တီးမႈေတြ ျပဳလုပ္ကာ အရွိန္ျမႇင့္တင္ၿပီး ကူညီေပးသင့္တယ္လို႔ လမ္းပတ္က တိုက္တြန္းေျပာဆို ခဲ့ပါတယ္။
ဗီလာကို ေခ်ပဂိုးေပးခဲ့ရတဲ့ build up မွာ ခရစၥတန္ဆန္က ဒဏ္ရာမျပင္းထန္ပဲ ျမက္ခင္းေပၚ ဆက္လွဲေနခဲ့တဲ့အေပၚ တင္ရွားဝုဒ္က ေမးခြန္းထုတ္ခဲ့ၿပီး ဒီပြဲမွာ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္အမွားေၾကာင့္ ၃ မွတ္ ဆုံးရႈံးခဲ့ရတာျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ဟာလန္းဟာ ေဒါ့မြန္ထံ ေရာက္ၿပီး တစ္ႏွစ္အၾကာမွာပဲ အသင္းေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေနခဲ့သလို ခ်ယ္ဆီးဟာ သူ႔ကို ၂၀၂၀အတြက္ ဦးစားေပးပစ္မွတ္ထားေနၿပီး ဇန္နဝါရီမွာ ေခၚယူဖို႔ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ဒီဇင္ဘာအေစာပိုင္းမွာ ဟာကင္ဇီယက္ခ္် ဒဏ္ရာရၿပီး မကစားႏိုင္ခဲ့တဲ့ေနာက္ ခ်ယ္ဆီးဟာ အမွတ္ေတြဆက္တိုက္ေလ်ာ့ခဲ့သလို သူ႔ရဲ႕ အကူအညီေတြ လိုအပ္ေနၿပီး မန္စီးတီးနဲ႔ပြဲအမီ သူျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း လမ္းပတ္က ဝန္ခံခဲ့ပါတယ္။
ရိစ္ဂ်ိမ္းစ္က ဒဏ္ရာေၾကာင့္ မကစားႏိုင္တဲ့အတြက္ ဒီပြဲမွာ အက္ဇ္ပီလီကြီတာ ပါဝင္လာခဲ့ေပမယ့္ ညာေနာက္ခံလူရဲ႕ ဒဏ္ရာဟာ တံေကာက္ေၾကာဒဏ္ရာ အေသးစားျဖစ္လို႔ အမ်ားႀကီး စိုးရိမ္စရာမရွိဘူးလို႔ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။
ဂရီးလစ္ရွ္နဲ႔ ခရစၥတန္ဆန္တို႔ ထိခိုက္မိခဲ့ေပမယ့္ ဂရီးလစ္ရွ္က ျပန္ထကစားၿပီး ဂိုးကို ဖန္တီးေပးခဲ့တဲ့အခ်ိန္ ဆက္လဲက်ေနတဲ့ ခရစၥတန္ဆန္အေပၚ အရမ္းစိတ္ပ်က္ေၾကာင္း အီယန္႐ိုက္က ဖြင့္ဟခဲ့ၿပီး သူ႔ရဲ႕အျပဳအမူေၾကာင့္ ျပႆနာျဖစ္ေစခဲ့တယ္လို႔ ေဝဖန္ခဲ့ပါတယ္။
