ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (29/12/20)

အာဆင်နယ် အသင်းဟာ ရုန်းကန်ရမှုတွေ ရှိနေပေမယ့် နည်းပြ အာတီတာက ၎င်းဟာ အသင်းမှာ မျှော်လင့်ထားခဲ့တာထက် မြန်မြန် အသားကျနေပြီ ဖြစ်ကြောင်း အကောင်းမြင်နေပါတယ်။

အာဆင်နယ် ခံစစ်မှူး ဂါဘီရယ် မက်ဂါးလက်စ်ဟာ ကိုဗစ် ပိုးတွေ့ရှိကြောင်း နောက်ဆုံး ဆေးစစ်ချက်မှာ ထွက်ပေါ် လာတာကြောင့် ဆက်လက်ပြီး သီးသန့်ခွဲနေကာ ကုသမှု ခံယူရဦးမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ကာလရှည် ချိတ်ဆက်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို စီးရီးအေ ထိပ်သီး အေစီမီလန် က ခေါ်ယူလိုနေပါတယ်။

ဂန်းနားတိုက်စစ်မှူးဟောင်းကြီး မိုက်ကယ် သောမတ်စ်ကတော့ ခရစ္စတီယန် အဲရစ်ဆန်ကို ခေါ်ယူနိုင်မယ် ဆိုရင် ၎င်းရဲ့ ကလပ်အသင်းဟောင်း အာဆင်နယ် အတွက် အင်အားဖြည့်မှုကောင်း ဖြစ်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။

နည်းပြ အာတီတာ ဟာ ဆီဗီလာ အသင်းမှ ပေါင် ၃၂ သန်းတန် ကွင်းလယ် သမား ဂျော်ဒန် ကို ခေါ်ယူပြီး အာဆင်နယ် အသင်း ကွင်းလယ်ကို အင်အားဖြည့်ရန် ပစ်မှတ်ထားနေပါတယ်။

၂၀၀၀ ပြည့်နှစ် မတိုင်ခင်က အာဆင်ဝင်းဂါးရဲ့ အာဆင်နယ် အသင်းမှာ ဆို လက်ရှိ တိုက်စစ်မှူး အူဘာမီးယန်း တစ်ယောက် ပွဲကစားခွင့် နေရာတောင် ကောင်းကောင်း ရမှာ မဟုတ်ဘူးလို့ ဂန်းနား ခံစစ်မှူးဟောင်း ဝင်းတားဘမ်းက သုံးသပ်လိုက်ပါတယ်။

Zawgyi – အာဆင္နယ္ အသင္းဟာ ရုန္းကန္ရမႈေတြ ရွိေနေပမယ့္ နည္းျပ အာတီတာက ၄င္းဟာ အသင္းမွာ ေမွ်ာ္လင့္ထားခဲ့တာထက္ ျမန္ျမန္ အသားက်ေနျပီ ျဖစ္ေၾကာင္း အေကာင္းျမင္ေနပါတယ္။

အာဆင္နယ္ ခံစစ္မွဴး ဂါဘီရယ္ မက္ဂါးလက္စ္ဟာ ကိုဗစ္ ပိုးေတြ႔ရွိေၾကာင္း ေနာက္ဆံုး ေဆးစစ္ခ်က္မွာ ထြက္ေပၚ လာတာေၾကာင့္ ဆက္လက္ျပီး သီးသန္႔ခြဲေနကာ ကုသမႈ ခံယူရဦးမွာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္း ကာလရွည္ ခ်ိတ္ဆက္ခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္ တိုက္စစ္မွဴး ဇာဟာကို စီးရီးေအ ထိပ္သီး ေအစီမီလန္ က ေခၚယူလိုေနပါတယ္။

ဂန္းနားတိုက္စစ္မွဴးေဟာင္းၾကီး မိုက္ကယ္ ေသာမတ္စ္ကေတာ့ ခရစၥတီယန္ အဲရစ္ဆန္ကို ေခၚယူနိုင္မယ္ ဆိုရင္ ၄င္းရဲ႕ ကလပ္အသင္းေဟာင္း အာဆင္နယ္ အတြက္ အင္အားျဖည့္မႈေကာင္း ျဖစ္မယ္လို႔ တိုက္တြန္းလိုက္ပါတယ္။

နည္းျပ အာတီတာ ဟာ ဆီဗီလာ အသင္းမွ ေပါင္ ၃၂ သန္းတန္ ကြင္းလယ္ သမား ေဂ်ာ္ဒန္ ကို ေခၚယူျပီး အာဆင္နယ္ အသင္း ကြင္းလယ္ကို အင္အားျဖည့္ရန္ ပစ္မွတ္ထားေနပါတယ္။

၂၀၀၀ ျပည့္နွစ္ မတိုင္ခင္က အာဆင္၀င္းဂါးရဲ႕ အာဆင္နယ္ အသင္းမွာ ဆို လက္ရွိ တိုက္စစ္မွဴး အူဘာမီးယန္း တစ္ေယာက္ ပြဲကစားခြင့္ ေနရာေတာင္ ေကာင္းေကာင္း ရမွာ မဟုတ္ဘူးလို႔ ဂန္းနား ခံစစ္မွဴးေဟာင္း ၀င္းတားဘမ္းက သံုးသပ္လိုက္ပါတယ္။