ဝုဗ်ကို အချိန်ပိုမှာ အနိုင်ရခဲ့ပြီး လီဗာပူးနဲ့ ၂ မှတ်သာ ကွာတော့တဲ့နောက် ယူနိုက်တက်အတွက် ဖလားအောင်မြင်ဖို့ မျှော်လင့်ချက်တွေ တိုးလာခဲ့သလို ဆိုးရှားနဲ့ သူ့ကြယ်ပွင့်တွေဟာ ယူနိုက်တက်ရဲ့နည်းလမ်းကို သင်ယူနေကြတယ်လို့ လီးဒစ်ဇန်က ယုံကြည်နေပါတယ်။
လမ်းကြောင်းပြောင်းပြီး ဝင်သွားတဲ့ သူ့ရဲ့ အချိန်ပိုသွင်းဂိုးဟာ ကံကောင်းလို့ ဂိုးရခဲ့တာဖြစ်ကြောင်း ရက်ရှ်ဖို့ဒ်က ဝန်ခံခဲ့ပြီး အလှဆုံးဂိုးမဟုတ်ပေမယ့် ခက်ခဲတဲ့ပွဲမှာ ၃ မှတ်ယူပြီး အဆင့်၂ ကို တက်နိုင်ခဲ့တာက အဓိက ကျတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အဆင့် ၂ နေရာ ရောက်သွားတဲ့ ယူနိုက်တက်ကို ၁၅ ပွဲထဲနဲ့ ဖလားစိန်ခေါ်နိုင်ပြီလို့ ပြောလို့မရသေးဘူးလို့ ဆိုးရှားက ဝန်ခံခဲ့ပေမယ့် ကစားသမားတွေအတွက် ပွဲတိုင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝုဗ်ကိုနိုင်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်က ကြက်ကန်းဆန်အိုးတိုးသွားတာဖြစ်ကြောင်း ဆိုးရှားက ဝန်ခံခဲ့ပေမယ့်လဲ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အတူ ဖာဂူဆန်လက်ထက်က ၃မိနစ် မန်ယူ ပုံစံတွေကို ပြန်မြင်တွေ့ခဲ့ရတဲ့အတွက် ဝမ်းသာပျော်ရွှင်နေပါတယ်။
ပရီးမီးယားလိဂ်မှာ ကိုဗစ်ရောဂါပိုး လူနာအသစ် ၁၈ ယောက် ထပ်တွေ့ခဲ့ရတဲ့နောက် ပွဲစဉ်တချို့ ရွှေ့ဆိုင်းခဲ့ရပြီး ၂ ပတ် နားရမယ့်အပေါ် ဆိုးရှားက အကျိုးမရှိဘူးလို့ မြင်နေပြီး နဂိုထဲက ပြည့်ကြပ်နေတဲ့ ပွဲချိန်တွေက ထပ်များလာဖို့ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ဝုဗ်ကို အသည်းအသန် ကစားခဲ့ပြီးမှ ၉၃မိနစ်သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့နောက် ဒီဂီယာက နှစ်သစ်မှာ အက်စ်တွန်ဗီလာ နဲ့ တွေ့မယ့်ပွဲမတိုင်ခင် အနားယူပြီး အားပြန်ပြည့်အောင် ကြိုးစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်း ခဲ့ပါတယ်။

Zawgyi – ဝုဗ္ကို အခ်ိန္ပိုမွာ အႏိုင္ရခဲ့ၿပီး လီဗာပူးနဲ႔ ၂ မွတ္သာ ကြာေတာ့တဲ့ေနာက္ ယူႏိုက္တက္အတြက္ ဖလားေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ တိုးလာခဲ့သလို ဆိုးရွားနဲ႔ သူ႔ၾကယ္ပြင့္ေတြဟာ ယူႏိုက္တက္ရဲ႕နည္းလမ္းကို သင္ယူေနၾကတယ္လို႔ လီးဒစ္ဇန္က ယုံၾကည္ေနပါတယ္။
လမ္းေၾကာင္းေျပာင္းၿပီး ဝင္သြားတဲ့ သူ႔ရဲ႕ အခ်ိန္ပိုသြင္းဂိုးဟာ ကံေကာင္းလို႔ ဂိုးရခဲ့တာျဖစ္ေၾကာင္း ရက္ရွ္ဖို႔ဒ္က ဝန္ခံခဲ့ၿပီး အလွဆုံးဂိုးမဟုတ္ေပမယ့္ ခက္ခဲတဲ့ပြဲမွာ ၃ မွတ္ယူၿပီး အဆင့္၂ ကို တက္ႏိုင္ခဲ့တာက အဓိက က်တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
အဆင့္ ၂ ေနရာ ေရာက္သြားတဲ့ ယူႏိုက္တက္ကို ၁၅ ပြဲထဲနဲ႔ ဖလားစိန္ေခၚႏိုင္ၿပီလို႔ ေျပာလို႔မရေသးဘူးလို႔ ဆိုးရွားက ဝန္ခံခဲ့ေပမယ့္ ကစားသမားေတြအတြက္ ပြဲတိုင္းကို အႏိုင္ယူႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈ ရရွိခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဝုဗ္ကိုႏိုင္ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္က ၾကက္ကန္းဆန္အိုးတိုးသြားတာျဖစ္ေၾကာင္း ဆိုးရွားက ဝန္ခံခဲ့ေပမယ့္လဲ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးနဲ႔အတူ ဖာဂူဆန္လက္ထက္က ၃မိနစ္ မန္ယူ ပုံစံေတြကို ျပန္ျမင္ေတြ႕ခဲ့ရတဲ့အတြက္ ဝမ္းသာေပ်ာ္႐ႊင္ေနပါတယ္။
ပရီးမီးယားလိဂ္မွာ ကိုဗစ္ေရာဂါပိုး လူနာအသစ္ ၁၈ ေယာက္ ထပ္ေတြ႕ခဲ့ရတဲ့ေနာက္ ပြဲစဥ္တခ်ိဳ႕ ေ႐ႊ႕ဆိုင္းခဲ့ရၿပီး ၂ ပတ္ နားရမယ့္အေပၚ ဆိုးရွားက အက်ိဳးမရွိဘူးလို႔ ျမင္ေနၿပီး နဂိုထဲက ျပည့္ၾကပ္ေနတဲ့ ပြဲခ်ိန္ေတြက ထပ္မ်ားလာဖို႔ပဲ ရွိေတာ့တယ္လို႔ ဆိုပါတယ္။
ယူႏိုက္တက္ဟာ ဝုဗ္ကို အသည္းအသန္ ကစားခဲ့ၿပီးမွ ၉၃မိနစ္သြင္းဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ ဒီဂီယာက ႏွစ္သစ္မွာ အက္စ္တြန္ဗီလာ နဲ႔ ေတြ႕မယ့္ပြဲမတိုင္ခင္ အနားယူၿပီး အားျပန္ျပည့္ေအာင္ ႀကိဳးစားၾကဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္း ခဲ့ပါတယ္။
