ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (30/12/20)

ချယ်ဆီးဟာ ကံကောင်းစွာနဲ့ ဝက်စ်ဟမ်းကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲထက် အက်စ်တွန်ဗီလာနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပိုကောင်းကောင်း ကစားခဲ့တယ်လို့ထင်ကြောင်း မန်ဒီက ပြောဆိုခဲ့ပြီး အဲ့ဒီ့ပွဲမှာ သူတို့ဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ကံတရားက မျက်နှာသာ မပေးခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဇန်နဝါရီမှာ အီမာဆန်ကို ထွက်ခွာခွင့်ပေးမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပြီး အက်သလက်တီကိုနဲ့ ချိတ်ဆက်နေတဲ့ မားကို့စ်အလွန်ဆို ထွက်ခွာသွားရင် ဘင်ချီဝဲရဲ့ အရန်အနေနဲ့ သူ့ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ကိုရှုံးခဲ့တဲ့နောက် ပျင်းရိပြီး စိတ်ပျက်စရာပုံစံနဲ့ ကစားနေတဲ့ ချယ်ဆီးကို ဒေါသထွက်ကြောင်း လမ်းပတ်က ပြောဆိုခဲ့သလို ပွဲအပြီး အဝတ်လဲခန်းထဲမှာ လမ်းပတ် ပွဲကြမ်းခဲ့ပြီး ကစားသမားတွေကို ဆူပူကြိမ်းမောင်းခဲ့တယ်လို့ အတွင်း သတင်းတွေက ဆိုပါတယ်။

ရော့စ်ဘာကလေဟာ နွေရာသီမှာ အက်စ်တွန်ဗီလာကို ရောက်လာပြီးကတည်းက အထင်ကြီးစရာ လုပ်ပြခဲ့တာနဲ့အတူ နည်းပြ ဒင်းစမစ်က သူ့ရဲ့ အငှားခေါ်ထားရာကနေ အပြီးသတ် ဝယ်ယူဖို့အတွက် ချယ်ဆီးနဲ့ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

မားကို့စ်အလွန်ဆိုဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ လမ်းပတ်နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့နောက်ပိုင်း အသင်းမှာ အရန်လူဖြစ်ခဲ့ပြီး ဇန်နဝါရီမှာ ရောင်းချခံရဖို့ရှိနေသလို သူ့ကို စိတ်ဝင်စားနေတဲ့ အက်သလက်တီကိုနဲ့ ချယ်ဆီးတို့ သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။

ဖိအားတွေအောက်ကို ရောက်လာတဲ့ လမ်းပတ်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ သူတို့ဟာာ ပြန်လည် တည်ဆောက် နေဆဲ အသင်းဆိုတာ လူတွေမေ့နေတယ်လို့ ရိစ်ဂျိမ်းစ်က ဖွင့်ဟခဲ့ပြီး ယုံကြည်မှုနဲ့ ဆက်စောင့်ပေးဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

မန်စီးတီးဟာ ကိုဗစ် ပေါ့စတစ် တိုးများလာမှုကြောင့် သူတို့ရဲ့ ဘောလုံးရာသီကို ဖျက်ဆီးပစ်ရမယ့် အန္တရာယ်ရှိနေတဲ့အပေါ် စိုးရိမ်နေပြီး ချယ်ဆီးနဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ ပွဲတွေက ပိုများပြီး ဆက်တိုက် ကစားရမယ့် အခြေအနေ ရှိနေပါတယ်။

ဗီလာနဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဂျီရူးဟာ သူနောက်ဆုံးပွဲထွက်ခဲ့တဲ့ ၅ ပွဲအတွင်း ၇ ဂိုး သွင်းယူနိုင်ခဲ့သလို သူဟာ ချယ်ဆီးအသင်းမှာ တန်မီအေဗရာဟမ်နဲ့ တီမိုဗာနာတို့ထက် အကေင်းဆုံး နံပါတ်၉ တိုက်စစ်မှူး ဖြစ်နေဆဲပါ လို့ တင်ရှားဝုဒ်က ချီးကျူးခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ ကံေကာင္းစြာနဲ႔ ဝက္စ္ဟမ္းကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲထက္ အက္စ္တြန္ဗီလာနဲ႔ သေရက်ခဲ့တဲ့ပြဲမွာ ပိုေကာင္းေကာင္း ကစားခဲ့တယ္လို႔ထင္ေၾကာင္း မန္ဒီက ေျပာဆိုခဲ့ၿပီး အဲ့ဒီ့ပြဲမွာ သူတို႔ဟာ အႏိုင္ရဖို႔ ထိုက္တန္ခဲ့ေပမယ့္ ကံတရားက မ်က္ႏွာသာ မေပးခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဇန္နဝါရီမွာ အီမာဆန္ကို ထြက္ခြာခြင့္ေပးမယ့္ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ခဲ့ၿပီး အက္သလက္တီကိုနဲ႔ ခ်ိတ္ဆက္ေနတဲ့ မားကို႔စ္အလြန္ဆို ထြက္ခြာသြားရင္ ဘင္ခ်ီဝဲရဲ႕ အရန္အေနနဲ႔ သူ႔ကို ဆက္ထိန္းထားဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။

အာဆင္နယ္ကိုရႈံးခဲ့တဲ့ေနာက္ ပ်င္းရိၿပီး စိတ္ပ်က္စရာပုံစံနဲ႔ ကစားေနတဲ့ ခ်ယ္ဆီးကို ေဒါသထြက္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့သလို ပြဲအၿပီး အဝတ္လဲခန္းထဲမွာ လမ္းပတ္ ပြဲၾကမ္းခဲ့ၿပီး ကစားသမားေတြကို ဆူပူႀကိမ္းေမာင္းခဲ့တယ္လို႔ အတြင္း သတင္းေတြက ဆိုပါတယ္။

ေရာ့စ္ဘာကေလဟာ ေႏြရာသီမွာ အက္စ္တြန္ဗီလာကို ေရာက္လာၿပီးကတည္းက အထင္ႀကီးစရာ လုပ္ျပခဲ့တာနဲ႔အတူ နည္းျပ ဒင္းစမစ္က သူ႔ရဲ႕ အငွားေခၚထားရာကေန အၿပီးသတ္ ဝယ္ယူဖို႔အတြက္ ခ်ယ္ဆီးနဲ႔ ေဆြးေႏြးေတာ့မွာ ျဖစ္ပါတယ္။

မားကို႔စ္အလြန္ဆိုဟာ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ လမ္းပတ္နဲ႔ အဆင္မေျပျဖစ္ခဲ့တဲ့ေနာက္ပိုင္း အသင္းမွာ အရန္လူျဖစ္ခဲ့ၿပီး ဇန္နဝါရီမွာ ေရာင္းခ်ခံရဖို႔ရွိေနသလို သူ႔ကို စိတ္ဝင္စားေနတဲ့ အက္သလက္တီကိုနဲ႔ ခ်ယ္ဆီးတို႔ သေဘာတူညီမႈရဖို႔ နီးစပ္ေနပါတယ္။

ဖိအားေတြေအာက္ကို ေရာက္လာတဲ့ လမ္းပတ္အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္းနဲ႔ သူတို႔ဟာာ ျပန္လည္ တည္ေဆာက္ ေနဆဲ အသင္းဆိုတာ လူေတြေမ့ေနတယ္လို႔ ရိစ္ဂ်ိမ္းစ္က ဖြင့္ဟခဲ့ၿပီး ယုံၾကည္မႈနဲ႔ ဆက္ေစာင့္ေပးဖို႔ ပရိသတ္ေတြကို ေတာင္းဆိုခဲ့ပါတယ္။

မန္စီးတီးဟာ ကိုဗစ္ ေပါ့စတစ္ တိုးမ်ားလာမႈေၾကာင့္ သူတို႔ရဲ႕ ေဘာလုံးရာသီကို ဖ်က္ဆီးပစ္ရမယ့္ အႏၲရာယ္ရွိေနတဲ့အေပၚ စိုးရိမ္ေနၿပီး ခ်ယ္ဆီးနဲ႔ပြဲကို ေ႐ႊ႕ဆိုင္းခဲ့ရတဲ့အတြက္ ေနာက္ပိုင္းမွာ ပြဲေတြက ပိုမ်ားၿပီး ဆက္တိုက္ ကစားရမယ့္ အေျခအေန ရွိေနပါတယ္။

ဗီလာနဲ႔ပြဲမွာ ဂိုးသြင္းခဲ့တဲ့ ဂ်ီ႐ူးဟာ သူေနာက္ဆုံးပြဲထြက္ခဲ့တဲ့ ၅ ပြဲအတြင္း ၇ ဂိုး သြင္းယူႏိုင္ခဲ့သလို သူဟာ ခ်ယ္ဆီးအသင္းမွာ တန္မီေအဗရာဟမ္နဲ႔ တီမိုဗာနာတို႔ထက္ အေကင္းဆုံး နံပါတ္၉ တိုက္စစ္မႉး ျဖစ္ေနဆဲပါ လို႔ တင္ရွားဝုဒ္က ခ်ီးက်ဴးခဲ့ပါတယ္။