အာဆင်နယ် အသင်းဟာ ညက ပရီးမီးယားလိဂ် ပွဲမှာ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ပြီး လာကာဇက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အဖိုးတန် နိုင်ပွဲ ရယူခဲ့ပါတယ်။ ဒီပွဲ အပြီး အမှတ်ပေးဇယားမှာ အာဆင်နယ်က အဆင့် ၁၃ နေရာ ရောက်လာခဲ့ပါတယ်။
နိုင်ပွဲ အပြီးမှာ အာတီတာက လာကာဇက်နဲ့ ဆာကာ ကို ထုတ်ဖော် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဆာကာ က ကောင်းမွန်တဲ့ ရွေ့လျားမှုတွေ ပြုလုပ်ပြီး အသင်းကို အကူအညီကောင်းတွေ ဖြစ်စေခဲ့တယ်လို့ စပိန်သားက ဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်း ခက်ခဲချိန်မှာ စီနီယာ အသင်းသားတွေက ဦးစီးဦးဆောင် ပြုလုပ်ပြီး ရုန်းထဖို့ လိုအပ်သလို လာကာဇက်က ထိုသို့ ကူညီခဲ့တယ်လို့ အာတီတာက ဆိုပါတယ်။ လောလောဆယ် လာကာဇက်က ခြေစွမ်းကောင်းတွေ ရနေသလို ယုံကြည်မှုကလည်း အပြည့် ရှိနေပြီလို့ လည်း ပြောပါတယ်။
အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်မှ ကွင်းလယ်ကစားသမား အစ္စကို ကို အငှားနဲ့ ခေါ်ယူလိုနေတယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။
အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ် ရပ်ဆိုင်းလိုက်ပြီ ဖြစ်တဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာ ဟာ လန်ဒန်သို့ ပြောင်းရွှေ့လာဖွယ် ရှိနေပြီး အသင်းဟောင်း ချယ်ဆီး မဟုတ်ဘဲ အာဆင်နယ် ဒါမှမဟုတ် စပါး ဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။
နိုင်ပွဲ နှစ်ပွဲ ဆက် ပြန်ရလာပြီး လတ်တလော ရလဒ်တွေ ကောင်းလာတာကြောင့် ဇန်နဝါရီမှာ လှုပ်ရှားမယ့် အပြောင်းအရွှေ့ အစီအစဉ်တွေကို ပြောင်းပစ်မှာ မဟုတ်ဘဲ ဆက်လက် လှုပ်ရှားသွားမယ်လို့ အာတီတာက ဆိုပါတယ်။

Zawgyi – အာဆင္နယ္ အသင္းဟာ ညက ပရီးမီးယားလိဂ္ ပြဲမွာ ဘရိုက္တန္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ျပီး လာကာဇက္ရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႕ အဖိုးတန္ နုိင္ပြဲ ရယူခဲ့ပါတယ္။ ဒီပြဲ အျပီး အမွတ္ေပးဇယားမွာ အာဆင္နယ္က အဆင့္ ၁၃ ေနရာ ေရာက္လာခဲ့ပါတယ္။
နိုင္ပြဲ အျပီးမွာ အာတီတာက လာကာဇက္နဲ႕ ဆာကာ ကို ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ ဆာကာ က ေကာင္းမြန္တဲ့ ေရြ႕လ်ားမႈေတြ ျပဳလုပ္ျပီး အသင္းကို အကူအညီေကာင္းေတြ ျဖစ္ေစခဲ့တယ္လို႔ စပိန္သားက ဆိုခဲ့ပါတယ္။
အာဆင္နယ္ အသင္း ခက္ခဲခ်ိန္မွာ စီနီယာ အသင္းသားေတြက ဦးစီးဦးေဆာင္ ျပဳလုပ္ျပီး ရုန္းထဖို႔ လိုအပ္သလို လာကာဇက္က ထိုသို႔ ကူညီခဲ့တယ္လို႔ အာတီတာက ဆိုပါတယ္။ ေလာေလာဆယ္ လာကာဇက္က ေျခစြမ္းေကာင္းေတြ ရေနသလို ယံုၾကည္မႈကလည္း အျပည့္ ရွိေနျပီလို႔ လည္း ေျပာပါတယ္။
အာဆင္နယ္ဟာ ရီးရဲလ္မက္ဒရစ္မွ ကြင္းလယ္ကစားသမား အစၥကို ကို အငွားနဲ႕ ေခၚယူလိုေနတယ္လို႕ သတင္း ထြက္ေပၚလာပါတယ္။
အက္သလက္တီကို မက္ဒရစ္နဲ႕ စာခ်ဳပ္ ရပ္ဆိုင္းလိုက္ျပီ ျဖစ္တဲ့ တိုက္စစ္မွဴး ဒီေယဂို ေကာ္စတာ ဟာ လန္ဒန္သို႔ ေျပာင္းေရႊ႕လာဖြယ္ ရွိေနျပီး အသင္းေဟာင္း ခ်ယ္ဆီး မဟုတ္ဘဲ အာဆင္နယ္ ဒါမွမဟုတ္ စပါး ျဖစ္နုိင္ေၾကာင္း ေျပာဆိုမႈေတြ ရွိေနပါတယ္။
နုိင္ပြဲ နွစ္ပြဲ ဆက္ ျပန္ရလာျပီး လတ္တေလာ ရလဒ္ေတြ ေကာင္းလာတာေၾကာင့္ ဇန္န၀ါရီမွာ လႈပ္ရွားမယ့္ အေျပာင္းအေရႊ႕ အစီအစဥ္ေတြကို ေျပာင္းပစ္မွာ မဟုတ္ဘဲ ဆက္လက္ လႈပ္ရွားသြားမယ္လို႔ အာတီတာက ဆိုပါတယ္။
