ဒေါ့မွန်ကနေ ထွက်ခွာဖို့ရှိနေတဲ့ ဆန်ချိုရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ချယ်ဆီးဟာ ယူနိုက်တက်၊ လီဗာပူးတို့နဲ့ ပြိုင်ဆိုင်မှာဖြစ်ပေမယ့် ဒေါ့မွန်က ဇန်နဝါရီမှာ သူ့ကို ရောင်းချမှာ မဟုတ်တာကြောင့် ရာသီကုန်အထိ စောင့်ဆိုင်းရမှာပဲ ဖြစ်ပါတယ်။
ဟက်စကီးမရှိပဲ မိုက်ကယ်အိုဝင် အောင်မြင်ခဲ့မှာမဟုတ်သလို တီမိုဗာနာအတွက် လိုက်ပ်ဇစ်မှာ သူနဲ့အတွဲညီခဲ့တဲ့ ဗဟို တိုက်စစ်မှူး ပေါလ်ဆင်ကို ချယ်ဆီး ခေါ်ယူပြီး တွဲကစားစေသင့်တယ်လို့ တိုနီ ကက်စ်ကာရီနိုက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ ၂ ရာသီမှာ ၂၉ ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်လုပ်ခဲ့တဲ့ ကိုင်ဟားဗတ်ဟာ ချယ်ဆီးမှာတော့ တည်ငြိမ်မှု ပျောက်ဆုံးနေခဲ့ပြီး အကောင်းဆုံးနေရာကို ရှာမတွေ့နိုင်သေးသလို ဒီအပြောင်းအရွှေ့ကို နောင်တရနေလိမ့်မယ်လို့ ဂျာမန် ဂျာနယ်လစ် ရေမွန်ဟင်ဟိုက ပြောဆိုခဲ့ပါတယ်။

၁၉၉၃ ကနေ ၁၉၉၆ အထိ ချယ်ဆီးမှာ ကစားသမား-နည်းပြ ဖြစ်ခဲ့တဲ့ ဂလင်းဟော်ဒယ်က သူ့လက်ထက်မှာ ရုဒ်ဂါးလစ်နဲ့ အတူ ဒန်းနစ်ဘားကမ့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အသုံးစရိတ်မလုံလောက်တာကြောင့် ဘားကမ့်က အာဆင်နယ်ကို ရောက်သွားတယ်လို့ ပြောပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ကစားချိန်မရတဲ့ အစ္စကို ကို အငှားခေါ်ယူပြီး အိုဇေးနေရာ အစားထိုးဖို့ အာတီတာက မျှော်လင့်နေပေမယ့် ကစားသမားက စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ရီးရဲလ် နည်းပြ ဇီဒန်းကတော့ အစ္စကို ကို ထွက်ခွာခွင့် မပေးချင်နေတာ ဖြစ်ပါတယ်။
ကိုဗစ်ပေါ့စတစ် အသစ်တွေ ထပ်မံတွေ့ရှိခဲ့တဲ့နောက် ချယ်ဆီးနဲ့ မန်စီးတီးပွဲကို ရွှေ့ဆိုင်းရဖို့ ရှိခဲ့ပေမယ့် မန်စီးတီးရဲ့ ဆေးစစ်မှုမှာ ပိုးကူးစက်ခံရသူ မတွေ့ရှိခဲ့ကြောင့် စီစဉ်ထားတဲ့အတိုင်း တနင်္ဂနွေနေ့မှာ ဒီပွဲကို ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။
ချယ်ဆီးဗဟိုနောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ သူ့ရဲ့ကစားသမားဘဝ အစောပိုင်းမှာ တောင်ပံကစားသမားအနေနဲ့ စတင်ခဲ့ပြီး အမေရိကန်သားတွေဖြစ်တဲ့ ဂျွန်ဘရွတ်ခ်၊ ကီးစ်ဝက်တာတို့နဲ့ တိုက်စစ်မှာ တွဲကစားခဲ့ဖူးတယ်လို့ ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
နောက်ပိုင်း ရလဒ်ဆိုးတွေကြောင့် လမ်းပတ်မှာ ဖိအားတွေ များလာပေမယ့် ချယ်ဆီးဘုတ်အဖွဲ့က သူ့ကို ထောက်ခံနေဆဲ ဖြစ်ပြီး ထုတ်ပယ်ဖို့ အစီအစဉ်မရှိသလို ဂျီရူးကိုလဲ တစ်နှစ် စာချုပ်သစ် ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – ေဒါ့မြန္ကေန ထြက္ခြာဖို႔ရွိေနတဲ့ ဆန္ခ်ိဳရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ ခ်ယ္ဆီးဟာ ယူႏိုက္တက္၊ လီဗာပူးတို႔နဲ႔ ၿပိဳင္ဆိုင္မွာျဖစ္ေပမယ့္ ေဒါ့မြန္က ဇန္နဝါရီမွာ သူ႔ကို ေရာင္းခ်မွာ မဟုတ္တာေၾကာင့္ ရာသီကုန္အထိ ေစာင့္ဆိုင္းရမွာပဲ ျဖစ္ပါတယ္။
ဟက္စကီးမရွိပဲ မိုက္ကယ္အိုဝင္ ေအာင္ျမင္ခဲ့မွာမဟုတ္သလို တီမိုဗာနာအတြက္ လိုက္ပ္ဇစ္မွာ သူနဲ႔အတြဲညီခဲ့တဲ့ ဗဟို တိုက္စစ္မႉး ေပါလ္ဆင္ကို ခ်ယ္ဆီး ေခၚယူၿပီး တြဲကစားေစသင့္တယ္လို႔ တိုနီ ကက္စ္ကာရီႏိုက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ဘြန္ဒက္စ္လီဂါ ၂ ရာသီမွာ ၂၉ ဂိုးနဲ႔ ဖန္တီးမႈ ၁၀ ႀကိမ္လုပ္ခဲ့တဲ့ ကိုင္ဟားဗတ္ဟာ ခ်ယ္ဆီးမွာေတာ့ တည္ၿငိမ္မႈ ေပ်ာက္ဆုံးေနခဲ့ၿပီး အေကာင္းဆုံးေနရာကို ရွာမေတြ႕ႏိုင္ေသးသလို ဒီအေျပာင္းအေ႐ႊ႕ကို ေနာင္တရေနလိမ့္မယ္လို႔ ဂ်ာမန္ ဂ်ာနယ္လစ္ ေရမြန္ဟင္ဟိုက ေျပာဆိုခဲ့ပါတယ္။
၁၉၉၃ ကေန ၁၉၉၆ အထိ ခ်ယ္ဆီးမွာ ကစားသမား-နည္းျပ ျဖစ္ခဲ့တဲ့ ဂလင္းေဟာ္ဒယ္က သူ႔လက္ထက္မွာ ႐ုဒ္ဂါးလစ္နဲ႔ အတူ ဒန္းနစ္ဘားကမ့္ကို ေခၚယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ အသုံးစရိတ္မလုံေလာက္တာေၾကာင့္ ဘားကမ့္က အာဆင္နယ္ကို ေရာက္သြားတယ္လို႔ ေျပာျပခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္မွာ ကစားခ်ိန္မရတဲ့ အစၥကို ကို အငွားေခၚယူၿပီး အိုေဇးေနရာ အစားထိုးဖို႔ အာတီတာက ေမွ်ာ္လင့္ေနေပမယ့္ ကစားသမားက စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ကစားခ်င္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ရီးရဲလ္ နည္းျပ ဇီဒန္းကေတာ့ အစၥကို ကို ထြက္ခြာခြင့္ မေပးခ်င္ေနတာ ျဖစ္ပါတယ္။
ကိုဗစ္ေပါ့စတစ္ အသစ္ေတြ ထပ္မံေတြ႕ရွိခဲ့တဲ့ေနာက္ ခ်ယ္ဆီးနဲ႔ မန္စီးတီးပြဲကို ေ႐ႊ႕ဆိုင္းရဖို႔ ရွိခဲ့ေပမယ့္ မန္စီးတီးရဲ႕ ေဆးစစ္မႈမွာ ပိုးကူးစက္ခံရသူ မေတြ႕ရွိခဲ့ေၾကာင့္ စီစဥ္ထားတဲ့အတိုင္း တနဂၤေႏြေန႔မွာ ဒီပြဲကို ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။
ခ်ယ္ဆီးဗဟိုေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ သူ႔ရဲ႕ကစားသမားဘဝ အေစာပိုင္းမွာ ေတာင္ပံကစားသမားအေနနဲ႔ စတင္ခဲ့ၿပီး အေမရိကန္သားေတြျဖစ္တဲ့ ဂြၽန္ဘ႐ြတ္ခ္၊ ကီးစ္ဝက္တာတို႔နဲ႔ တိုက္စစ္မွာ တြဲကစားခဲ့ဖူးတယ္လို႔ ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။
ေနာက္ပိုင္း ရလဒ္ဆိုးေတြေၾကာင့္ လမ္းပတ္မွာ ဖိအားေတြ မ်ားလာေပမယ့္ ခ်ယ္ဆီးဘုတ္အဖြဲ႕က သူ႔ကို ေထာက္ခံေနဆဲ ျဖစ္ၿပီး ထုတ္ပယ္ဖို႔ အစီအစဥ္မရွိသလို ဂ်ီ႐ူးကိုလဲ တစ္ႏွစ္ စာခ်ဳပ္သစ္ ကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
