ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (31/12/20)

ဘရူနိုဖာနန်ဒက်စ် ရောက်လာပြီးမှ ယူနိုက်တက်ရဲ့ အခြေအနေတွေက တိုးတက် ကောင်းမွန်လာခဲ့သလို သူ မရှိရင် ဆိုးရှားက ယူနိုက်တက်နည်းပြနေရာမှာ ရှိနေတော့မှာတောင် မဟုတ်ဘူးလို့ ဒင်းအက်ရှ်တန်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရာသီကုန်မယ့် စာချုပ်ကုန်မယ့် အကယ်ဒမီကြယ်ပွင့် တင်မိုတီ ဖိုဆူမန်ဆာကို ၃ နှစ်ခွဲ စာချုပ်သစ် ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် ၎င်းကတော့ ဒါကို ငြင်းပယ်ခဲ့ပြီး ပုံမှန်ကစားချိန်အတွက် အသင်းပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ မာတစ်ဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် ၃ ပတ်ကြာ အနားယူရမယ်လို့ ကလော့ပ်က အတည်ပြုခဲ့ပြီး နောက် ၃ ပတ်ကွက်တိမှာ ယူနိုက်တက်နဲ့ တွေ့ရမယ့်ပွဲ ရှိနေတာကြောင့် ဒီပွဲမှာ ပါဝင်နိုင်ဖို့ မရေမရာ ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ညာနောက်တန်းမှာ စီနီယာအနေနဲ့ ဝမ်ဘစ်ဆာကာ တစ်ယောက်သာ ရှိပြီး မကြာသေးခင်က သူ့ရဲ့ ဒဏ်ရာပြဿနာအချို့ကြောင့် ကစားသမားသစ် ခေါ်ယူချင်နေသလို နောဝစ်ခ်ျရဲ့ မက်စ်အာရွန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်ရင် ဖလားပြိုင်ပွဲမှာ လီဗာပူးကို တစ်ရာသီလုံး ဖိအားပေးနိုင်မှာ ဖြစ်ပေမယ့် တိုက်စစ်မှူး စစ်စစ်မဟုတ်တဲ့ မာရှယ်က လိုအပ်ချက် ရှိနေတာကြောင့် နံပါတ် ၉ အသစ် ခေါ်ယူဖို့လိုတယ်လို့ ဂျေဆန်ကန်ဒီက ယုံကြည်နေပါတယ်။

အက်စ်တွန်ဗီလာဟာ စနေနေ့ ယူနိုက်တက်နဲ့ ပွဲကို အနိုင်ရခဲ့ရင် တစ်ပွဲကျန်ပြီး ၁ မှတ်သာ ကွာတော့မှာဖြစ်သလို သူတို့နဲ့ တွေ့ရမယ့်ပွဲက သေချာပေါက် ခက်ခဲမှာ ဖြစ်တာကြောင့် အားအပြည့်နဲ့ ပြန်လာနိုင်ဖို့လိုတယ်လို့ ဒီဂီယာက သတိပေးခဲ့ပါတယ်။

ဝုဗ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်သွင်းယူခဲ့တဲ့ ဂိုးဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် မိနစ် ၉၀ ကျော်ပြီးမှ သွင်းယူခဲ့တဲ့ အနိုင်ဂိုး ၃ ဂိုးမြောက် ဖြစ်ခဲ့ပြီး ကလပ်သမိုင်းမှာ အချိန်ပိုအနိုင်ဂိုး အများဆုံးသွင်းယူနိုင်တဲ့စံချိန် တင်ခဲ့ပါတယ်။

Zawgyi – ဘ႐ူႏိုဖာနန္ဒက္စ္ ေရာက္လာၿပီးမွ ယူႏိုက္တက္ရဲ႕ အေျခအေနေတြက တိုးတက္ ေကာင္းမြန္လာခဲ့သလို သူ မရွိရင္ ဆိုးရွားက ယူႏိုက္တက္နည္းျပေနရာမွာ ရွိေနေတာ့မွာေတာင္ မဟုတ္ဘူးလို႔ ဒင္းအက္ရွ္တန္က ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရာသီကုန္မယ့္ စာခ်ဳပ္ကုန္မယ့္ အကယ္ဒမီၾကယ္ပြင့္ တင္မိုတီ ဖိုဆူမန္ဆာကို ၃ ႏွစ္ခြဲ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္ ၎ကေတာ့ ဒါကို ျငင္းပယ္ခဲ့ၿပီး ပုံမွန္ကစားခ်ိန္အတြက္ အသင္းေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။

လီဗာပူးေနာက္ခံလူ မာတစ္ဟာ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာရခဲ့တဲ့ ဒဏ္ရာေၾကာင့္ ၃ ပတ္ၾကာ အနားယူရမယ္လို႔ ကေလာ့ပ္က အတည္ျပဳခဲ့ၿပီး ေနာက္ ၃ ပတ္ကြက္တိမွာ ယူႏိုက္တက္နဲ႔ ေတြ႕ရမယ့္ပြဲ ရွိေနတာေၾကာင့္ ဒီပြဲမွာ ပါဝင္ႏိုင္ဖို႔ မေရမရာ ျဖစ္ေနပါတယ္။

ယူႏိုက္တက္ဟာ ညာေနာက္တန္းမွာ စီနီယာအေနနဲ႔ ဝမ္ဘစ္ဆာကာ တစ္ေယာက္သာ ရွိၿပီး မၾကာေသးခင္က သူ႔ရဲ႕ ဒဏ္ရာျပႆနာအခ်ိဳ႕ေၾကာင့္ ကစားသမားသစ္ ေခၚယူခ်င္ေနသလို ေနာဝစ္ခ္်ရဲ႕ မက္စ္အာ႐ြန္ကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ လက္ရွိေျခစြမ္းကို ဆက္ထိန္းထားႏိုင္ရင္ ဖလားၿပိဳင္ပြဲမွာ လီဗာပူးကို တစ္ရာသီလုံး ဖိအားေပးႏိုင္မွာ ျဖစ္ေပမယ့္ တိုက္စစ္မႉး စစ္စစ္မဟုတ္တဲ့ မာရွယ္က လိုအပ္ခ်က္ ရွိေနတာေၾကာင့္ နံပါတ္ ၉ အသစ္ ေခၚယူဖို႔လိုတယ္လို႔ ေဂ်ဆန္ကန္ဒီက ယုံၾကည္ေနပါတယ္။

အက္စ္တြန္ဗီလာဟာ စေနေန႔ ယူႏိုက္တက္နဲ႔ ပြဲကို အႏိုင္ရခဲ့ရင္ တစ္ပြဲက်န္ၿပီး ၁ မွတ္သာ ကြာေတာ့မွာျဖစ္သလို သူတို႔နဲ႔ ေတြ႕ရမယ့္ပြဲက ေသခ်ာေပါက္ ခက္ခဲမွာ ျဖစ္တာေၾကာင့္ အားအျပည့္နဲ႔ ျပန္လာႏိုင္ဖို႔လိုတယ္လို႔ ဒီဂီယာက သတိေပးခဲ့ပါတယ္။

ဝုဗ္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ရက္ရွ္ဖို႔ဒ္သြင္းယူခဲ့တဲ့ ဂိုးဟာ ပရီးမီးယားလိဂ္မွာ ယူႏိုက္တက္အတြက္ မိနစ္ ၉၀ ေက်ာ္ၿပီးမွ သြင္းယူခဲ့တဲ့ အႏိုင္ဂိုး ၃ ဂိုးေျမာက္ ျဖစ္ခဲ့ၿပီး ကလပ္သမိုင္းမွာ အခ်ိန္ပိုအႏိုင္ဂိုး အမ်ားဆုံးသြင္းယူႏိုင္တဲ့စံခ်ိန္ တင္ခဲ့ပါတယ္။