မန်စီးတီးနဲ့ ကစားရမယ့် ဒီတစ်ပတ် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲမှာ ယူနိုက်တက် ဘက်မှာ ပွဲပယ် ရှိနေတဲ့ ကာဗာနီနဲ့ နားနေရတာ ကြာပြီ ဖြစ်တဲ့ ဖီးဂျုံးစ်တို့ နှစ်ဦးသာ မပါဝင်နိုင်တာ ရှိကြောင်း ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ပထမနှစ်အတွင်း ဘရူနိုဖာနန်ဒက်စ်ရဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်မှု တွေကြောင့် သူဟာ လက်ရှိ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားထက် ကပ္ပတိန်လက်ပတ်နဲ့ ပိုပြီးထိုက်တန်တယ်လို့ ဂယ်ရီနဗီးနဲ့ ဖီးနဗီးတို့က ပြောဆိုခဲ့ပါတယ်။

ကာရာဘောင်း ဖလား ဆီမီးပွဲဟာ ဗိုလ်လုပွဲ တက်ချင်တဲ့ နှစ်သင်း ထိပ်တိုက် တွေ့တာ ဖြစ်ပြီး တစ်သင်းသာ တက်သွားမှာ ဖြစ်တာကို သတိထားကြဖို့ ဆိုးရှားက ပွဲကြိုမှာ ဆိုခဲ့ပါတယ်။
ဂျက် ဂရေးလစ်ချ်ဟာ ငယ်စဉ်တည်းက ဘောလုံးကို ချစ်မြတ်နိုးစွာ အလုပ်လည်း ကြိုးစား လုပ်သူ ဖြစ်ပြီး ၎င်း ကြိုးစားမှုတွေကနေပဲ တရိပ်ရိပ် တိုးတက်လာနေတယ်လို့ နဗီးလ်က ချီးကျူးလိုက်ကာ ပေါ့ဘာသာ ထွက်ခွာရင် ဂရေးလစ်ချ် ရှိနေပါက မှုစရာ မလိုကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ နည်းပြ အဖွဲ့ဝင်ထဲကို ကွင်းလယ် ကစားသမားဟောင်း ဒါရင်း ဖလက်ချာ လာရောက် ပူးပေါင်းခဲ့ပြီ ဖြစ်ပြီး ဆိုးရှားက ယူနိုက်တက် ဒီအမ်အေ ရှိကာ အတွေ့အကြုံရှိတဲ့ ဖလက်ချာက အင်အားတစ်ရပ် ဖြစ်လာစေမယ် ယုံကြည်နေပါတယ်။
ယူနိုက်တက်ရဲ့လက်ရှိဗဟိုခံစစ်မှာ မက်ဂွိုင်းယားရဲ့ တွဲဖက်ဖြစ်တဲ့ လင်ဒီလော့ဖ်ရဲ့ အဲရစ်ဘိုင်လေတို့က လုံလောက်မှုမရှိသလို ဇန်နဝါရီမှာ နောက်ထပ်ဗဟိုခံစစ် တစ်ယောက် ခေါ်ယူမှ အသင်းကို တိုးတက်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ပေါလ်အင့်စ်က ယုံကြည်နေပါတယ်။

Zawgyi – မန်စီးတီးနဲ့ ကစားရမယ့် ဒီတစ်ပတ် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲမှာ ယူနိုက်တက် ဘက်မှာ ပွဲပယ် ရှိနေတဲ့ ကာဗာနီနဲ့ နားနေရတာ ကြာပြီ ဖြစ်တဲ့ ဖီးဂျုံးစ်တို့ နှစ်ဦးသာ မပါဝင်နိုင်တာ ရှိကြောင်း ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ဂျက် ဂရေးလစ်ခ်ျဟာ ငယ်စဉ်တည်းက ဘောလုံးကို ချစ်မြတ်နိုးစွာ အလုပ်လည်း ကြိုးစား လုပ်သူ ဖြစ်ပြီး ၄င်း ကြိုးစားမှုတွေကနေပဲ တရိပ်ရိပ် တိုးတက်လာနေတယ်လို့ နဗီးလ်က ချီးကျူးလိုက်ကာ ပေါ့ဘာသာ ထွက်ခွာရင် ဂရေးလစ်ခ်ျ ရှိနေပါက မှုစရာ မလိုကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။
