ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (06/01/21)

ချယ်ဆီးဟာ ၂၀၁၆-၂၀၁၇ ရာသီမှာ သောမတ်စ် တူချယ်ကို နည်းပြသစ် ခန့်ဖို့ ကြိုတင် သတ်မှတ်ထားခဲ့ပေမယ့် ကစားသမားတွေနဲ့ ပြဿနာ ဖြစ်တတ်တဲ့ သူဟာ မော်ရင်ညိုလို ပြဿနာအိုးဖြစ်လာနိုင်တယ်လို့ သတိပေးခံခဲ့ရတာကြောင့် မခေါ်ယူဖြစ်ခဲ့ဘူး လို့ သိရပါတယ်။

ဂျီရူးဟာ ချယ်ဆီးမှာ ဆက်နေလိုကြောင်း ဖွင့်ဟခဲ့တာဖြစ်ပြီး ၎င်းရဲ့ ယခင်စာချုပ်တွေမှာ တစ်နှစ်သက်တမ်းတိုးခွင့် ရွေးချယ်စရာ ပါဝင်ခဲ့ပေမယ့် ဒါကို မနှစ်က နွေရာသီမှာ အသုံးပြုပြီးဖြစ်လို့ နောက်ထပ်တစ်နှစ် ရွေးချယ်စရာ မရှိတော့ဘူးလို့ သိရပါတယ်။

တိုမိုရီဟာ သူ့ရဲ့ တိုးတက်မှုအတွက် ပုံမှန်ကစားချိန် လိုအပ်နေသလို လမ်းပတ်က သူ့ကို ဇန်နဝါရီမှာ အငှားချထားဖို့ အလိုရှိနေပြီး သူ့ကို ခေါ်ယူချင်နေတဲ့ အင်္ဂလန်ကလပ်တွေထဲမှာ လိဒ်စ်ယူနိုက်တက်ကို ရောက်ရှိဖို့ အလားအလာအရှိဆုံး ဖြစ်ပါတယ်။

ဘင်ချီဝဲရောက်လာတဲ့နောက် လမ်းပတ်ဟာ သူ့ရဲ့ ဘယ်နောက်တန်း အရန်လူ အနည်းဆုံး တစ်ယောက်ကို ရောင်းထုတ်ဖို့ စိတ်အားထက်သန်နေပြီး သူ့ကို အီတလီ ကလပ်များစွာက စိတ်ဝင်စားနေပေမယ့် နာပိုလီကတော့ တကယ်ခေါ်ယူနေတာပါ။

ချယ်ဆီးဟာ စထရက်စ်ဘော့ နောက်ခံလူ မိုဟာမက် ဆီမာကန်ကို သီယာဂိုဆေးဗားရဲ့ ရေရှည်အစားထိုးစရာအဖြစ် မြင်နေတာဖြစ်သလို ပေါင် ၁၃.၅ သန်း တန်ကြေးရှိတဲ့ ကစားသမားကိုခေါ်ယူဖို့ အေစီမီလန်၊ နိုက်စ်တို့နဲ့ အပြိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ ရလဒ်ဆိုးတွေကို မန်စီးတီးနဲ့ပွဲမှာ ပြောင်းလဲနိုင်ဖို့ လုပ်ရမယ့်အရာက ၄-၂-၃-၁ ပုံစံကိုပြောင်းလဲဖို့ဆိုတာ လမ်းပတ် သိခဲ့ပေမယ့်လဲ သူက ခံစစ်ဆော့ဖို့ ရှက်နေပြီး ခပ်တည်တည်နဲ့ တိုက်စစ်ဖွင့်ကစားချင်လွန်းနေတာဖြစ်တယ်လို့ ပတ်နီဗင်က ဆိုပါတယ်။

နွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးခဲ့တာကိုကြည့်ပြီး လမ်းပတ်အပေါ် ဝေဖန်နေကြတာတွေက မမျှတဘူးလို့ ပတ်နီဗင်က ယုံကြည်နေပြီး မန်စီးတီးတောင် အခုလိုဖြစ်လာဖို့ အချိန်နဲ့ ငွေတွေ အများကြီး အကုန်ကျခံခဲ့တာဖြစ်တယ်လို့ ထောက်ပြပြောဆို ခဲ့ပါတယ်။

ကစားသမားတွေဟာ လမ်းပတ်ရဲ့ နည်းဗျူဟာ ချဉ်းကပ်မှုတွေနဲ့ အကောင်းဆုံး လူစာရင်း မထုတ်နိုင်တဲ့အပေါ် စိတ်ပျက် နေကြပြီး နောက်ကွယ်မှာ ဆူပူမှုတွေ ဖြစ်နေကြတာနဲ့အတူ ကွင်းထဲမှာ တကယ်ကန်ရမယ့်သူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ နည်းပြအနေနဲ့ အများကြီး လုပ်ပြဖို့ လိုအပ်နေပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ ၂၀၁၆-၂၀၁၇ ရာသီမွာ ေသာမတ္စ္ တူခ်ယ္ကို နည္းျပသစ္ ခန္႔ဖို႔ ႀကိဳတင္ သတ္မွတ္ထားခဲ့ေပမယ့္ ကစားသမားေတြနဲ႔ ျပႆနာ ျဖစ္တတ္တဲ့ သူဟာ ေမာ္ရင္ညိဳလို ျပႆနာအိုးျဖစ္လာႏိုင္တယ္လို႔ သတိေပးခံခဲ့ရတာေၾကာင့္ မေခၚယူျဖစ္ခဲ့ဘူး လို႔ သိရပါတယ္။

ဂ်ီ႐ူးဟာ ခ်ယ္ဆီးမွာ ဆက္ေနလိုေၾကာင္း ဖြင့္ဟခဲ့တာျဖစ္ၿပီး ၎ရဲ႕ ယခင္စာခ်ဳပ္ေတြမွာ တစ္ႏွစ္သက္တမ္းတိုးခြင့္ ေ႐ြးခ်ယ္စရာ ပါဝင္ခဲ့ေပမယ့္ ဒါကို မႏွစ္က ေႏြရာသီမွာ အသုံးျပဳၿပီးျဖစ္လို႔ ေနာက္ထပ္တစ္ႏွစ္ ေ႐ြးခ်ယ္စရာ မရွိေတာ့ဘူးလို႔ သိရပါတယ္။

တိုမိုရီဟာ သူ႔ရဲ႕ တိုးတက္မႈအတြက္ ပုံမွန္ကစားခ်ိန္ လိုအပ္ေနသလို လမ္းပတ္က သူ႔ကို ဇန္နဝါရီမွာ အငွားခ်ထားဖို႔ အလိုရွိေနၿပီး သူ႔ကို ေခၚယူခ်င္ေနတဲ့ အဂၤလန္ကလပ္ေတြထဲမွာ လိဒ္စ္ယူႏိုက္တက္ကို ေရာက္ရွိဖို႔ အလားအလာအရွိဆုံး ျဖစ္ပါတယ္။

ဘင္ခ်ီဝဲေရာက္လာတဲ့ေနာက္ လမ္းပတ္ဟာ သူ႔ရဲ႕ ဘယ္ေနာက္တန္း အရန္လူ အနည္းဆုံး တစ္ေယာက္ကို ေရာင္းထုတ္ဖို႔ စိတ္အားထက္သန္ေနၿပီး သူ႔ကို အီတလီ ကလပ္မ်ားစြာက စိတ္ဝင္စားေနေပမယ့္ နာပိုလီကေတာ့ တကယ္ေခၚယူေနတာပါ။

ခ်ယ္ဆီးဟာ စထရက္စ္ေဘာ့ ေနာက္ခံလူ မိုဟာမက္ ဆီမာကန္ကို သီယာဂိုေဆးဗားရဲ႕ ေရရွည္အစားထိုးစရာအျဖစ္ ျမင္ေနတာျဖစ္သလို ေပါင္ ၁၃.၅ သန္း တန္ေၾကးရွိတဲ့ ကစားသမားကိုေခၚယူဖို႔ ေအစီမီလန္၊ ႏိုက္စ္တို႔နဲ႔ အၿပိဳင္ႀကိဳးစားရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးရဲ႕ ရလဒ္ဆိုးေတြကို မန္စီးတီးနဲ႔ပြဲမွာ ေျပာင္းလဲႏိုင္ဖို႔ လုပ္ရမယ့္အရာက ၄-၂-၃-၁ ပုံစံကိုေျပာင္းလဲဖို႔ဆိုတာ လမ္းပတ္ သိခဲ့ေပမယ့္လဲ သူက ခံစစ္ေဆာ့ဖို႔ ရွက္ေနၿပီး ခပ္တည္တည္နဲ႔ တိုက္စစ္ဖြင့္ကစားခ်င္လြန္းေနတာျဖစ္တယ္လို႔ ပတ္နီဗင္က ဆိုပါတယ္။

ေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးခဲ့တာကိုၾကည့္ၿပီး လမ္းပတ္အေပၚ ေဝဖန္ေနၾကတာေတြက မမွ်တဘူးလို႔ ပတ္နီဗင္က ယုံၾကည္ေနၿပီး မန္စီးတီးေတာင္ အခုလိုျဖစ္လာဖို႔ အခ်ိန္နဲ႔ ေငြေတြ အမ်ားႀကီး အကုန္က်ခံခဲ့တာျဖစ္တယ္လို႔ ေထာက္ျပေျပာဆို ခဲ့ပါတယ္။

ကစားသမားေတြဟာ လမ္းပတ္ရဲ႕ နည္းဗ်ဴဟာ ခ်ဥ္းကပ္မႈေတြနဲ႔ အေကာင္းဆုံး လူစာရင္း မထုတ္ႏိုင္တဲ့အေပၚ စိတ္ပ်က္ ေနၾကၿပီး ေနာက္ကြယ္မွာ ဆူပူမႈေတြ ျဖစ္ေနၾကတာနဲ႔အတူ ကြင္းထဲမွာ တကယ္ကန္ရမယ့္သူေတြရဲ႕ ယုံၾကည္မႈကို ရရွိဖို႔ နည္းျပအေနနဲ႔ အမ်ားႀကီး လုပ္ျပဖို႔ လိုအပ္ေနပါတယ္။