အာဆင်နယ်ရဲ့ မျက်ကွယ်ပြုခြင်း ခံထားရတဲ့ ကွင်းလယ် ကစားသမား အိုဇေးဟာ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ကိစ္စ ပြောဆိုဆွေးနွေးမှုများ စတင်နေပြီ ဖြစ်ပါတယ်။
နောဝစ် ကွင်းလယ် ကစားသမား ဘူရန်ဒီယာကတော့ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ အရမ်း စိတ်အားထက်သန်တယ် လို့ ဆိုစေကာမူ ဇန်နဝါရီမှာ အသင်းပြောင်းဖြစ်ဦးမှာ မဟုတ်ဘူးလို့ ငြင်းဆိုကာ အာဆင်နယ်ရဲ့ မျှော်လင့်ချက်တွေကို ပယ်ချလိုက်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ အငှားခေါ်ထားတဲ့ အာဆင်နယ် ကွင်းလယ်သမား တော်ရဲရားကို လုံလောက်တဲ့ ပွဲ ကစားချိန် မပေးတာကြောင့် ဂန်းနားတို့ ဘက်က အမျက်ထွက်နေပါတယ်။
အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်ကို ဂျီနိုအာ အသင်းက ခေါ်ယူလိုနေပြီး အာဆင်နယ်ကလည်း နွေမှာ စာချုပ်ကုန်ပြီး အလွတ်နဲ့ လက်လွှတ်ရမှာထက် ဆိုကရေးတစ်ကို ဇန်နဝါရီမှာ ရောင်းချလိုနေပါတယ်။
အီဂျစ်သား ကွင်းလယ် ကစားသမား အယ်နီနီ ကို ဘက်ဆစ်တပ် အသင်းက ဒုတိယ အကြိမ် အငှား ပြန်ခေါ်လိုပေမယ့် အာဆင်နယ်ကတော့ ဒီလထဲမှာ ထွက်ခွာခွင့် ပြုဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပေါင် ၂၇ သန်း သုံးပြီး ခေါ်ယူထားတဲ့ ခံစစ်မှူး ဝီလီယံ ဆာလီဘာ ကို အသင်းမှာလည်း မသုံးနိုင်ဘဲ အငှားပြန်လွှတ်လိုက်တဲ့ အာဆင်နယ်ရဲ့ ဆုံးဖြတ်ချက်တွေက ငွေဖြုန်းနေတာ သက်သက်ပဲ လို့ ရီယိုဖာဒီနန်က ဖေဝန်လိုက်ပါတယ်။

Zawgyi – အာဆင္နယ္ရဲ႕ မ်က္ကြယ္ျပဳျခင္း ခံထားရတဲ့ ကြင္းလယ္ ကစားသမား အိုေဇးဟာ ေမဂ်ာလိဂ္ကလပ္ ဒီစီ ယူနိုက္တက္နဲ႕ အေျပာင္းအေရႊ႕ ကိစၥ ေျပာဆိုေဆြးေႏြးမႈမ်ား စတင္ေနျပီ ျဖစ္ပါတယ္။
ေနာ၀စ္ ကြင္းလယ္ ကစားသမား ဘူရန္ဒီယာကေတာ့ ပရီးမီးယားလိဂ္မွာ ျပန္ကစားဖို႔ အရမ္း စိတ္အားထက္သန္တယ္ လို႔ ဆိုေစကာမူ ဇန္န၀ါရီမွာ အသင္းေျပာင္းျဖစ္ဦးမွာ မဟုတ္ဘူးလို႔ ျငင္းဆိုကာ အာဆင္နယ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ပယ္ခ်လိုက္ပါတယ္။
အက္သလက္တီကို မက္ဒရစ္အသင္းဟာ အငွားေခၚထားတဲ့ အာဆင္နယ္ ကြင္းလယ္သမား ေတာ္ရဲရားကို လံုေလာက္တဲ့ ပြဲ ကစားခ်ိန္ မေပးတာေၾကာင့္ ဂန္းနားတို႔ ဘက္က အမ်က္ထြက္ေနပါတယ္။
အာဆင္နယ္ ခံစစ္မွဴး ဆိုကေရးတစ္ကို ဂ်ီနိုအာ အသင္းက ေခၚယူလိုေနျပီး အာဆင္နယ္ကလည္း ေႏြမွာ စာခ်ဳပ္ကုန္ျပီး အလြတ္နဲ႔ လက္လႊတ္ရမွာထက္ ဆိုကေရးတစ္ကို ဇန္န၀ါရီမွာ ေရာင္းခ်လိုေနပါတယ္။
အီဂ်စ္သား ကြင္းလယ္ ကစားသမား အယ္နီနီ ကို ဘက္ဆစ္တပ္ အသင္းက ဒုတိယ အၾကိမ္ အငွား ျပန္ေခၚလိုေပမယ့္ အာဆင္နယ္ကေတာ့ ဒီလထဲမွာ ထြက္ခြာခြင့္ ျပဳဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။
ေပါင္ ၂၇ သန္း သံုးျပီး ေခၚယူထားတဲ့ ခံစစ္မွဴး ၀ီလီယံ ဆာလီဘာ ကို အသင္းမွာလည္း မသံုးနုိင္ဘဲ အငွားျပန္လႊတ္လိုက္တဲ့ အာဆင္နယ္ရဲ႕ ဆံုးျဖတ္ခ်က္ေတြက ေငြျဖဳန္းေနတာ သက္သက္ပဲ လို႔ ရီယိုဖာဒီနန္က ေဖ၀န္လိုက္ပါတယ္။
