အရင်က ဘရူနိုဖာနန်ဒက်စ်ဟာ ချီးကျူးမှုတွေအများကြီးခံခဲ့ရပြီး ကန်တိုနာနဲ့တောင် ခိုင်းနှိုင်းခံခဲ့ရပေမယ့် စီးတီးနဲ့ အရေးကြီးတဲ့ပွဲမှာ အသင်းအတွက် ဘာမှ လုပ်မပေးနိုင်တာက ထိပ်တန်းကစားသမားမဟုတ်ဘူးလို့ ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆိုးရှားလက်အောက် ၄ကြိမ်ဆက် ဆီမီးဖိုင်နယ် ရှုံးပွဲတွေ့ခဲ့တဲ့နောက် အသင်းဖော်တွေအနေနဲ့ ဒီရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ပွဲကြီးတွေမှာ အသေးစိတ်ကအစ အမှားမရှိအောင် ဂရုစိုက်ဖို့လိုတယ်လို့ပေါ့ဘာက သတိပေးခဲ့ပါတယ်။
ဆီမီးဖိုင်နယ် ၄ ကြိမ်ဆက် ရှုံးတာက အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဆိုးရှားက ငြင်းပယ်ခဲ့ပြီး သူတို့ဟာ မန်စီးတီးကို ရင်ဆိုင်ရာမှာ လုံလောက်တဲ့ကောင်းမွန်မှု မရှိခဲ့တာကြောင့် ရှုံးခဲ့ရတာပါလို့ ပြောဆိုခဲ့ပါတယ်။
ပွဲအတွင်းမှာ ယူနိုက်တက်က အခွင့်အရေးဖန်တီးဖို့ ရုန်းကန်ခဲ့ရပေမယ့် ၇၅မိနစ်ကျမှ လူစားလဲခဲ့တဲ့အပေါ် ဆိုးရှားက ဖြေရှင်းချက်ပေးခဲ့ပြီး စီးတီးကို လူစားလဲရအောင် ဖိအားပေးခဲ့တဲ့ သူ့ရဲ့ ပွဲထွက် ၁၁ ယောက်အပေါ် ယုံကြည်မှုရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကြားရက်မှာ ယှဉ်ပြိုင်မယ့် ဘန်လေနဲ့ပွဲကို အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် နံပါတ် ၁ နေရာကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မနှစ်ကထက် အတော်လေး တိုးတက်လာခဲ့တယ်လို့ ဆိုးရှားက ထင်နေပေမယ့် တည်ကန်ဘောတွေမှာ စီးတီးကိုယှဉ်ဖို့ မလုံလောက်ခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး စီးတီးက အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ ချီးကျူးခဲ့ကာ လီဗာပူးကို ပါးပါးပုတ်ခဲ့ပါတယ်။
ရုန်းကန်နေရတဲ့ အသင်းကိုဆွဲမခေါ်နိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် ဆိုးရှားကတော့ သူ့ကို ကာကွယ်ပေးခဲ့ပြီး အသင်းကောင်းတွေနဲ့ တွေ့တဲ့အခါ တစ်သင်းလုံးက အခွင့်အရေးဖန်တီးနိုင်မှရမယ်လို့ ပြောဆိုခဲ့ပါတယ်။
စီးတီးကိုရှုံးခဲ့တဲ့နောက် ယူနိုက်တက်ဟာ တည်ကန်ဘောတွေ ကာကွယ်ရာမှာ လုံလောက်မှုမရှိသေးဘူးလို့ ဆိုးရှားက ဝန်ခံခဲ့ပေမယ့် အသင်းဟာ ဆုဖလားတွေနဲ့ ပိုနီးစပ်လာနေပြီး အများကြီးပိုကောင်းလာတာကြောင့် အကောင်းမြင်စရာရှိတယ်လို့ ဆိုပါတယ်။
ဘရန်ဒန်ဝီလီယံဟာ မနှစ်က ပုံမှန်ကစားသမားဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ ၅ ပွဲသာ ကစားခွင့်ရခဲ့တဲ့နောက် ဆောက်သမ်တန်က သူ့ကို ခေါ်ယူဖို့ အလိုရှိနေပေမယ့် ယူနိုက်တက်က သူ့ကို အငှားချဖို့ မဆုံးဖြတ်ရသေးတာကြောင့် စောင့်ဆိုင်းနေပါတယ်။

ZAWGYI – အရင္က ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ခ်ီးက်ဴးမႈေတြအမ်ားႀကီးခံခဲ့ရၿပီး ကန္တိုနာနဲ႔ေတာင္ ခိုင္းႏႈိင္းခံခဲ့ရေပမယ့္ စီးတီးနဲ႔ အေရးႀကီးတဲ့ပြဲမွာ အသင္းအတြက္ ဘာမွ လုပ္မေပးႏိုင္တာက ထိပ္တန္းကစားသမားမဟုတ္ဘူးလို႔ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဆိုးရွားလက္ေအာက္ ၄ႀကိမ္ဆက္ ဆီမီးဖိုင္နယ္ ရႈံးပြဲေတြ႕ခဲ့တဲ့ေနာက္ အသင္းေဖာ္ေတြအေနနဲ႔ ဒီရႈံးနိမ့္မႈေတြကေန သင္ခန္းစာယူၿပီး ပြဲႀကီးေတြမွာ အေသးစိတ္ကအစ အမွားမရွိေအာင္ ဂ႐ုစိုက္ဖို႔လိုတယ္လို႔ေပါ့ဘာက သတိေပးခဲ့ပါတယ္။
ဆီမီးဖိုင္နယ္ ၄ ႀကိမ္ဆက္ ရႈံးတာက အသင္းသားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစႏိုင္တယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ဆိုးရွားက ျငင္းပယ္ခဲ့ၿပီး သူတို႔ဟာ မန္စီးတီးကို ရင္ဆိုင္ရာမွာ လုံေလာက္တဲ့ေကာင္းမြန္မႈ မရွိခဲ့တာေၾကာင့္ ရႈံးခဲ့ရတာပါလို႔ ေျပာဆိုခဲ့ပါတယ္။
ပြဲအတြင္းမွာ ယူႏိုက္တက္က အခြင့္အေရးဖန္တီးဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ၇၅မိနစ္က်မွ လူစားလဲခဲ့တဲ့အေပၚ ဆိုးရွားက ေျဖရွင္းခ်က္ေပးခဲ့ၿပီး စီးတီးကို လူစားလဲရေအာင္ ဖိအားေပးခဲ့တဲ့ သူ႔ရဲ႕ ပြဲထြက္ ၁၁ ေယာက္အေပၚ ယုံၾကည္မႈရွိခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ၾကားရက္မွာ ယွဥ္ျပိဳင္မယ့္ ဘန္ေလနဲ႔ပြဲကို အႏုိင္ရမယ္ဆိုရင္ ပရီးမီးယားလိဂ္ နံပါတ္ ၁ ေနရာကို လြတ္လြတ္ကၽြတ္ကၽြတ္ ဦးေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ မႏွစ္ကထက္ အေတာ္ေလး တိုးတက္လာခဲ့တယ္လို႔ ဆိုးရွားက ထင္ေနေပမယ့္ တည္ကန္ေဘာေတြမွာ စီးတီးကိုယွဥ္ဖို႔ မလုံေလာက္ခဲ့ဘူးလို႔ ဝန္ခံခဲ့ၿပီး စီးတီးက အဂၤလန္ရဲ႕အေကာင္းဆုံးအသင္းျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ကာ လီဗာပူးကို ပါးပါးပုတ္ခဲ့ပါတယ္။
႐ုန္းကန္ေနရတဲ့ အသင္းကိုဆြဲမေခၚႏိုင္ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္အေပၚ ေဝဖန္မႈေတြ ရွိေနေပမယ့္ ဆိုးရွားကေတာ့ သူ႔ကို ကာကြယ္ေပးခဲ့ၿပီး အသင္းေကာင္းေတြနဲ႔ ေတြ႕တဲ့အခါ တစ္သင္းလုံးက အခြင့္အေရးဖန္တီးႏိုင္မွရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
စီးတီးကိုရႈံးခဲ့တဲ့ေနာက္ ယူႏိုက္တက္ဟာ တည္ကန္ေဘာေတြ ကာကြယ္ရာမွာ လုံေလာက္မႈမရွိေသးဘူးလို႔ ဆိုးရွားက ဝန္ခံခဲ့ေပမယ့္ အသင္းဟာ ဆုဖလားေတြနဲ႔ ပိုနီးစပ္လာေနၿပီး အမ်ားႀကီးပိုေကာင္းလာတာေၾကာင့္ အေကာင္းျမင္စရာရွိတယ္လို႔ ဆိုပါတယ္။
ဘရန္ဒန္ဝီလီယံဟာ မႏွစ္က ပုံမွန္ကစားသမားျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာ ၅ ပြဲသာ ကစားခြင့္ရခဲ့တဲ့ေနာက္ ေဆာက္သမ္တန္က သူ႔ကို ေခၚယူဖို႔ အလိုရွိေနေပမယ့္ ယူႏိုက္တက္က သူ႔ကို အငွားခ်ဖို႔ မဆုံးျဖတ္ရေသးတာေၾကာင့္ ေစာင့္ဆိုင္းေနပါတယ္။
