အာဆင်နယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ပထမဆုံး ခေါ်ယူမှု အဖြစ် ဒီအပတ်ထဲမှာပဲ ဟယ်သာဘာလင် ဗဟိုခံစစ်မှူး အိုမာ ရီကစ်ကို အပြီးသတ် ခေါ်နိုင်ဖို့ ရှိနေပါတယ်။ အသက် ၁၉ နှစ် အရွယ် တူနီးရှားသားအတွက် ပေါင် ၉ သိန်း ပြောင်းရွှေ့ကြေး သုံးရမှာ ဖြစ်ပါတယ်။
ဖီနာဘာချီအသင်း၊ ဒီစီယူနိုက်တက် အသင်းတို့နဲ့ ချိတ်ဆက်မှုတွေ ရှိထားတဲ့ မီဆွတ် အိုဇေးလ်ရဲ့ အနာဂတ် ကိစ္စကို လာမယ့် ၁၀ ရက် အတွက် ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း အိုဇေးလ် အေးဂျင့်ကတော့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသင်း အဝတ်လဲခန်းမှာ လွှမ်းမိုးမှု ရှိတဲ့ စီနီယာအသင်းသား တချို့ကလည်း တစ်ပတ် လုပ်ခ ပေါင် ၃သိန်းခွဲ ပေးနေရတဲ့ အိုဇေးလ်ကို ရှင်းပစ်ချင်တဲ့ အာဆင်နယ်နဲ့ အာတီတာရဲ့ လုပ်ရပ်ကို ထောက်ခံ အားပေးနေတယ်လို့ သိရပါတယ်။
အာဆင်နယ် အသင်း မန်နေဂျာ အာတီတာဟာ စမစ် ရိုဝီကို စီနီယာ အသင်းကြီးထံ မိတ်ဆက် အခွင့်အရေး ပေးခဲ့တဲ့ အပေါ် အီယန်ရိုက်က ချီးကျူးစကား ဆိုခဲ့ပါတယ်။
နိုက်စ် အသင်းထံ အငှားထွက် ကစားပြီ ဖြစ်တဲ့ ဝီလီယံ ဆာလီဘာဟာ ပွဲဦးထွက် ပွဲထွက်စာရင်းမှာ ယုံကြည်စွာ နေရာပေးခံခဲ့ရသော်လည်း ကံမကောင်းစွာဘဲ ထိုပွဲမှာ ဘရက်စ်အသင်းကို ၂-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
CIES က နောက်ဆုံးထုတ်ပြန်တဲ့ ကစားသမား တန်ကြေးစာရင်းမှာ ဂန်းနားလူငယ်လေး ဆာကာက ပေါင် ၁၀၅.၃ သန်း ဈေးပေါက်နေပြီး နာမည်ကျော် တိုက်စစ်မှူး ကိန်းထက်ပါ ဈေးမြင့်နေပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလ ပထမဆံုး ေခၚယူမႈ အျဖစ္ ဒီအပတ္ထဲမွာပဲ ဟယ္သာဘာလင္ ဗဟိုခံစစ္မွဴး အိုမာ ရီကစ္ကို အျပီးသတ္ ေခၚနိုင္ဖုိ႔ ရွိေနပါတယ္။ အသက္ ၁၉ နွစ္ အရြယ္ တူနီးရွားသားအတြက္ ေပါင္ ၉ သိန္း ေျပာင္းေရႊ႕ေၾကး သံုးရမွာ ျဖစ္ပါတယ္။
ဖီနာဘာခ်ီအသင္း၊ ဒီစီယူနိုက္တက္ အသင္းတို႔နဲ႕ ခ်ိတ္ဆက္မႈေတြ ရွိထားတဲ့ မီဆြတ္ အိုေဇးလ္ရဲ႕ အနာဂတ္ ကိစၥကို လာမယ့္ ၁၀ ရက္ အတြက္ ဆံုးျဖတ္သြားမွာ ျဖစ္ေၾကာင္း အိုေဇးလ္ ေအးဂ်င့္ကေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အသင္း အ၀တ္လဲခန္းမွာ လႊမ္းမိုးမႈ ရွိတဲ့ စီနီယာအသင္းသား တခ်ိဳ႕ကလည္း တစ္ပတ္ လုပ္ခ ေပါင္ ၃သိန္းခြဲ ေပးေနရတဲ့ အိုေဇးလ္ကို ရွင္းပစ္ခ်င္တဲ့ အာဆင္နယ္နဲ႕ အာတီတာရဲ႕ လုပ္ရပ္ကို ေထာက္ခံ အားေပးေနတယ္လို႔ သိရပါတယ္။
အာဆင္နယ္ အသင္း မန္ေနဂ်ာ အာတီတာဟာ စမစ္ ရို၀ီကို စီနီယာ အသင္းၾကီးထံ မိတ္ဆက္ အခြင့္အေရး ေပးခဲ့တဲ့ အေပၚ အီယန္ရိုက္က ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
နိုက္စ္ အသင္းထံ အငွားထြက္ ကစားျပီ ျဖစ္တဲ့ ၀ီလီယံ ဆာလီဘာဟာ ပြဲဦးထြက္ ပြဲထြက္စာရင္းမွာ ယံုၾကည္စြာ ေနရာေပးခံခဲ့ရေသာ္လည္း ကံမေကာင္းစြာဘဲ ထိုပြဲမွာ ဘရက္စ္အသင္းကို ၂-၀ နဲ႕ အေရးနိမ့္သြားခဲ့ပါတယ္။
CIES က ေနာက္ဆံုးထုတ္ျပန္တဲ့ ကစားသမား တန္ေၾကးစာရင္းမွာ ဂန္းနားလူငယ္ေလး ဆာကာက ေပါင္ ၁၀၅.၃ သန္း ေစ်းေပါက္ေနျပီး နာမည္ေက်ာ္ တိုက္စစ္မွဴး ကိန္းထက္ပါ ေစ်းျမင့္ေနပါတယ္။
