ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (07/01/21)

ဆိုးရှား အနေနဲ့ ဖိအားတွေကို ရှောင်လွှဲဖို့ ဆို မန်ချက်စတာယူနိုက်တက် အတွက် ဆုဖလား တစ်ခုခု ရအောင် ယူဆောင်ပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း နဗီးလ်က ပြောဆိုလိုက်ပါတယ်။

အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဂျက် ဂရေးလစ်ချ်ဟာ ထူးရှယ် ကစားသမား တစ်ဦး ဖြစ်ပေမယ့် ယူနိုက်တက် နဲ့တော့ အံဝင်မယ့် သူ မဟုတ်ကြောင်း သရဲနီဟောင်း အန်ဒီကိုးလ်က သတိပေးလိုက်ပါတယ်။

စီးတီးနဲ့ ပွဲမှာ ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် အပေါ် ဝေဖန်နေကြပေမယ့် ဆိုးရှားကတော့ အခွင့်အရေး ဖန်တီးဖို့ ဘရူနို တစ်ဦးတည်းသာ တာဝန်ယူရမှာ မဟုတ်ဘဲ အသင်းဖော်တွေကလည်း လုပ်ဆောင်သင့်တယ်လို့ ကာကွယ်သွားခဲ့ပါတယ်။

နည်းပြ ဆိုးရှားရဲ့ အသွင်သစ် ကလပ်အသင်း တည်ဆောက်မှုမှာ တကယ် ပါဝင်ချင်တယ် ဆိုရင် ရှုံးပွဲ အတွက် စိတ်ပျက် အားငယ်နေချိန် မရှိဘဲ ယူနိုက်တက် အသင်းသားတွေ အားလုံး အနေနဲ့ တစ်ဆင့်တက်ပြီး ကြိုးစား အားထုတ်ရမှာ ဖြစ်ကြောင်း ပေါ့ဘာက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အရန် ဂိုးသမားကြီး ဆာဂျီရို ရိုမဲရိုးက ဒီလထဲ အသင်းပြောင်းရွှေ့ ထွက်ခွာဖွယ် ရှိနေပြီး မန်ချက်စတာမှ ဝန်ထမ်းအချို့ ကို နှုတ်ဆက် စကား ဆိုခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် အနေနဲ့ ယူရိုပြိုင်ပွဲ မှာ နိုင်ငံအသင်းနဲ့ အတူ ပါဝင်ကစားခွင့် မထိခိုက်ချင်ရင် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာသင့်ကြောင်း နယ်သာလန် ကွင်းလယ်ဟောင်း ရိုနယ် ဒီဘိုးဝါးက သတိပေးလိုက်ပါတယ်။

Zawgyi – ဆိုးရွား အေနနဲ႕ ဖိအားေတြကို ေရွာင္လႊဲဖို႔ ဆို မန္ခ်က္စတာယူနိုက္တက္ အတြက္ ဆုဖလား တစ္ခုခု ရေအာင္ ယူေဆာင္ေပးဖို႔ လိုအပ္ေနျပီ ျဖစ္ေၾကာင္း နဗီးလ္က ေျပာဆိုလိုက္ပါတယ္။

အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ကြင္းလယ္ ကစားသမား ဂ်က္ ဂေရးလစ္ခ်္ဟာ ထူးရွယ္ ကစားသမား တစ္ဦး ျဖစ္ေပမယ့္ ယူနိုက္တက္ နဲ႕ေတာ့ အံ၀င္မယ့္ သူ မဟုတ္ေၾကာင္း သရဲနီေဟာင္း အန္ဒီကိုးလ္က သတိေပးလိုက္ပါတယ္။

စီးတီးနဲ႔ ပြဲမွာ ပံုမွန္ ေျခစြမ္းေအာက္ ေရာက္ေနခဲ့တဲ့ ဘရူနို ဖာနန္ဒက္စ္ အေပၚ ေ၀ဖန္ေနၾကေပမယ့္ ဆုိးရွားကေတာ့ အခြင့္အေရး ဖန္တီးဖို႔ ဘရူနို တစ္ဦးတည္းသာ တာ၀န္ယူရမွာ မဟုတ္ဘဲ အသင္းေဖာ္ေတြကလည္း လုပ္ေဆာင္သင့္တယ္လို႔ ကာကြယ္သြားခဲ့ပါတယ္။

နည္းျပ ဆိုးရွားရဲ႕ အသြင္သစ္ ကလပ္အသင္း တည္ေဆာက္မႈမွာ တကယ္ ပါ၀င္ခ်င္တယ္ ဆိုရင္ ရွံဳးပြဲ အတြက္ စိတ္ပ်က္ အားငယ္ေနခ်ိန္ မရွိဘဲ ယူနိုက္တက္ အသင္းသားေတြ အားလံုး အေနနဲ႕ တစ္ဆင့္တက္ျပီး ၾကိဳးစား အားထုတ္ရမွာ ျဖစ္ေၾကာင္း ေပါ့ဘာက တုိက္တြန္းေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ အရန္ ဂိုးသမားၾကီး ဆာဂ်ီရို ရိုမဲရိုးက ဒီလထဲ အသင္းေျပာင္းေရႊ႕ ထြက္ခြာဖြယ္ ရွိေနျပီး မန္ခ်က္စတာမွ ၀န္ထမး္အခ်ိဳ႕ ကို ႏႈတ္ဆက္ စကား ဆိုခဲ့ျပီး ျဖစ္ေၾကာင္း သိရပါတယ္။

ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ အေနနဲ႕ ယူရိုျပိဳင္ပြဲ မွာ နုိင္ငံအသင္းနဲ႕ အတူ ပါ၀င္ကစားခြင့္ မထိခိုက္ခ်င္ရင္ မန္ခ်က္စတာ ယူနိုက္တက္ ကေန ထြက္ခြာသင့္ေၾကာင္း နယ္သာလန္ ကြင္းလယ္ေဟာင္း ရိုနယ္ ဒီဘိုး၀ါးက သတိေပးလိုက္ပါတယ္။