ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (08/01/21)

လမ်းပတ်ဟာ ကစားသမားဘဝအတွင်း ဥရောပကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ချယ်ဆီးမှာပဲ အထိုင်ကျခဲ့တဲ့နောက် နည်းပြဘဝနဲ့ ပြည်ပကလပ်ကို ထွက်ခွာဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး ဘာစီလိုနာကိုနည်းပြဖို့ စိတ်ကူးရှိနေပါတယ်။

ချယ်ဆီးနောက်ခံလူ ဘာဘာရာမန်ဟာ ဒီရာသီ စီနီယာအသင်းအတွက် တစ်ပွဲမှ မကစားရသေးတာဖြစ်ပြီး ပြည်ပကလပ်၂ခုရဲ့ စိတ်ဝင်စားမှုကို ရနေတာနဲ့ အတူ ဒီလထဲမှာ အငှားထွက်ကစားဖို့ ပြောဆိုဆွေးနွေးမှုတွေက အဆင်ပြေနေပြီလို့ သိရပါတယ်။

လမ်းပတ်အနေနဲ့ ရိုမန်အေဗရာမိုဗစ်ခ်ျရဲ့ ထုတ်ပယ်မခံရဖို့အတွက် တိုက်ပွဲဝင်စိတ်ဓာတ် အမြင့်ဆုံးအဆင့်မှာ အမြဲတမ်း ရှိနေရမှာဖြစ်ပြီး ကိုယ့်မှာ ရှိတဲ့အရာတွေကို ကောင်းကောင်း အသုံးချဖို့လိုတယ်လို့ နည်းပြဟောင်း အေဗရမ်ဂရန့်က အကြံပေးခဲ့ပါတယ်။

လမ်းပတ်ဟာ ဒီကလန်ရိုက်စ်ကိုခေါ်ယူဖို့ စိတ်အားထက်သန်ပေမယ့် ကလပ်ရဲ့ အကြီးအကဲတွေကတော့ ဝက်စ်ဟမ်းကွင်းလယ်လူဟာ ထိပ်တန်းကလပ် အဆင့်နဲ့အညီ လိုအပ်တဲ့ အရည်အသွေးရှိရဲ့လားဆိုတာ သံသယဖြစ်နေတယ်လို့ သိရပါတယ်။

စထရက်ဘော့မှာ ခြေစွာနေတဲ့ မိုဟာမက် ဆီမာကန်ဟာ ချယ်ဆီးရဲ့ စောင့်ကြည့်မှုကို ခံနေရသလို ဒီလထဲမှာ အသင်းပြောင်းဖို့ ရှိနေပြီး အေစီမီလန်ရဲ့ ယူရို၁၈သန်း ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတဲ့နောက် ချယ်ဆီးအနေနဲ့ ယူရိုသန်း၂၀ နဲ့ ကမ်းလှမ်းရင်သူ့ကိုခေါ်ယူနိုင်မှာပါ။

မိုရီကမ်ဘီနဲ့ပွဲမတိုင်ခင် ပထမအသင်းရဲ့ လေ့ကျင့်ရေးမှာ လမ်းပတ်ဟာ လူငယ်ကစားသမား ၅ ယောက်ကို ပါဝင်စေခဲ့ပြီး တီနို အန်ဂျိုရင်၊ လီဝစ်ဘိတ်၊ ဟင်နရီ လောရန့်စ်၊ လီဗရာမန်တို၊ ဆွန်းဆပ်ဘဲလ်တို့ဟာ FAဖလားပွဲမှာ အခွင့်အရေး ရရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ကွင်းလယ်လူကန်တေဟာ နေရာပျောက်နေခဲ့တာဖြစ်ပြီး ဒီနောက်ပိုင်း ချယ်ဆီးရဲ့ ရုန်းကန်ရမှုအတွင်း ခြေစွမ်းကျဆင်းနေခဲ့တဲ့ ကစားသမားများစွာထဲမှာ သူလဲ အပါအဝင်ဖြစ်ခဲ့တယ်လို့ အီယန်ရိုက်က ဝေဖန်ခဲ့ပါတယ်။

ချယ်ဆီးဟာ နောက်တစ်ပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်၊ လက်စတာတို့နဲ့ တွေ့ဆုံရမှာ ဖြစ်ပြီးအဲ့ဒီ့ပွဲတွေမှာ ရလဒ်ကောင်းရရှိဖို့ အရေးကြီးနေသလို ဒီတစ်ပတ် မိုရီကမ်ဘီနဲ့ အက်ဖ်အေဖလားပွဲမှာ အဓိကကစားသမားတွေကို အနားပေးသွားဖို့ရှိပါတယ်။

Zawgyi – လမ္းပတ္ဟာ ကစားသမားဘဝအတြင္း ဥေရာပကလပ္မ်ားစြာရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့ေပမယ့္ ခ်ယ္ဆီးမွာပဲ အထိုင္က်ခဲ့တဲ့ေနာက္ နည္းျပဘဝနဲ႔ ျပည္ပကလပ္ကို ထြက္ခြာဖို႔ ဆႏၵရွိေနဆဲျဖစ္ၿပီး ဘာစီလိုနာကိုနည္းျပဖို႔ စိတ္ကူးရွိေနပါတယ္။

ခ်ယ္ဆီးေနာက္ခံလူ ဘာဘာရာမန္ဟာ ဒီရာသီ စီနီယာအသင္းအတြက္ တစ္ပြဲမွ မကစားရေသးတာျဖစ္ၿပီး ျပည္ပကလပ္၂ခုရဲ႕ စိတ္ဝင္စားမႈကို ရေနတာနဲ႔ အတူ ဒီလထဲမွာ အငွားထြက္ကစားဖို႔ ေျပာဆိုေဆြးေႏြးမႈေတြက အဆင္ေျပေနၿပီလို႔ သိရပါတယ္။

လမ္းပတ္အေနနဲ႔ ႐ိုမန္ေအဗရာမိုဗစ္ခ္်ရဲ႕ ထုတ္ပယ္မခံရဖို႔အတြက္ တိုက္ပြဲဝင္စိတ္ဓာတ္ အျမင့္ဆုံးအဆင့္မွာ အၿမဲတမ္း ရွိေနရမွာျဖစ္ၿပီး ကိုယ့္မွာ ရွိတဲ့အရာေတြကို ေကာင္းေကာင္း အသုံးခ်ဖို႔လိုတယ္လို႔ နည္းျပေဟာင္း ေအဗရမ္ဂရန႔္က အႀကံေပးခဲ့ပါတယ္။

လမ္းပတ္ဟာ ဒီကလန္႐ိုက္စ္ကိုေခၚယူဖို႔ စိတ္အားထက္သန္ေပမယ့္ ကလပ္ရဲ႕ အႀကီးအကဲေတြကေတာ့ ဝက္စ္ဟမ္းကြင္းလယ္လူဟာ ထိပ္တန္းကလပ္ အဆင့္နဲ႔အညီ လိုအပ္တဲ့ အရည္အေသြးရွိရဲ႕လားဆိုတာ သံသယျဖစ္ေနတယ္လို႔ သိရပါတယ္။

စထရက္ေဘာ့မွာ ေျခစြာေနတဲ့ မိုဟာမက္ ဆီမာကန္ဟာ ခ်ယ္ဆီးရဲ႕ ေစာင့္ၾကည့္မႈကို ခံေနရသလို ဒီလထဲမွာ အသင္းေျပာင္းဖို႔ ရွိေနၿပီး ေအစီမီလန္ရဲ႕ ယူ႐ို၁၈သန္း ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရတဲ့ေနာက္ ခ်ယ္ဆီးအေနနဲ႔ ယူ႐ိုသန္း၂၀ နဲ႔ ကမ္းလွမ္းရင္သူ႔ကိုေခၚယူႏိုင္မွာပါ။

မိုရီကမ္ဘီနဲ႔ပြဲမတိုင္ခင္ ပထမအသင္းရဲ႕ ေလ့က်င့္ေရးမွာ လမ္းပတ္ဟာ လူငယ္ကစားသမား ၅ ေယာက္ကို ပါဝင္ေစခဲ့ၿပီး တီႏို အန္ဂ်ိဳရင္၊ လီဝစ္ဘိတ္၊ ဟင္နရီ ေလာရန႔္စ္၊ လီဗရာမန္တို၊ ဆြန္းဆပ္ဘဲလ္တို႔ဟာ FAဖလားပြဲမွာ အခြင့္အေရး ရရွိႏိုင္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က မန္စီးတီးကို ၃-၁ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ကြင္းလယ္လူကန္ေတဟာ ေနရာေပ်ာက္ေနခဲ့တာျဖစ္ၿပီး ဒီေနာက္ပိုင္း ခ်ယ္ဆီးရဲ႕ ႐ုန္းကန္ရမႈအတြင္း ေျခစြမ္းက်ဆင္းေနခဲ့တဲ့ ကစားသမားမ်ားစြာထဲမွာ သူလဲ အပါအဝင္ျဖစ္ခဲ့တယ္လို႔ အီယန္႐ိုက္က ေဝဖန္ခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ေနာက္တစ္ပတ္ ပရီးမီးယားလိဂ္မွာ ဖူလ္ဟမ္၊ လက္စတာတို႔နဲ႔ ေတြ႕ဆုံရမွာ ျဖစ္ၿပီးအဲ့ဒီ့ပြဲေတြမွာ ရလဒ္ေကာင္းရရွိဖို႔ အေရးႀကီးေနသလို ဒီတစ္ပတ္ မိုရီကမ္ဘီနဲ႔ အက္ဖ္ေအဖလားပြဲမွာ အဓိကကစားသမားေတြကို အနားေပးသြားဖို႔ရွိပါတယ္။