ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08/01/21)

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ဆီကို မျှော်လင့်ချက်ကြီးမားစွာနဲ့ ရောက်လာခဲ့ပေမယ့် ၄လအတွင်း ၈ ပွဲသာ ပွဲထွက်ခဲ့ရပြီး စိတ်ပျက်စရာဖြစ်ခဲ့သလို သူ့အနေနဲ့ ကလပ်ကနေ စောစောစီးစီး ထွက်ခွာသွားမယ်ဆိုရင် အံ့ဩစရာမရှိဘူးလို့ ဘာဘာတော့က ဆိုပါတယ်။

မန်စီးတီးကို ဆီမီးဖိုင်နယ်မှာ ထပ်မံရှုံးနိမ့်ခဲ့တဲ့အတွက် ဝမ်းနည်းစိတ်ပျက်နေကြောင်း ဘရူနိုဖာနန်ဒက်စ်က ဝန်ခံခဲ့ပြီး မိမိတို့အနေနဲ့ ဆုဖလားတွေ အောင်မြင်ဖို့ ကြိုးစားမယ်ဆိုရင် ဒီလိုအမှားတွေ ထပ် လုပ်လို့မရတော့ဘူး လို့ ထောက်ပြခဲ့ပါတယ်။

မားကို့စ်ရိုဂျိုဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာနဲ့ ၂ နှစ်စာချုပ် သဘောတူညီမှု ရခဲ့တဲ့နောက် ယူနိုက်တက်ကို စွန့်ခွာဖို့နီးစပ်နေပြီဖြစ်ပေမယ့် ဘိုကာက သူ့ရဲ့ ပြောင်းရွှေ့ကြေးကို မပေးလိုတာကြောင့် အလွတ်နဲ့ ထွက်ခွာခွင့်ရဖို့ ကြိုးစားရမှာပါ။

ယူနိုက်တက် အငှားကစားသမား ပါရဲရားဟာ ပြီးခဲ့တဲ့ အောက်တိုဘာမှာ လာဇီယိုထံ ရောက်ခဲ့ပြီးနောက် ၂ပွဲသာ ပွဲထွက်ခဲ့ရပြီး သူ အလိုရှိ သလောက် ကစားချိန် မရခဲ့တာကြောင့် အငှားစာချုပ်ကိုဖျက်သိမ်းပြီး ယူနိုက်တက်ထံ ပြန်လာချင်နေပါတယ်။

ပြီးခဲ့တဲ့လက ဝက်ဖို့ဒ်ရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ရှစ္စကို မူညော့ဟာ အက်ဖ်အေဖလား တတိယအဆင့်မှာ ယူနိုက်တက်နဲ့ တွေ့ဆုံရမယ့်ပွဲအတွက် စိတ်အားထက်သန်နေပြီး မိမိတို့အနေနဲ့ သူတို့ကိုအနိုင်ယူဖို့ သားရဲတွေကို တိုက်ပွဲဝင်ရမယ်လို့ သတိပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ အတ္တလန္တာ ဆယ်ကျော်သက် ကစားသမား အာမက် ဒီရယ်လိုရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့တဲ့နောက် နည်းပြ ဆိုးရှားက မိမိတို့ဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်ခြေတက်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။

Zawgyi – ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ဆီကို ေမွ်ာ္လင့္ခ်က္ႀကီးမားစြာနဲ႔ ေရာက္လာခဲ့ေပမယ့္ ၄လအတြင္း ၈ ပြဲသာ ပြဲထြက္ခဲ့ရၿပီး စိတ္ပ်က္စရာျဖစ္ခဲ့သလို သူ႔အေနနဲ႔ ကလပ္ကေန ေစာေစာစီးစီး ထြက္ခြာသြားမယ္ဆိုရင္ အံ့ဩစရာမရွိဘူးလို႔ ဘာဘာေတာ့က ဆိုပါတယ္။

မန္စီးတီးကို ဆီမီးဖိုင္နယ္မွာ ထပ္မံရႈံးနိမ့္ခဲ့တဲ့အတြက္ ဝမ္းနည္းစိတ္ပ်က္ေနေၾကာင္း ဘ႐ူႏိုဖာနန္ဒက္စ္က ဝန္ခံခဲ့ၿပီး မိမိတို႔အေနနဲ႔ ဆုဖလားေတြ ေအာင္ျမင္ဖို႔ ႀကိဳးစားမယ္ဆိုရင္ ဒီလိုအမွားေတြ ထပ္ လုပ္လို႔မရေတာ့ဘူး လို႔ ေထာက္ျပခဲ့ပါတယ္။

မားကို႔စ္႐ိုဂ်ိဳဟာ အာဂ်င္တီးနားကလပ္ ဘိုကာဂ်ဴနီယာနဲ႔ ၂ ႏွစ္စာခ်ဳပ္ သေဘာတူညီမႈ ရခဲ့တဲ့ေနာက္ ယူႏိုက္တက္ကို စြန႔္ခြာဖို႔နီးစပ္ေနၿပီျဖစ္ေပမယ့္ ဘိုကာက သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို မေပးလိုတာေၾကာင့္ အလြတ္နဲ႔ ထြက္ခြာခြင့္ရဖို႔ ႀကိဳးစားရမွာပါ။

ယူႏိုက္တက္ အငွားကစားသမား ပါရဲရားဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာမွာ လာဇီယိုထံ ေရာက္ခဲ့ၿပီးေနာက္ ၂ပြဲသာ ပြဲထြက္ခဲ့ရၿပီး သူ အလိုရွိ သေလာက္ ကစားခ်ိန္ မရခဲ့တာေၾကာင့္ အငွားစာခ်ဳပ္ကိုဖ်က္သိမ္းၿပီး ယူႏိုက္တက္ထံ ျပန္လာခ်င္ေနပါတယ္။

ၿပီးခဲ့တဲ့လက ဝက္ဖို႔ဒ္ရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ရွစၥကို မူေညာ့ဟာ အက္ဖ္ေအဖလား တတိယအဆင့္မွာ ယူႏိုက္တက္နဲ႔ ေတြ႕ဆုံရမယ့္ပြဲအတြက္ စိတ္အားထက္သန္ေနၿပီး မိမိတို႔အေနနဲ႔ သူတို႔ကိုအႏိုင္ယူဖို႔ သားရဲေတြကို တိုက္ပြဲဝင္ရမယ္လို႔ သတိေပးခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အတၱလႏၲာ ဆယ္ေက်ာ္သက္ ကစားသမား အာမက္ ဒီရယ္လိုရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ခဲ့တဲ့ေနာက္ နည္းျပ ဆိုးရွားက မိမိတို႔ဟာ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး လူငယ္ေျခတက္ကို ေခၚယူႏိုင္ခဲ့ၿပီလို႔ ယုံၾကည္ေနပါတယ္။